Pages

Wednesday, February 18, 2015

ရေနံချောင်း မြို့မဈေးကြီး မီးလောင် ဆိုင်ခန်းပေါင်း ၃၀၀ကျော် ဆုံးရှုံး


RangonNewsDaily:: February . 17 .2015
မကွေးတိုင်းဒေသကြီ ရေနံချောင်းမြို့မဈေးမှာ ဖေဖော်ဝါရီ ၁၇ရက်နေ့ မနက်အစောပိုင်း ၂နာရီ၁၅ မိနစ်က မီးလောင်မှု စတင်ဖြစ်ပွားပြီး မနက် ၅ နာရီကျော်လောက်မှ မီးညွှန့်ကျိုးသွားခဲ့ပါတယ်။ 
မြို့မဈေးကြီး အတွင်းပိုင်း ဆိုင်ခန်းအားလုံးနီးပါး ဈေးအရှေ့မြောက်၊ အနောက် တောင် ဆိုင်များ မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း ၃၀၀ကျော် ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။
::
မီးလောင်ရာကို ရေနံချောင်း၊ ချောက်၊ ကျောက်ပန်းတောင်း၊ မကွေး၊ ဂွေးချို၊ ဆိပ်ဖြူတို့က မီးသတ်ကားတွေ လာရောက်ငြိမ်းသတ်ခဲ့ကြပါတယ်။ ဘယ်ကနေ စတင်လောင်ကျွမ်းတယ်ဆိုတာကတော့ ခုချိန်ထိမသိရသေးပဲ စုံစမ်းနေဆဲပဲဖြစ်တယ်လို့ မကွေးတိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးက DVBကိုပြောပါတယ်။










သတင်းဓာတ်ပုံ – ဇော်ဖေ၊ အာကာမင်း
DVB ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment