Pages

Wednesday, February 4, 2015

သေနတ်ဖြင့် ပစ်သတ်ခံရသည့် မြန်မာသုံးဦးအတွက် နစ်နာကြေး ဘတ်သုံးသိန်းပေးမည်ဟု ထိုင်းအစိုးရဆို

RangonNewsDaily:: February . 4 .2015
ထိုင်းနိုင်ငံတွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သည့် ကလေးတစ်ဦး အပါအဝင် မြန်မာနိုင်ငံသားသုံးဦး သေဆုံးမှုအတွက် စုစုပေါင်း ဘတ်သုံးသိန်း နစ်နာကြေးပေးမည်ဟု ထိုင်းအစိုးရက ကမ်းလှမ်းထားကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။
မြန်မာနိုင်ငံသားများ အသတ်ခံရသည့် ဖြစ်စဉ်များတွင် ထိုင်းအစိုးရက နစ်နာကြေးပေးခြင်း မရှိသော်လည်း ယခုအမှုတွင် အသတ်ခံရသည့် မြန်မာနိုင်ငံ တစ်ဦးအတွက် နစ်နာကြေး ဘတ်တစ်သိန်း (ကျပ် ၃၁ သိန်းကျော်) စီ စုစုပေါင်း ဘတ်သုံးသိန်းပေးရန် ထိုင်းအစိုးရက ကမ်းလှမ်းထားကြောင်း ၎င်းကဆိုသည်။

နစ်နာကြေးလက်ခံရန် အသတ်ခံရသည့် မြန်မာသုံးဦး၏ မိသားစုဝင်များနှင့် ဆက်သွယ် ဆောင်ရွက်နေကြောင်း ဦးထူးချစ်က ပြောဆိုသည်။

“ပိုက်ဆံပေးပြီး အမှုပိတ်ခိုင်းတာမျိုး ဆိုရင်တော့ လက်မခံဘူး။ အခုက ထိုင်းအစိုးရက နစ်နာကြေးအနေနဲ့ ပေးတာလို့ ပြောတယ်” ဟု ၎င်းက ရှင်းပြသည်။

ဆူရတ်ဌာနီခရိုင်ရှိ စိုင်းသောင် ဆိုသည့်နေရာရှိ ရော်ဘာခြံတစ်ခုတွင် ဇန်နဝါရီလ ၂၃ ရက်နေ့က အသက် ၁၃ နှစ် အရွယ်ကလေးတစ်ဦး အပါအဝင် မြန်မာနိုင်ငံသားသုံးဦး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ရန် အရှိန်မြှင့် ဆောင်ရွက်နေပြီး အခင်းမဖြစ် ပွားမီက ယင်းနေရာသို့ ထိုင်းနိုင်ငံသားလေးဦး ဝင်ရောက်သွားသည်ကို အနီးပတ် ဝန်းကျင်မှ လူများက မြင်တွေ့ခဲ့ကြောင်း ဆူရတ်ဌာနီခရိုင် ရဲတပ်ဖွဲ့ရဲချုပ်က ပြောဆိုထားသည်။

The Voice , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment