Pages

Wednesday, February 25, 2015

လောက်ကိုင်ဒေသ၌ ဖေဖော်ဝါရီ ၂၄ တစ်ရက်တည်းတွင် တိုက်ပွဲသုံးကြိမ်ဖြစ်

RangonNewsDaily:: February . 25 .2015
ယခုလဆန်းပိုင်း ကတည်းက တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီလ ၂၄ ရက် (ယနေ့) တစ်ရက်တည်းတွင် တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ကုန်းကြမ်း-လောက်ကိုင် ကားလမ်း၊ မိုင်တိုင်အမှတ် ၂၃ အနီးနှင့် လောက်ကိုင်မြို့ အနောက်တောင်ဘက် နှစ်မိုင်အကွာတို့တွင် ယနေ့ နံနက်ပိုင်းက နှစ်ကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တပ်မတော်ဘက်မှ စစ်သည်နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ကိုးကန့် အဖွဲ့ဘက်မှ တရုတ်နိုင်ငံလုပ် လက်နက်တစ်လက်၊ ကျည်မျိုးစုံ ၃၈ တောင့်၊ TNT ယမ်းချောင်းနှင့် တိုက်မိုင်းများ သိမ်းဆည်း ရမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် ပါစင်ကျော် ကျေးရွာနှင့် ချင်းရွှေဟော်အကြား ကားလမ်းပေါ်ရှိ လုံထန် ကျေးရွာအနီးတွင် ယနေ့ မွန်းလွဲပိုင်းက တိုက်ပွဲတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
::
သို့သော် အဆိုပါ တိုက်ပွဲတွင် ထိခိုက် ဒဏ်ရာရရှိမှုနှင့် ကျဆုံးသူ မရှိခဲ့ပေ။ ယင်းအပြင် လောက်ကိုင်မြို့နှင့် ပါစင်ကျော် ကျေးရွာအကြား၊ မာလီရှူးဝါး ကျေးရွာအနီးတွင် ကိုးကန့်အဖွဲ့၏ အမာခံဖြစ်သူဟု ယူဆရသည့် အသက် ၂၉ နှစ်အရွယ် ရှောက်လော်ဟန် ဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၎င်းနှင့်အတူ တရုတ်-မြန်မာနယ်နိမိတ် မှတ်တိုင်အမှတ် ၁၄၄ ရှိ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ ယာယီ အခြေပြုလျက် ရှိသည့် ဟုတ်ဇူထန် ကျေးရွာသို့ သွားရောက် ပို့ဆောင်မည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၈၀၀၀ ကိုလည်း ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
::
ယမန်နေ့ကလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ တပ်မတော်ဘက်မှ သုံးဦးကျဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကိုးကန့်အဖွဲ့မှ ခြောက်ဦး ကျဆုံးခဲ့သည်။
::
တပ်မတော်နှင့် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့များအကြား ဖေဖော်ဝါရီလ ၉ ရက်နေ့ ကတည်းက စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း တပ်မတော်ဘက်မှ ၆၀ ကျော်နှင့် ကိုးကန့်အဖွဲ့ဘက်မှ ၈၀ ဦး သေဆုံးခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

လတ်တလောတွင် တပ်မတော်အနေနှင့် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ကို လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment