Pages

Wednesday, February 18, 2015

လောက်ကိုင်ဒေသရှိ ပညာရေးဝန်ထမ်း ၁၀၀ ကျော် အဆက်အသွယ်မရသေး

RangonNewsDaily:: February . 17 .2015
လောက်ကိုင်ခရိုင်အတွင်း ပညာရေးဝန်ထမ်း ၈၀၀ ကျော်ရှိသည့်အနက် ၁၀၀ ကျော် မှာ တိုက်ပွဲဖြစ်ပွားပြီး ရှစ်ရက် မြောက်နေ့အထိ အဆက်အသွယ် မရသေးဘဲ မည်သည့်နေရာတွင် ရောက်နေသည်ကို မသိရသေး ကြောင်း ရှမ်းပြည်နယ် ပညာရေး ဦးစီးဌာနမှ သတင်းရရှိသည်။
လောက်ကိုင်ခရိုင်တစ်ခုလုံး ပညာရေးဝန်ထမ်းအရေအတွက် ၈၆၄ ဦးရှိပြီး ၇၀၀ ကျော်မှာ ကယ်ဆယ်ရေးစခန်းများနှင့် ၎င်း တို့၏ နီးစပ်ရာဆွေမျိုးများအိမ်သို့ ရောက်လာသော်လည်း ၁၀၀ ကျော်မှာမူ ဖေဖော်ဝါရီ ၁၆ ရက် အထိ ဆက်သွယ်၍မရသေး ကြောင်း ရှမ်းပြည်နယ် ပညာရေး ဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ကျွန်မတို့ စုံစမ်းဆဲပဲရှိသေး တယ်။ ဟိုမှာရှိနေတာလား၊ တပ် ထဲမှာရှိနေတာလားဆိုတာ ဒီက နေ့အထိ အဆက်အသွယ်မရ သေးတဲ့အခါကျတော့ ခိုင်ခိုင်လုံလုံပြောလို့မရဘူး။ စာရင်းအရ၁၀၀ ကျော်တော့ ကျန်နေသေး တယ်’’ ဟု ပြောသည်။
::
‘‘ဌာနကို သတင်းမပို့တဲ့သူ တွေလည်းရှိတယ်။ အဲဒါတွေ လည်းလိုက်ပြီးတော့ နီးစပ်ရာ ပေါ့နော်။ ကျွန်မတို့တော့ အဲဒီမှာ မြင်ခဲ့တယ်။ နောက်တစ်ယောက် ကလည်း မဟုတ်ဘူး။ ဟိုနားမှာမြင် ခဲ့တာ။ တစ်ယောက်တည်းကိုပဲ မြင်ရတဲ့နေရာကအမျိုးမျိုးဖြစ်နေ တယ်။ အဲဒီလိုဆိုတော့ ဒီနေရာ မှာ ဒီတစ်ယောက်ရှိနေပါတယ်ဆို တာ ခိုင်ခိုင်လုံလုံပြောလို့မရဘူး ဖြစ်နေတယ်’’ဟု စစ်ဘေးရှောင် ဆရာမများအား စီမံခန့်ခွဲရေး တာဝန်ယူထားသူ ပညာရေးဝန် ထမ်းတစ်ဦးက ပြောသည်။
::
လက်ရှိတွင် လောက်ကိုင် ခရိုင်မှ စစ်ဘေးရှောင်ပညာရေး ဝန်ထမ်း ၄၀၀ ကျော်ကို လားရှိုးမြို့အထက(၁)ကျောင်းဝင်းအတွင်း ခိုလှုံနေစေပြီး ဝန်ထမ်း ၃၀၀ ကျော်မှာ ၎င်းတို့၏ ဆွေမျိုးအိမ်သို့ သွားရောက်နေထိုင်ကြသည်။ စစ်ရှောင်ကျောင်းဆရာမ အများစု မှာ ၎င်းတို့၏ အစီအစဉ်ဖြင့် လားရှိုးမြို့အထိ လာခဲ့ခြင်းဖြစ်ပြီး အချို့မှာ တစ်ဦးလျှင် ကားခကျပ် တစ်သိန်းခန့်ပေးခဲ့ရကြောင်း သတင်းရရှိသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment