Pages

Saturday, April 13, 2013

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဦးဆောင်သူ ဦးဂမ္ဘီရ ပြေားတဲ့ ဦးဝိရသူအကြောင်း

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဦးဆောင်သူ ဦးဂမ္ဘီရက “ဦးဝီရသူကို ဖမ်းဆီးသင့်တယ်၊ သူဟာ ဗုဒ္ဓရဲ့အဆုံးအမနဲ့ လွဲချော်နေတယ်၊ သူဟာ သံဃာတော်တစ်ပါးပါ၊ ကျောင်းထိုင်ဘုန်းကြီးဖြစ်တယ်၊ အတော်အန္ထရာယ်များတယ်၊ သူဟာ ပိုပိုပြီးကောက်ကျစ်ပြီး အကြင်နာတရာမဲ့နေတယ်။” ဟု ပြောကြားခဲ့သည်။ သို့သော် ဦးဂမ္ဘီရက မွတ်စလင်မ်ဆန့်ကျင်ရေး အယူဝါဒကို အစိုးရကသာ ရပ်တန့်နိုင်မည်ဟု ပြောဆိုခဲ့သည်။
“အရင်တုန်းက ဘုန်းကြီးတွေ နိုင်ငံရေးတို့ ဒီမိုကရေစီတို့အကြောင်းပြောရင် အစိုးရက တားမြစ်ခဲ့တယ်။ အခုကျတော့ ဒီလိုမျိုး အတို့အထောင်ဟောပြောမှုတွေကိုကျတော့ မတားဘဲ ထောက်ခံအားပေးနေတယ်။” ဟု ဦးဂမ္ဘီရက ပြောကြားခဲ့သည်။

ဦးဝီရသူဟာ ကျောင်းထိုင်ဘုန်းကြီးဖြစ်ပြီး သူ့လက်အောက်မှာ လူပေါင်း(၂၅၀၀)လောက်ရှိတယ်။ သူ့ကို ဘယ်သူကမှ ပြန်မပြောရဲဘူး၊ အစိုးရကသာ အရေးယူသွားဖို့လိုတယ်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“မိတ္ထီလာမှာ လူတွေအစုလိုက်အပြုံလိုက် သတ်နေတာကို အာဏာပိုင်တွေဟာ ရပ်တန့်ဖို့နည်းနည်းလေးပဲလုပ်တာကို အံ့သြစွာတွေ့ခဲ့ရတယ်၊ သူတို့ဟာ အထက်က အမိန့်လာဖို့ကိုစောင့်နေကြတာ၊ အဲဒီ့အမိန့်က နောက်ဆုံးအထိ မလာဘူး” ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဦးလှသိန်းက ပြောပြခဲ့သည်။

အကြမ်းဖက်အုပ်စုကို အင်အားသုံး၍ ထိန်းသိမ်းရန် အမိန့်ထုတ်ပြန်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း နံပါတ်တုတ်ကိုပင် အသုံးမပြုရန် မှာကြားခြင်းခံရကြောင်း အထက်တန်းရဲအရာရှိတစ်ဦးက ထုတ်ဖော်ခဲ့သည်။ယခုဖြစ်သည့်အကြမ်းဖက်မှုသည် လွန်ခဲ့သောနှစ်က ရခိုင်ပြည်၌ဖြစ်ပွားသော အကြမ်းဖက်မှုနှင့် ထပ်တူထပ်မျှဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဆန်းစစ်တွေ့ရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်တပ်၏ပယောဂမကင်းကြောင်းနှင့် ပြည်နယ်၏ အင်အားကြီးနိုင်ငံရေးပါတီများနှင့် ချိတ်ဆက်ထားသည့် ဗုဒ္ဓဘာသာဝင် ရခိုင်မျက်ကန်းမျိုးချစ်များက ဦးဆောင်ခဲ့သည်ဟု ဗုဒ္ဓဘာသာဝင်ဘုန်းကြီးများကပင် ပြောဆိုကြကြောင်း၊ ဒေသခံလုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ဒေသတွင်းမှာရှိတဲ့ ရဲအရာရှိတစ်ဦးဟာ လူစုနဲ့ အပေးအယူလုပ်ခဲ့တယ်။ “ရဲတွေက လူအုပ်ခွဲတဲ့အချိန်မှာ အဖျက်သမားတွေ ဗလီကိုဖျက်ဆီးဖို့ မိနစ်(၃၀)လောက် ခွင့်ပြုခဲ့တယ်” ဟု မျက်မြင်သက်သေ (၂)ဦး၏ အဆိုအရသိရှိခဲ့ရသည်။ “နာရီဝက်အတွင်းမှာပဲ ဗလီကိုဖျက်ဆီးခဲ့တယ်” ဟု ၎င်းမျက်မြင်သက်သေတွေ့ရှိသူများက ပြောပြခဲ့သည်။

ရိုက်တာသတင်းဌာနက အဆိုပါ အပေးအယူမှုနှင့် ပတ်သက်၍ ရဲများအားမေးရာ ၎င်းတို့က လုံးဝငြင်းခဲ့သည်။

မင်းလှမြို့မြောက်ပိုင်းရှိ လူဦးရေ (၁၀၀၀၀၀)ခန့်ရှိ ကြို့ပင်ကောက်မြို့တွင်လည်း (၂)ရက်အရင်က သံဃာတော်တစ်ပါးက ၉၆၉ တရားပွဲပြောပြီးနောက် လူတစ်စုသည် ဗလီ(၁)လုံးနှင့် အိမ်(၂၃)လုံးအား ဖျက်ဆီးခဲ့ကြပြန်သည်။

ဦးဝီရသူက မိတ္ထီလာရှိသံဃာတော်များအား မတိုက်ခိုက်ရန်တိုက်တွန်းကြောင်း ပြောဆိုခဲ့သည်။ သူသည် တစ်နေရာ၌လည်း ကားခေါင်မိုးပေါ်မှ မိန့်ခွန်းများလည်းပြောခဲ့သေးသည်။ သို့ရာတွင် သူ့ပြောကြားမှုသည် လက်ခံနိုင်စရာမရှိပါ။

ဦးဝီရသူသည် ၉၆၉ ကို ဖြန့်ရုံသာမက မွတ်စလင်မ်တို့သည် ဗုဒ္ဓဘာသာဝင်များအား ဂုဏ်သိက္ခာ ညှိုးနွမ်းမှေးမှိန်အောင် ပြုနေသည်ဟု သွေးခွဲစကား ပြောခဲ့သည်။

“မွတ်စလင်မ်တွေဟာ ချမ်းသာသထက်ချမ်းသာလာပြီး ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကိုလက်ထပ်၍ အစ္စလာမ်ဘာသာထဲ သွတ်သွင်းတယ်၊ သူတို့စီးပွားရေးတွေက ပိုပြီးကြီးလာပြီး မြေကွက်တွေ အိမ်တွေဝယ်တယ်၊ ဒါဟာ ဘုန်းကြီးကျောင်းတွေကို နည်းပါစေလာတဲ့သဘောပါပဲ၊ ပြီးနောက် ဦးဇင်းတို့ ဘုရားကျောင်းတွေလို ပွင့်လင်းမြင်သာစွာမဟုတ်ဘဲ ဗလီတွေကို တရားမ၀င်ဆောက်တယ်၊ ဗလီများတော့ ရန်သူတွေများတာပေါ့လို့ဆိုနိုင်တယ်” ဟု ဦးဝီရသူကပြောကြားခဲ့သည်။

၁၃ ရာစု၌ အစ္စလာမ်ဝင်ရောက်လာပြီးနောက် ဖြစ်ပွါးခဲ့သော အင်ဒိုနီးရှားနိုင်ငံ လမ်းကြောင်းအတိုင်း မြန်မာနိုင်ငံဖြစ်သွားမည်ကို ဦးဝီရသူက စိုးရိမ်သည်။

ကျောက်ဆည်မြို့၌ ဗုဒ္ဓဘာသာဝင်လူရမ်းကားတစ်စုကြောင့် မွတ်စလင်မ် (၁၀)ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း U.S State Department က ဖော်ပြခဲ့သည်။

တိုင်းမှူးကသာ ပြတ်သားသော အမိန့်အနည်းငယ်ပေးခဲ့လျင် မိတ္ထီလာနှင့် အနီးတ၀ိုက်ရှိ စစ်သားထောင်ပေါင်းများစွာ အသုံးပြု၍ သွေးချောင်းစီးအကြမ်းဖက်မှုအား ချက်ချင်းရပ်တန့်သွားနိုင်ကြောင်း NLDမှ ဦးဝင်းထိန်က ပြောကြားခဲ့သည်။

ဒါဟာ စစ်ပွဲတစ်ခုလိုပါပဲ၊ ပထမတော့ လူအင်အား ဘယ်လောက်ရှိမယ် ဘယ်လိုကြီးထွားလာမယ်ဆိုတာကို မခန့်မှန်းနိုင်ဘူး၊ ဒါပေမဲ့ အကာအကွယ်တွေတော့ရှိရမယ် ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

၈၈ကျောင်းသားဟောင်းမင်းကိုနိုင်သည် ၎င်းအကြမ်းဖက်မှုကာလတွင် မိတ္ထီလာသို့ရောက်ရှိလာခဲ့သည်။ “လူတွေအစုလိုက်အပြုံလိုက်သတ်ပြီးနောက်မှာ အဲ့ဒီ့လူစုဟာ စနစ်တကျလေ့လာပြင်ဆင်ထားပုံရတယ်၊ ဆဲလ်ဖုန်းကိုယ်စီနဲ့ ဘုန်းကြီးတွေဟာ မြို့ပြင်ထွက်ပြီး ကားတွေကို စစ်ဆေးတယ်၊ အဆောက်အဦးတွေကို ဘူလ်ဒိုဇာသုံးပြီး ဖြိုတာကို တွေ့ရတယ်၊ သာမန်လူဟာ ဘယ်လိုလုပ် ဘူလ်ဒိုဇာ သုံးတတ်မှာလဲ” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အဆိုပါအကြမ်းဖက်မှုတွင် အာဏာပိုင်များ ပါဝင်ပက်သက်နေသည်ဟုဆို၏။ စစ်တပ်နှင့် ရဲများသည် ၎င်းတို့မျက်စိရှေ့တွင် ကြမ်းကြုတ်ရက်စက်မှုများကို တွေ့လျက်သားနှင့် ရပ်ကြည့်နေခဲ့ကြကြောင်း၊ ၎င်းမှာ အာဏာပိုင်အချို့၏ ပါဝင်ပက်သက်မှုရှိကြောင်း (သို့) ယင်းမတရားအကြမ်းဖက်မှုကို တိတ်တဆိတ်နောက်ကွယ်မှ ကူညီအားပေးမှု ရှိနိုင်ကြောင်း မစ္စတာကင်တားနားက သုံးသပ်ပြောဆိုခဲ့သည်။

နိုင်ငံတော်သမ္မတရုံး၏ ပြန်ကြားရေးအရာရှိနှင့် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ္ဋ်က အဆိုပါအကြမ်းဖက်မှုတွင် အစိုးရမှပါဝင်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုကာ ၎င်းပြောဆိုချက်သည် အခြေအမြစ်မရှိ စွပ်စွဲချက်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းအကြမ်းဖက်မှုများသည် ၂၉ရက်နေ့အထိ မြန်မာပြည်အလယ်ပိုင်းရှိ မြို့ရွာ(၁၅)ခု၌ မွတ်စလင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ကြရသည်။

ဧပြီလ(၂)ရက်နေ့ကလည်း ရန်ကုန်ရှိ ဘာသာရေးစာသင်ကျောင်းတစ်ခု၌ မွတ်စလင်မ်ကလေး (၁၃)ဦး မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ကွယ်လွန်သူတို့၏ ဆွေမျိုးများက ၎င်းသည် ရှို့မီးဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။ မီးတောက်လောင်စဉ်တွင် ဆီအိုင်နေသော ကြမ်းပြင်ကြောင့် ချော်လဲခဲ့ရကြောင်း ကိုယ်တွေ့ကြုံရသူများက ပြောဆိုကြသည်။ သို့သော် ရန်ကုန်အာဏာပိုင်များက ၎င်းသည် လျှပ်စစ်ပိုင်းဆိုင်ရာ မတော်တဆမှုသာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်မှုကြီးမှာပြုပြင်တည်ဆောက်ရေးသမားတို့ကို နောက်ကြောင်းပြန်လှည့်စေရန် စံနစ်ဟောင်းအင်အားစုများမှ ဖန်တီးချက်ဖြစ်ဖွယ်ရှိသည်ဟုအချို့ကအမြင်ရှိကြသည်။ သို့တည်းမဟုတ် ခေတ်ဟောင်းအာဏာရှင်များနှင့် ချိတ်ဆက်နေသော ခရိုနီများက မွတ်စ်လင်မ်လုပ်ငန်းရှင်တို့ကို ကန်ထုတ်၍ မိမိတို့စိတ်ကြိုက်စီးပွားခွင်ကို ဖန်တီးလိုမှုလည်း ဖြစ်နိုင်သည်။ အောင်မြင်သည့် မွတ်စ်လင်မ်လုပ်ငန်းရှင်တစ်ဦးမှ “ဒီကိစ္စမှာ ဘာသာရေးနဲ့ စီးပွားရေးအငြိုးအတေး နှစ်မျိုးလုံးပါဝင်နေတယ်” ဟု ယူဆသုံးသပ်ခဲ့သည်။ ထိုသူကဲ့သို့ပင် မွတ်စ်လင်မ်များစွာတို့သည် မိမိတို့၏ဘိုးဘေးဘီဘင်မျိုးဆက်များကို ပြောပြနိုင်ကြသည်။ အခြားသူများအတိုင်း သူသည်လည်း အောင်မြင်ဖြစ်ထွန်းသော လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မိတ်ဆွေများစွာရှိရာ ၄င်းတို့အနက် သူ့အား အကြမ်းဖက်မှုမှလွတ်မြောက်အောင် ကူညီခဲ့ကြပေသည်။

MM Chronicle, Rangonnewsdaily
RND:13.4.2013

3 comments:

Anonymous said...

နိုင် ငံနှင့်သါသနာကိုမစောင့်ရှောက်ပဲဘေးထိုင်ပြီးကုလားအဖေ ခေါ်သူတွေတိုက်ထုတ်ကြပါစို့

Anonymous said...

ထေါက်ခံပါတယ် မော်လမြိုင်နှင့်အနီးတဝိုက်ကြက်သွန်ကုန်းပိန္နဲကုန်းကျိုက်မရောမြိုတွေမီာဘင်္ဂလီတွေနဲ့ပြည့်နှက်နေပြီးမြန်မာမတွေယူပြီးကုလားဇာတ်သွင်းနေကြပါပြီမကြာခင်ကုလားပြည်ဖြစ်တော့မယ်

Anonymous said...

မြန် မာ ပြ ည် ခေါင်း ဆောင် ပိုင်း က ကိုင် တွ ယ်တာပျော့ ညံ့ ပါတယ် လူ့အခွင့် ရေးတဖွ ဖွ ပြောေ န တဲ့ကုလား နိုင် ငံေ တွမှာ စေတီ ချဒ် ဆောက် လို့ မရပါ ရရှာသမ တ ပြောသလိုရရှား ဟာ ရ ရှား အ တွက် မြန် မာ ဟာ မြန်မာ တိုင်း ရင်းသား တွေ အ တွက် ပ ဖြစ် ရမယ်လူ မျိုး ခြား တွေသည် နိုင် ငံ ကမလို ဘူး

Post a Comment