Pages

Tuesday, October 29, 2013

ဟဲဟိုးလေဆိပ် လေယာဉ် ရပ်နားရန်နေရာ စတင်တိုးချဲ့

Photo: ဟဲဟိုးလေဆိပ် လေယာဉ် ရပ်နားရန်နေရာ စတင်တိုးချဲ့
Tuesday, October 29, 2013

မြန်မာနိုင်ငံရှိ လေဆိပ်များကို အဆင်မြှင့်တင်လျက်ရှိရာ နိုင်ငံခြားသား ခရီးသည်သွားလာမှု အများဆုံးဖြစ်သည့် ဟဲဟိုးလေဆိပ်တွင် လေယာဉ် ရပ်နားရန် နေရာကို အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ စတင်တိုးချဲ့ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။
“လေယာဉ် လမ်းညွှန်စက်တွေကိုလည်း JICA အကူအညီနဲ့ ၂၀၁၄ ခုနှစ်မှာ စတင် တပ်ဆင်တော့မှာပါ။ လေယာဉ်တွေ ရပ်နားဖို့အတွက် နေရာကို စလုပ်နေပါပြီ” ဟု ၎င်းကဆိုသည်။

လေဆိပ်များ စတင်ပြင်ဆင်ရာတွင် ပထမဆုံးအနေနှင့် လေယာဉ်ပြေးလမ်းကို ခံနိုင်ရည် ရှိစေရန် တိုးချဲ့ရမည် ဖြစ်၍ ဟဲဟိုးလေဆိပ် ပြေးလမ်းတိုးချဲ့ ပြင်ဆင်မှုမှာ ပြီးစီးလုနီးပါး ဖြစ်ကြောင်း၊ လေယာဉ်များ နေ့ညမရွေး ဆင်းသက်နိုင်ရန်လည်း လုပ်ဆောင်သွားမည် ဖြစ်ပြီး Terminal ကိုလည်း တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

ဟဲဟိုးလေဆိပ်သည် ပြည်တွင်းပြည်ပ ခရီးသည်သွားလာမှု အများဆုံးဖြစ်၍ ဦးစားပေး ပြင်ဆင်ခြင်း ဖြစ်ပြီး ဒုတိယ ခရီးသည်သွားလာမှု အများဆုံးဖြစ်သည့် ပုဂံ- ညောင်ဦး လေဆိပ်ကိုလည်း လေယာဉ် ရပ်နားရန် နေရာများ တိုးချဲ့သွားမည်ဖြစ်ရာ လာမည့် ၂၀၁၄ ခုနှစ်တွင် Terminal ကိုလည်း တိုးချဲ့လုပ်ဆောင် သွားမည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် လေဆိပ်ပေါင်း ၆၉ ခုရှိသည့်အနက် လက်ရှိ အသုံးပြုနေသော လေဆိပ် ၃၃ ခုရှိပြီး နိုင်ငံတကာလေဆိပ် သုံးခု၊ ပြည်တွင်းလေဆိပ် ၃၀ ခုတို့ ရှိကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

RangonNewsDaily:: October. 29 .2013
မြန်မာနိုင်ငံရှိ လေဆိပ်များကို အဆင်မြှင့်တင်လျက်ရှိရာ နိုင်ငံခြားသား ခရီးသည်သွားလာမှု အများဆုံးဖြစ်
သည့် ဟဲဟိုးလေဆိပ်တွင် လေယာဉ် ရပ်နားရန် နေရာကို အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ စတင်တိုးချဲ့ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။“လေယာဉ် လမ်းညွှန်စက်တွေကိုလည်း JICA အကူအညီနဲ့ ၂၀၁၄ ခုနှစ်မှာ စတင် တပ်ဆင်တော့မှာပါ။
လေယာဉ်တွေ ရပ်နားဖို့အတွက် နေရာကို စလုပ်နေပါပြီ” ဟု ၎င်းကဆိုသည်။

လေဆိပ်များ စတင်ပြင်ဆင်ရာတွင် ပထမဆုံးအနေနှင့် လေယာဉ်ပြေးလမ်းကို ခံနိုင်ရည် ရှိစေရန် တိုးချဲ့ရ
မည် ဖြစ်၍ ဟဲဟိုးလေဆိပ် ပြေးလမ်းတိုးချဲ့ ပြင်ဆင်မှုမှာ ပြီးစီးလုနီးပါး ဖြစ်ကြောင်း၊ လေယာဉ်များ  နေ့ည
မရွေး ဆင်းသက်နိုင်ရန်လည်း လုပ်ဆောင်သွားမည် ဖြစ်ပြီး Terminal ကိုလည်း တိုးချဲ့ဆောင်ရွက်လျက် ရှိ
ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြား
သည်။

ဟဲဟိုးလေဆိပ်သည် ပြည်တွင်းပြည်ပ ခရီးသည်သွားလာမှု အများဆုံးဖြစ်၍ ဦးစားပေး ပြင်ဆင်ခြင်း ဖြစ်ပြီး ဒုတိယ ခရီးသည်သွားလာမှု အများဆုံးဖြစ်သည့် ပုဂံ- ညောင်ဦး လေဆိပ်ကိုလည်း လေယာဉ် ရပ်နားရန်
 နေရာများ တိုးချဲ့သွားမည်ဖြစ်ရာ လာမည့် ၂၀၁၄ ခုနှစ်တွင် Terminal ကိုလည်း တိုးချဲ့လုပ်ဆောင် သွား
မည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် လေဆိပ်ပေါင်း ၆၉ ခုရှိသည့်အနက် လက်ရှိ အသုံးပြုနေသော လေဆိပ် ၃၃ ခုရှိပြီး နိုင်ငံ
တကာလေဆိပ် သုံးခု၊ ပြည်တွင်းလေဆိပ် ၃၀ ခုတို့ ရှိကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး
ဌာန တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

The Voice, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment