Pages

Sunday, February 8, 2015

ဘန်ကောက်တွင် ဗုံးပေါက်ပြီး လေးရက်ကြာမှ မြန်မာသံရုံးကြေညာချက်ထုတ်

RangonNewsDaily:: February . 8 .2015
ဘန်ကောက်တွင် ဖေ ဖော်ဝါရီ ၂ ရက်က ဗုံးပေါက်ကွဲ မှုအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ လုံခြုံရေးသတိဖြင့်နေရန် မြန်မာသံရုံးက ဗုံးပေါက်ပြီး လေးရက်အကြာ၌ သတိပေးချက် ထုတ်ပြန်လိုက်သည်။
အထူး သတိပေးနှိုးဆော် ချက်ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၆ ရက်စွဲဖြင့် သတိပေးချက်ထုတ် ပြန်လိုက်ခြင်းဖြစ်သည်။ ထိုင်း နိုင်ငံတွင် အလုပ်လုပ်ကိုင်လျက် ရှိသော မြန်မာနိုင်ငံသား အလုပ်သမားများအနေဖြင့် လူစည်ကားရာ ကုန်တိုက်များ၊ ဈေးဝယ်စင်တာများ၊ ဘတ်စ်ကားဂိတ်နှင့် ဘူတာရုံများတွင် အချိန်ကြာမြင့်စွာ သွားလာနေထိုင်ခြင်းမပြုရန်၊ ဆင်ခြင်သတိပြုနေထိုင်ရန်နှင့် မိမိတို့၏ နေအိမ်၊ ရုံးခန်း၊ အလုပ်နေရာများသို့ ဆောလျင်စွာ ပြန်လည်ဝင်ရောက်နေထိုင်ကြပါရန် မြန်မာသံရုံးက သတိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

‘‘အစဉ်အလာကလည်း ရှိ တယ်လေ။ အမေရိကန်သံရုံး လည်း ထုတ်ပါတယ်။ အင်္ဂလန် သံရုံးလည်းထုတ်ပါတယ်။ ကျွန် တော်က ခရီးသွားနေလို့ ဒီနေ့မှ ထုတ်တာပါ’’ဟု မြန်မာသံအရာ ရှိ ဦးဝင်းမောင်ကပြောသည်။
::
အမေရိကန်၊ အင်္ဂလန်နိုင်ငံ တို့က ထိုင်းနိုင်ငံရောက် ၎င်းတို့၏ နိုင်ငံသားများ လုံခြုံရေးအတွက် ဗုံးပေါက်ကွဲပြီး နောက်တစ်နေ့ တွင် သတိပေးချက် ချက်ချင်း ထုတ်ပြန်ခဲ့၍ လေးရက်ကြာမှသာ သတိပေးချက် ထုတ်ပြန်ခဲ့သော မြန်မာသံရုံးအပေါ် ဝေဖန်မှုများရှိနေသည်။

‘‘အမှန်ဆို သံရုံးအနေနဲ့ သိသိချင်း အသိပေးသင့်တယ်။ ကိုယ့်နိုင်ငံသားတွေအတွက် သံရုံးဆိုတာ ရှိနေတာ။ အဲဒီတော့ ချက်ချင်းပဲထုတ်ပြန်ပေးသင့်တယ်။ နောက်ကျတာတော့ မကောင်းဘူး။ တာဝန်ကျေရုံလုပ်တာထက် တာဝန်သိပြီး ကူညီပေးတာမျိုး ဖြစ်စေချင်တယ်’’ဟု ဘန်ကောက်မြို့မှ ကုမ္ပဏီဝန်ထမ်း ကိုလင်းမောင်မောင်ကပြောသည်။
::
ဘန်ကောက်မြို့တွင် ဆယ် နှစ်ကျော် အခြေချနေထိုင်ခဲ့ပြီး မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အမည်မဖော်လိုသူ တစ်ဦးကလည်း မြန်မာသံရုံးအနေဖြင့် ဖြစ်စဉ်ဖြစ်ပြီးပြီးချင်း သတိပေးချက် ထုတ်ပြန်သင့်ကြောင်း သုံးသပ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့(MAT)မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုစောမောင်က ထိုင်းရဲတပ်ဖွဲ့ အနေဖြင့် အမှုမှန်မဖော်ထုတ်နိုင် သေးသည့် အခြေအနေတွင် မြန် မာအလုပ်သမားများကို တရားခံ ဟု စွပ်စွဲမည်စိုးသောကြောင့် မြန်မာသံရုံးအနေဖြင့် ယခုမှသာ သတင်းထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်းပြောသည်။
::
‘‘သံရုံးအနေနဲ့ အမှုကို စောင့်ကြည့်နေရင်း အခုထိလည်း လက် သည်မပေါ်သေးတော့ မြန်မာ အလုပ်သမားတွေအပေါ် သက် ရောက်မှုတွေဖြစ်လာမှာ စိုးရိမ်လို့ ထင်ပါတယ်’’ဟု ဆိုသည်။

ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ ကလည်း ဘန်ကောက်မြို့အနီး ၀န်းကျင်နှင့် အခြားမြို့နယ်များတွင် လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဘန်ကောက်မြို့မှ စတိုးဆိုင်ဝန်ထမ်း ကိုမျိုးပိုင်ကပြောသည်။
‘‘အဓိကကတော့ လက်နက် ခဲယမ်း ပါ၊ မပါ စစ်တာလို့ပြော တယ်။ ဒီရက်ပိုင်းတော်တော် တင်းကျပ်တယ်။ သွားရေးလာ ရေး’’ဟု ၎င်းကဆိုသည်။
::
ထိုင်းနိုင်ငံတွင် နိုင်ငံရေး ဖြစ်စဉ်နှင့် ရောထွေးကာ ယခုကဲ့ သို့ အဖျက်အမှောင့်လုပ်ရပ်များ ဖြစ်လေ့ရှိပြီး လုံခြုံရေးတင်းကျပ် ထားသော အခါမျိုးတွင် မြန်မာအလုပ်သမားများထံ ထိုင်းရဲများက အကြောင်းအမျိုးမျိုးပြ၍ ငွေညှစ် လေ့ရှိသောကြောင့် နိစ္စဓူဝသွား လာလှုပ်ရှားရာတွင် သတိပြုနေ ထိုင်သင့်ကြောင်း ကိုစောမောင် က အကြံပြုသည်

KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment