Pages

Monday, February 16, 2015

ဒီမိုကရေစီပညာရေး ပင်မနှင့် ပဲခူး စစ်ကြောင်း ၂ ခု ပူးပေါင်းချီတက်


RangonNewsDaily:: February . 15 .2015
မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ဦးတည် ချီတက်လာခဲ့တဲ့ ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်းနဲ့ ပဲခူးစစ်ကြောင်းတို့ ပူးပေါင်း ချီတက်နေကြပါတယ်။
ဒီနေ့လယ် ၂ နာရီ အချိန်လောက်မှာ အုတ်ဖိုမြို့နဲ့ ကြို့ပင်ကောက် နယ်နိမိတ်အဆက် ပန်းပဲကုန်း ကျေးရွာထိပ်မှာ သပိတ်စစ်ကြောင်း ၂ ခု ပူးပေါင်းလိုက်ပြီး ဒီနေ့ည အုတ်ဖိုမြို့မှာ ညအိပ်ရပ်နားကြမှာ ဖြစ်ပါတယ်။
အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်နေကြတဲ့ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းတွေကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မဝင်ရောက်နိုင်ဖို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်တိုင်း ဒေသကြီး နယ်နိမိတ်အစပ်တွေမှာ သံဆူးကြိုးအကာအရံတွေ အသုံးပြုပြီး အင်အားသုံး ပိတ်ဆို့ ဟန့်တားဖို့ အသင့်ပြင်နေကြတယ်လို့ မျက်မြင်သက်သေတွေက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

ပဲခူးစစ်ကြောင်းမှာ ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်က ကျောင်းသူ ၁ ဦး၊ ကျောင်းသား ၁၄ ဦး ပါဝင်ပြီး အင်အားသုံး ပိတ်ဆို့ ဖယ်ရှားဖို့ ပြင်ဆင်နေတဲ့ အစိုးရကို ပင်မ သပိတ်စစ်ကြောင်းနဲ့ အတူတကွ ပူးပေါင်းရင်ဆိုင်ပြီး ရန်ကုန်အရောက် ချီတက်ဖို့ အခုလို ပူးပေါင်းလိုက်တာလို့ ပဲခူးစစ်ကြောင်း (ဗကသ) နဲ့ ပါဝင်လာတဲ့ ကျောင်းသား မျိုးကိုက ဒီဗွီဘီကို ပြောပါတယ်။
သပိတ်စစ်ကြောင်းတွေကို သာယာဝတီမြို့မှာ ပြည်သူတချို့နဲ့ စွမ်းအားရှင်တွေက တားဆီးသွားမယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။
::
အဲဒီအတားအဆီးတွေကို သပိတ်မှောက် ကျောင်းသားတွေက ကျော်ဖြတ်နိုင်ခဲ့မယ် ဆိုရင် လုံခြုံရေး လက်နက်ကိရိယာတွေ ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရနိုင်တယ်လို့ သာယာဝတီမြို့ခံတွေက ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။

DVB ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment