Pages

Tuesday, October 29, 2013

လဟာပြင်ဈေးနေရာတွင် ဟိုတယ်လုပ်ငန်းအကျိုးတူရင်းနှီး မြှုပ်နှံမည်

RangonNewsDaily:: October. 29 .2013
ယခင်လဟာပြင်ဈေးဟောင်းနေရာတွင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်လုပ်ငန်းဆောင်ရွက်ရန်အတွက် အောက်တိုဘာ ၂၆ ရက်တွင် Shwe Taung Group နှင့် Pan Pacific Hotels Group တို့အကျိုးတူ ရင်းနှီးမြှုပ်နှံမှုစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်မည့် ကြယ်ငါးပွင့်အဆင့်ရှိ Pan Pacific Hotel အား Pan Pacific Yangon Hotel အမည်ဖြင့် အကျိုးတူပူးပေါင်းရင်းနှီးမြှုပ်နှံကြမည်ဖြစ်ပါသည်။ အဆိုပါ JV Contract ချုပ်ဆိုပြီးစီးပါက Hotel Management စာချုပ်စသည့် အခြားသက်ဆိုင်ရာ စာချုပ်များကို ဆက်လက်ညှိနှိုင်းချုပ်ဆိုဆောင်ရွက် သွားမည်ဖြစ် သည်။

အဆိုပါ လဟာပြင်ဈေးနေရာတွင် ဆောင်ရွက်မည့် စီမံကိန်းအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ၂၀၁၂ ခုနှစ် မတ်လတွင် တင်ဒါခေါ်ယူခဲ့ပြီး ရွှေတောင်ကုမ္ပဏီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 
 
 မေလ ၁၁ ရက်တွင် ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီနှင့်ရွှေတောင်ကုမ္ပဏီတို့သည် လုပ်ငန်းအကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းစီမံကိန်းတွင် ရုံးခန်းများ၊ Service Apartment များ၊ ဈေးဝယ် စင်တာနှင့် ဟိုတယ်တို့ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်ဈေးသစ်ကြီးအား ယခင်မူလနေရာ၏ မြေညီထပ် ၌ပင် အစားထိုးပြန်လည်တည်ဆောက် ပေးသွားမည်ဖြစ်သည့်အပြင် ပြည်တွင်း ပြည်ပခရီးသွားများ အဆင်ပြေစေရန် ဗိုလ်ချုပ်အောင် ဆန်း လမ်းမကြီးကို ဖြတ် ကူးသည့် မိုးလုံလေလုံလူကူး တံတားသစ်အား အစားထိုးတည် ဆောက်ပေးသွားမည်ဖြစ်သည်။

ယင်းစီမံကိန်းအား စင်ကာပူနိုင်ငံမှ DP Architect ၏ ဗိသုကာပညာရှင်များက ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး အဆင့် (၂)ဆင့်ခွဲ၍ အကောင်အထည် ဖော်တည်ဆောက်သွားမည်ဖြစ်သည်။ ပထမအဆင့်တွင် အထပ်ပေါင်း ၂၃ထပ် အမြင့်ရှိ သော Office Tower၊ ၂၅ ထပ်အမြင့်ရှိသောကြယ်ငါးပွင့်အဆင့် ဟိုတယ်နှင့် Shopping Center ၏တစ်စိတ်တစ် ဒေသပါဝင် တည် ဆောက်သွားမည်ဖြစ်သည်။

ဒုတိယအဆင့်တွင် ၂၈ ထပ် အမြင့်ရှိသော Service Apartment နှင့် ကျန်ရှိသော Shopping Center တို့အား ဆက်လက်တည်ဆောက်သွားမည်ဖြစ်သည်။ စီမံကိန်း အားလုံးတွင် မော်တော်ယာဉ်အစီးရေ ၁၅၀၀ ခန့် ရပ်နား နိုင်သော မော်တော်ယာဉ်ရပ်နားစခန်း ပါရှိ မည်ဖြစ်ပြီး စီမံကိန်းအားလုံးပြီးစီး သွားပါက မြန်မာနိုင်ငံ၏ Tourism လုပ်ငန်းတိုးတက်မှုအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်း အနေဖြင့် ဝန် ထမ်းပေါင်း ၂၀၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ လူမှုရေးလုပ်ငန်းတာဝန်များ (ဃျွှ) ကို အလေးထားဆောင်ရွက် လျက်ရှိသော ရွှေတောင်ကုမ္ပဏီ အနေဖြင့် အဆိုပါစီမံ ကိန်းဘေးရှိ အမက(၃) ပန်းဘဲတန်း ကျောင်းအား ကျောင်းရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားရေးအတွက် အဆင် ပြေ စေရန် ပြန်လည်မွမ်းမံတည် ဆောက်ပေးသွားမည်ဖြစ်သည်။

(ကြေးမုံ)
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment