Pages

Tuesday, October 29, 2013

နေအိမ်ကိုပြန်လည် ရောက်ရှိနေပြီဖြစ်တဲ့ ဆိုတေးကို အနုပညာရှင်များ သွားရောက်သတင်းမေးမြန်းခဲ့ကြ


RangonNewsDaily:: October. 29 .2013
ယာဉ်မတော်တဆမှု ကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီးမှာဆေးကုသမှု ခံယူ ခဲ့တဲ့ ဆိုတေးက  ကျန်းမာရေး တိုးတက်ကောင်း မွန်လာပြီ ဖြစ်တဲ့ အတွက် အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ ဆေးရုံက ဆင်းပြီး နေအိမ်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။ 
နေအိမ်ကို ပြန်လည်ရောက် ရှိလာပြီဖြစ်တဲ့ ဆိုတေးကို အနုပညာ ညီအစ် ကို မောင်နှမ တွေကလည်း သွားရောက် သတင်းမေးမြန်းကြပြီး ဆိုတေး နဲ့လည်း တပျော်တပါး ဓာတ်ပုံ တွေအတူတူ တွဲရိုက်ကြပါ တယ်။

အဆိုတော် ဆိုတေးကို အောက်တိုဘာ ၂၂ ရက် နေ့ညနေပိုင်းက သူ့နေအိမ်မှာ သွားရောက်သတင်းမေးမြန်း ခဲ့တဲ့ ဝိုင်းစုခိုင်သိန်းက” အစောကြီးကတည်းက သွား ကြည့်ဖို့ အစီအစဉ်ရှိတယ်။ သူဖြစ်ကတည်းက ဝိုင်းစုက အမေရိကသွားရတယ်။ ပြန် ရောက်တာလည်း မကြာသေး ဘူး။ပထမက မန္တလေးမှာ ပရိုမိုးရှင်းလုပ်တဲ့အခါကျရင် သွား မယ် စိတ်ကူးထားတာ။ 

 ဒါပေမဲ့ သူကအရင်ရန်ကုန် ကိုပြန်ရောက်လာတော့ သွား ကြည့်ဖြစ်တာပါ။သူက အခြေ အနေတော်တော် ကောင်းနေ ပါပြီ။သူသေ ချာလေ့ကျင့် လိုက် မယ်ဆိုရင်လူကောင်းအတိုင်း ပြန်ဖြစ်သွားမှာပါ” လို့ပြောပါတယ်။

အောက်တိုဘာ၂ဝ ရက် နေ့က ဆိုတေးရဲ့ နေအိမ်ကို သွားရောက်ပြီး သတင်းသွား မေးရင်း အားပေးစကားပြော ပေးခဲ့တဲ့ နိုင်ဇော် (Lazy Club)က” စကားတော့ နည်း နည်း လေးပြောနိုင်လာပြီ။ အကြာ ကြီးတော့ မပြောနိုင်ဘူး။ 

လူတစ်ယောက်ကိုသိ တယ်။ သတိ ရတယ်။ကျေးဇူးတင်ပါ တယ်ပေါ့။အဲ ဒီလောက် တော့ သူ ပြောနိုင် တယ်။ အရင်လို တော့သွက်သွက် လက်လက်ကြီး မပြောနိုင်သေးဘူး။ သူဆေး ရုံကဆင်းပြီးအိမ်ရောက်တော့ ကျွန်တော် သွားကြည့် တယ်။သူနဲ့ေ တွ့တော့သူ ကကျွန်ေ တာ့် ကို ကန်တော့တယ်။သူကတော့ သူ့အိမ်မှာ ဘောင်းဘီအတိုလေး နဲ့ပဲ နေတာလေ။ကလေးလေး လို ပြန်ဖြစ်သွားတယ်။ ကျွန်တော် ကတော့ သူ့ ကို အားပေး စကား တွေ အများကြီးပြောပေးခဲ့ တယ်။

ညီလေးဆိုတေး ဒီ အခြေအနေမှာ မင်းနောက်ထပ် အခွေသစ်တွေ၊ သီချင်းအသစ် တွေလုပ်ဖို့အတွက်ကို မင်းဦး နှောက်ကို အနားပေးတယ်လို့ပဲ သဘောထားပါ။အဓိက အချက် ကတော့ငွေနောက်မလိုက်နဲ့ တော့။ နေပြန် ကောင်းသွားလို့ အလုပ်ပြန်လုပ်တော့ မယ်ဆိုရင် အရင်တုန်းက အဆို တော်မဖြစ် ခင်က ကိုယ်ကြိုးစားထားတဲ့ အ ရာတွေကို ရအောင်လုပ်ပါလို့ ကျွန်တော့်အနေနဲ့ ဆုံးမစကား ပြောပေးခဲ့ပါတယ်။

သူက ကျွန် တော့်ကိုကန်တော့တော့ စကား ပြောပေးခဲ့တာပါ။ ဒီအခွင့်အ ရေးကို အတွေ့အကြုံလို့ အသုံး ချပြီးတော့ ဒီ့ထက်ကောင်းတဲ့ သီချင်းတွေကိုဖန်တီးနိုင် အောင်ကျွန်တော်ဆိုတေးကို သူ့ အခွေနဲ့ပတ်သက်ပြီးလည်း မေးပါ တယ်။ သူပြောပြ ပါ တယ်။ 

ဒုတိယ အခွေအတွက် သီချင်း တွေပြီးပြီလို့ပြောပြတယ်။ပရိ သတ်တွေအနေနဲ့သူ့ရဲ့ ဒုတိယ မြောက်အခွေကို နား ထောင်ရ တော့မှာပါ။ကျွန်တော်တို့ အနေနဲ့ သူ တီးထားအပ်ထားတဲ့ သီချင်းတွေကိုသူ့ဆီမှာ ဘယ် နှစ်ပုဒ်ရှိလဲ။ဘယ်သူ့ဆီမှာ ဘယ်နှစ် ပုဒ်ရှိလဲဆိုတာတွေကို အကုန်လုံးမှန်းပြီးသီချင်းကို ပြန်လိုက်စုပြီးသူ့ရဲ့ ဒုတိ ယ မြောက်အခွေကိုထွက်နိုင် အောင်ကြိုးစားပေးမှာပါ” လို့ပြောပါတယ်။

” ဝိုင်းစုက တစ်လပိုင်းကို အခွေထွက်ဖို့လုပ်ထားတာဆို တော့ သူမမီလောက်ဘူး ထင်တယ်။ သူနဲ့ဆိုထားတဲ့သီချင်းကို ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်း စားနေတုန်းပဲ။ သူ က သီချင်းဆိုဖို့လောက်တော့ အားမရှိသေးဘူး။ ဒါပေမဲ့ အခြေအနေကတော့ တအားပြန် ကောင်းသွား ပြီ။ အားလုံးလည်း သူ ပြန်မှတ်မိတယ်။ ပြောနိုင် တယ်။ သူပျော် လည်းပျော်တယ်။

 အောက်တိုဘာ ၂၃ ရက် နေ့က ဆိုတေးရဲ့ နေအိမ်ကို ဟဲလေး၊ အစ္စဏီ၊ ဒီယံ၊ Wai လျှံ၊ စစ်သွေးတို့ကလည်း သွားရောက်တွေ့ဆုံ သတင်း မေးခဲ့ ပါ တယ်။ ဆိုတေးကိုသွား ရောက်တွေ့ဆုံဖြစ်ခဲ့တဲ့ ဟဲလေးက ” ဆိုတေးနဲ့က သူဘာမှ မအောင်မြင်ခင်ကတည်းက ကျွန်တော်နဲ့ဆိုခဲ့ကြတယ်။ ညီတစ်ယောက်လိုပဲ။ သွားတွေ့ ခဲ့ကြတဲ့ အစ္စဏီတို့၊ Wai လျှံ တို့၊ ဒီယံတို့၊ စစ်သွေးတို့ဆို တာတစ်ဖွဲ့တည်းသားလို့ ပြော လို့ရတယ်။

မနေ့က ဝိုင်းစု နဲ့ဖုန်းရတော့ သွားကြည့် ဖြစ် တာ။ အမှန် ကတော့ ရန်ကုန် မှာ ရောက်နေပြီ လို့ကြားတယ်။ ဒါပေမဲ့ ဆေးရုံမှာပဲထင်တာ။ အိမ်ကို ပြန် ရောက်ပြီဆိုတော့ အဆင်ပြေ သွားတာပေါ့။ အခုလိုမျိုး အားနည်းနေ တဲ့အချိန်မှာ သွားအားပေးတဲ့သဘောပါ။ 

အရင်ကတွဲလုပ်ခဲ့တဲ့ ” အဝေးရောက်ချစ်သူ” ဆိုတဲ့ သီချင်းလို ရှေ့လျှောက်သီချင်း တွေတွဲ လုပ်ကြမယ်လို့ ကျွန်တော် သူ့ ကို ပြောဖြစ်တယ်။ ” ဆိုတေး ညီလေး ငါတို့ အဝေးရောက် ချစ်သူဆိုတဲ့ သီချင်းလေး အောင်မြင်ခဲ့တဲ့။ လက်ရှိ မင်းရဲ့သစ္စာဆိုတဲ့ သီချင်းလေး လည်း အောင်မြင်နေ တယ်။ နောက် ထပ်သီချင်းတွေလည်း ဆက်လုပ်ကြမယ်။ 

အဓိကက ကိုယ့် ကိုယ်ကိုယ်ဂရုစိုက်၊ အင်အား တွေရှိလာအောင် အကောင်းဆုံးအနားယူ” လို့ပြောခဲ့တယ်။ အခြေအနေကောင်းပါတယ်။ ဟဲလေးဆို ဟဲလေး၊ Wai လျှံ ဆို Wai လျှံ မှတ်မိတယ်။ သူအဆိုတော်မဖြစ်ခင် ရပ်ကွက်ရှိုးလေးမှာ ကျွန်တော့်ရဲ့ “ပတ်သက်ခွင့် ပြုပါ” သီ ချင်း ကို သူနဲ့ဆိုတယ်။ အခုသူက အဲဒီရပ်ကွက်ထဲမှာ ပြောင်းနေတာ။ အဲဒါ သူ့ကို ပြန်ပြောပြတော့ အမှတ်ရတယ်” လို့ ပြော ပါ တယ်။

Popular Myanmar ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment