Pages

Monday, October 28, 2013

အိန္ဒိယနိုင်ငံ မွမ်ဘိုင်း မြို့ဖွား Dr. Zakir Naik အကြောင်းသိကောင်းစရာ

RangonNewsDaily:: October. 28 .2013
ဒေါက်တာ ဇာကိရ်နိုက်သည် M.B.B.Sဘွဲ့ရ ဆေးကုသည့်ဆရာဝန်တစ်ဦး ဖြစ် သည်။ သူ့အား အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ တွင်မွေးဖွားခဲ့ပါသည်။
သူသည် ကမ္ဘာပေါ် တွင် ဘာသာပေါင်းစုံ ဆွေးနွေးပွဲများတွင် အလွန် နံမည်ကြီးသော စကားပြောကောင်းအ
လွန်သူအဖြစ် ကျော်ကြားပါသည်။ 

မည်သူမဆို သူရှင်းလင်းတင် ပြသည့် အစ္စလာမ်သာသနာနှင့်ပတ်သက်သောမရှင်းသည့်အကြောင်းများကျမ်း
မြတ်ကုရ်အာန်နှင့် ပတ်သက် သော အကြောင်းများ၊ မေးခွန်းများနှင့် အဖြေများကို နားထောင်မိလျှင် အလွန်
ပင်အံ့သြသွားတတ်ပါသည်။ထိုသို့အံ့သြရသည့်အကြောင်းမှာသူသည် ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်
များကို အကြောင်းအရာများ အလိုက် စူရာများ အာယသ်တော်များကို နံမည်၊ စူရာနံပါတ် အာယသ်နံပတ် အ
လိုက် အတိအကျဖေါ်ပြနိုင်စွမ်း ရှိပါသည်။ 

ထို့အပြင် သူသည် ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်များကိုသာ လေ့လာထားသည်မဟုတ်ဘဲ၊ ခရိယာန်
တို့၏ ဘိုင်ဘဲလ်ကျမ်းကိုလည်းကောင်း၊ ရဟူဒီတို့၏ တောင်ရာသ်နှင့် သာလ်မုဒ် ကျမ်းများ၊ ဟိန္ဒူဘာသာကျမ်း
ဖြစ်သောမဟာဘာရသာ နှင့်ဘဂ်ဝဂီတာကျမ်းများ၊အခြားကျမ်းများကိုလည်း ကောင်းစွာလေ့လာထားသဖြင့်
မည်ကဲ့သို့သော အကြောင်းတရားများ မေးခွန်းများကိုဖြစ်စေ ဒေါက်တာ ဇာကိရ်နိုက်သည် သိပ္ပံနည်းကျကျ အတွေးအခေါ်ကျကျ ကျေလည်အောင် ရှင်းလင်းတင်ပြ နိုင်သူဖြစ်သဖြင့် လူတိုင်း ဘာသာဝင်အသီးသီးတိုင်း
သည် အလွန်ကျေနပ်ကြသည်ကိုတွေ့ရသည်။ 

သူသည် လက်ရှိ ဘာသာရေး ဆွေးနွေးပွဲများတွင် အစ္စလာမ်ဘာသာဝင် မဟုတ်သူများ၏ အလွန်ခက်ခဲသော
မေးခွန်းများကို ကျေလည် အောင်ရှင်းပြနိုင်ခြင်းမှာ သူသည် များစွာသော ခက်ခဲသော စာပေများကို အလွတ်
ကျက်မှတ်သင့်သည်ကို ကျက်မှတ်သလို လေ့လာထိုက်သည်ကို လေ့လာခဲ့သောကြောင့် ဖြစ်ပါသည်။ 

လွန်ခဲ့သော ရ နှစ်အတွက် ဒေါက်တာ ဇာကိရ်နိုက်သည် အိန္ဒိယနိုင်ငံတွင် မြောက်များစွာသော ဆွေးနွေးပွဲ
များကို တက်ရောက် ရှင်းလင်းဆွေးနွေးခဲ့သည့်အပြင် ဆော်ဒီအာရေးဗီယားနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဥရော
ပနိုင်ငံများ၊ကနေဒါ၊ယူအေအီး၊ကာတာ၊ ဗဟ်ရိမ်း၊ ကူဝိတ်၊ တောင်အာဖရိက၊ မောရိရှ၊ သြစတြေးလျှ၊ မလေး
ရှား၊အင်ဒိုနီးရှား၊စင်ဂါပူရ်၊ ဟောင်ကောင်၊ ထိုင်း စသည့်နိုင်များတွင် ဆွေးနွေးပွဲ ကောင်ဖာရဲန်စ် ပေါင်း ၇၀၀
ကျော် တက်ရောက် တင်ပြဆွေးနွေးခဲ့သူဖြစ်သည်။ 

သူ၏ ဆွေးနွေးပွဲ တက်ရောက်သူများစာရင်းတွင် နိုင်ငံရေးသမား များ၊ သံတမန်များ၊ စစ်တပ်တာဝန်ထမ်း
ဆောင်သူများ၊ တက္ကသိုလ် ကျောင်းဆရားများနှင့် ကျောင်းသား ကျောင်းသူများနှင့် သာမန် ပြည်သူပြည်သား
များဖြစ်သည်။ 

ထို့အပြင် ဒေါက်တာ ဇာကိရ်နိုက်သည် များစွာသော ဘာသာရေးခေါင်းဆောင် များနှင့်လည်း ဆွေးနွေးပွဲများ ကျင်းပခဲ့ သည်။ ဆွေးနွေးသူတို့သည် အစ္စလာမ် ဘာသာဝင်များအပြင် ကျော်ကြားသော အစ္စလာမ် ဘာသာ ၀င် မဟုတ်သူများနှင့် လည်း ဆွေးနွေးခဲ့ပါသည်။ 

အထူးသဖြင့် ၂၀၀၀ ခုနှင့် အေပရဲလ်လ ၁ ရက်နေ့တွင် အမေရိကန် နိုင်ငံမှ ဒေါက်တာ ၀ိလီယမ် ကမ့်ဘဲလ်
နှင့် ဆွေးနွေးခဲ့သောကျမ်းမြတ်ကု၇်အာန်နှင့်ဘိုင်ဘဲလ်ကို သိပ္ပံနည်းကျကျ ဆွေးနွေးပွဲပင် ဖြစ်သည်။ သူသည် အိန္ဒိယနိုင်ငံ၏ ကုရ်အာန် သုသေသန ဖေါင်ဒေးရှင်းကို တည်ထောင်ခဲ့သူဖြစ်သည်။ 

အစ္စလာမ် သုသေသန ဖေါင်ဒေးရှင်းကို ၁၉၉၁ ခုနှင့် ဖေဖေါ်ဝါရီလတွင် မှတ်ပုံတင်နိုင်ခဲ့ပြီး၊ အစ္စလာမ် ဒအ်
ဝဟ် လုပ်ငန်းများကို တိုးမြှင့်လုပ်နိုင်ခဲ့သလို၊ အစ္စလာမ် သာသနာနှင့် ပတ်သက်သော မကျေလည်စရာများ မှားယွင်းနားလည်မှုများကို ဖြေရှင်းဆွေးနွေး နိုင်ခဲ့သည်။

 ဒေါက်တာဇာကိရ်နိုက်သည် မိမိ၏ ဆွေးနွေးပွဲများ ရှင်းလင်းတင်ပြချက်များ အများပြည်သူထံသို့ရောက်ရှိ
aအာင် မီဒီယာကို ကောင်းကောင်းအသုံးချခဲ့သည်။ အင်တာနက်၊ တီဗွီ၊ စာပေ စာအုပ်များဖြစ်၎င်း၊ ဗွီဒီယိုနှင့် စီဒီ ဒီဗွီဒီများဖြင့်၎င်း တီဗွီ ဆွေးနွေးပွဲများ အင်တာဗျူးများဖြင့်၎င်း အစ္စလာမ်သာသနာကို ဒအ်ဝဟ် လုပ်နေ
သည်ကို တွေ့ရသည်။

 နိုင်ငံပေါင်း ၁၀၀ ကျော်တွင်လည်းသူ၏တီဗွီ ပရိုဂရမ်များကို အစဉ် လွှင့်တင်ပြသလေ့ရှိသည်။ အထူးသဖြင့်
 ဒေါက်တာ ဇာကိရ်နိုက်၏ ၀ဗ်ဆိုဒ်ကို (www.irf.net) မှ လေ့လာ ကြည့်ရှုနိုင်သည်။ 

ကိုးကား- Myanmarwind
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment