Pages

Monday, February 16, 2015

တိုက်ပွဲများကြောင့် လောက်ကိုင်ဒေသမှ မန္တလေးမြို့သို့ ထွက်ပြေးလာသူ ထောင်ချီရှိ


RangonNewsDaily:: February . 15 .2015
အစိုးရတပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တို့ ကြား ဖေဖော်ဝါရီပထမပတ်မှ စတင်၍ နေ့စဉ်ရက်ဆက်ဖြစ် ပွားနေသည့် တိုက်ပွဲများကြောင့် လောက်ကိုင်ဒေသမှ စစ်ဘေး ရှောင် ထွက်ပြေးလာသူများ ဖေဖော်ဝါရီ ၁၃ ရက်ညမှစတင် ကာ မန္တလေးမြို့ ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးဝင်းသို့ ရောက်ရှိလာကြောင်း မန္တလေး တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။
တိုက်ပွဲများကြောင့် စစ် ဘေးရှောင်ထွက်ပြေးလာပြီး မန္တလေးမြို့သို့ ရောက်ရှိလာသူ ၁,၀၀၀ ခန့်ထိရှိပြီး အများစုမှာ မန္တလေး၊ မကွေးတိုင်း ဒေသ ကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မှ ဒေသခံများဖြစ်ကြသည်ဟု ဆို သည်။ ၎င်းတို့မှာ လောက်ကိုင် ဒေသရှိ စိုက်ပျိုးရေးနှင့် ဆောက် လုပ်ရေးလုပ်ငန်းများတွင် သွား ရောက် အလုပ်လုပ်ကိုင်ကြရာမှ တိုက်ပွဲများဖြစ်ပွားချိန်၌ ဆက်လက်အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိ တော့၍ ပြန်လည်ထွက်ပြေးလာ ကြခြင်းဖြစ်သည်ဟု မန္တလေးမြို့ သို့ ရောက်ရှိလာသူများက ပြော သည်။

‘‘ကျွန်တော်တို့နေတဲ့ လိုင်း ခန်းနံရံထိ ကျည်ဆန်တွေလာမှန် တယ်။ ဘယ်လိုမှ ဆက်မနေရဲ တော့လို့ လမ်းလျှောက်ပြီး ထွက် ပြေးလာကြတာ။ မြို့နဲ့အတော် ဝေးတဲ့အချိန်မှာ လာကြိုတဲ့ကား တွေတွေ့တယ်။ ကားတွေနဲ့ လား ရှိုးအထိလိုက်ခဲ့ပြီး လားရှိုးကနေ တစ်ဆင့် အခုမန္တလေးရောက်လာ တာ။ ထွက်ပြေးလာတဲ့သူတွေ များတယ်။ အခုချိန်လောက်ကိုင် မှာ လူနည်းနည်းပဲ ကျန်တော့ တယ်’’ ဟု လောက်ကိုင်တွင် ပန်းရန်လုပ်ငန်းလုပ်ကိုင်ရန်သွား ရောက်ခဲ့ပြီး ပြန်လည်ထွက်ပြေး လာသည့် လယ်ဝေးမြို့မှ ဦးစိုး ဌေးက ပြောသည်။
::
‘‘ခရီးစရိတ်နဲ့ စားစရိတ် အိမ်ကနေ ငွေတစ်သိန်းရင်းပြီး အလုပ်လုပ်ဖို့သွားတာ။ ခုနစ်ရက် ပဲ လုပ်ခဲ့ရတယ်။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတော့ ရတာ လေး လမ်းစရိတ်လုပ်ပြီး ပြန်လာ ရတာ’’ဟု လောက်ကိုင်ဒေသတွင် ကြံခုတ်လုပ်သားအဖြစ် သွား ရောက်လုပ်ကိုင်ခဲ့သည့် မကွေး တိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှ ဦးမောင်ပိုက ပြောသည်။

လက်ရှိတွင် လောက်ကိုင် မြို့၌ ဒေသခံအချို့သာ ကျန်ရှိ တော့ပြီး ပန်းရန်လုပ်ငန်း၊ ကြံခုတ် လုပ်ငန်းစသည်ဖြင့် လောက်ကိုင် ဒေသသို့ လာရောက်အလုပ်လုပ် ကိုင်နေကြသူ သိန်းချီသောလူ များ ထွက်ပြေးလာကြပြီ ဖြစ် သည်ဟု ဆိုသည်။
::
မန္တလေးမြို့သို့ ရောက်ရှိလာ သူများအား မန္တလေးတိုင်းဒေသ ကြီး လမ်းပန်းဆက်သွယ်ရေးဝန် ကြီးဌာန၊ ပို့/ဆက် ဦးစီးဌာန၊ ယာဉ်လိုင်းများကြီးကြပ်ရေးကော် မတီ(ယကက)၊ အထွေထွေအုပ် ချုပ်ရေး၊ ကားဝင်းအုပ်ချုပ်ရေး မှူး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် စည် ပင်သာယာ စသည့် အဖွဲ့များနှင့် မြို့ခံလူမှုကူညီရေး အသင်းအဖွဲ့ များ စုပေါင်းကာ လိုအပ်သည့် အကူအညီများ ပေးခဲ့ကြသည်။

မြန်မာအစိုးရတပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်နေ၍ လောက်ကိုင်ဒေသမှ စစ်ဘေးရှောင်သူများ ဖေဖော်ဝါရီ ၁၄ ရက်က မန္တလေးမြို့သို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ − မောင်တာ)

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment