Pages

Wednesday, February 18, 2015

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ချိန်ကိုက်မိုင်းတွေ့ရှိ


RangonNewsDaily:: February . 17 .2015
မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်အတွင်း ချိန်ကိုက်မိုင်းနှစ်လုံး တွေ့ရှိခဲ့ရ၍ ဒေသတွင်းလုံခြုံရေး တိုးမြှင့်ထားကြောင်း သတင်းရရှိသည်။
၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အတွင်း သစ်သီးပွဲရုံတန်းအနီး တွင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့် ထားသည့် မိုင်းကို အရပ်သား တစ်ဦးက တွေ့ရှိသတင်းပေးခဲ့ပြီး ကုမ္ပဏီတစ်ခုအနီးတွင်လည်း မိုင်းတစ်လုံး ထပ်မံရှာဖွေနိုင်ခဲ့ကြောင်း မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

နယ်စပ်ကုန်သွယ်ရေး ကုန် သည်ကြီးများအသင်းကလည်း ကုမ္ပဏီတာဝန်ရှိသူများ၊ အလုပ် သမားများနှင့် ဧည့်သည်များအား လုံခြုံရေးသတိနှင့် နေရန်နှင့် လုံ ခြုံရေးအတွက် ရဲတပ်ဖွဲ့နှင့် ပူး ပေါင်းဆောင်ရွက်ရန် ကြေညာ ချက်ထုတ်ပြန်ထားကြောင်း သ တင်းရရှိသည်။
::
လက်ရှိအချိန်တွင် မူဆယ် မြို့တွင်းနှင့် မြို့ပြင်၌ ရဲတပ်ဖွဲ့ဝင် များအပြင် တပ်မတော်ကပါ လုံ ခြုံရေး ကင်းလှည့်နေကြောင်း မြို့ ခံဦးလှဝင်းက ပြောသည်။

‘‘တစ်နေတည်း မိုင်းနှစ်ခါ တွေ့တာမှာ ဒုတိယတွေ့တဲ့မိုင်း က အတွဲလိုက်လို့တောင် ပြောနေ ကြတယ်။ ၁၀၅ မိုင်ဇုန်ထဲမှာ ရဲတွေရော၊ တပ်ကပါ လာစစ်တယ်။ အခြေအနေ နည်းနည်း ရှုပ်ထွေးနေပုံရတယ်’’ ဟု ဦးလှမြိုင်ကပြောသည်။
::
မူဆယ်မြို့တွင်း ရဲတပ်ဖွဲ့ဝင်များ ညအချိန် ကင်းလှည့်နေစဉ် (ဓာတ်ပုံ - အောင်သစ်လွင်)

7Day Daily ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment