Pages

Wednesday, February 18, 2015

အစိုးရလက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ်ရင်းတစ်ရင်း ဦးဖုန်ကြားရှင်အဖွဲ့နှင့် ပူးပေါင်း


RangonNewsDaily:: February . 17 .2015
အစိုးရလက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ်ရင်းတစ်ရင်းဟာ အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေနဲ့ ပူးပေါင်း လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တပ်ရင်းမှူး ရန်ရှောင်ကျင့် ဦးဆောင်တဲ့ ကိုးကန့်နယ်ခြားစောင့်တပ် အမှတ် ၁၀၀၆ က တပ်ရင်းတစ်ခုလုံး သူတို့အဖွဲ့နဲ့ လာရောက်ပူး ပေါင်းခဲ့တယ်လို့ ကိုးကန့်တိမ်းရှောင်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲမှာ တိုက်ပွဲ အပြင်း အထန်ဖြစ်ပွားနေစဉ်ကာလမှာ ပူးပေါင်းကြတာဖြစ်ပြီး ပူးပေါင်းတဲ့ အင်အား၊ လက်နက် အပါအ၀င် အသေးစိတ်ကိုတော့ ဦးထွန်းမြတ်လင်းက ဖြေကြားခြင်းမရှိပါဘူး။
::
ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ကိုးကန့်တပ်ဟာ ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ကို ငြင်းဆန်ခဲ့အပြီးမှာ အစိုးရက မူးယစ်ဆေးဝါးလုပ်တယ်ဆိုပြီး တပ်မတော်က တိုက်ခိုက် မောင်းထုတ်ခဲ့တာဖြစ်ပြီး ကိုးကန့် အင်အားစုတချို့က နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းခဲ့ကြပါတယ်

DVB ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment