Pages

Saturday, April 13, 2013

တွံတေးတူးမြောင်းတွင် သင်္ဘောနှစ်မြုပ်၍ မိသားစုသုံးဦး ပျောက်ဆုံး

ဧပြီ ၁၃ ရက် ၂၀၁၃

တွံတေးမြို့ တွံတေးတူးမြောင်း ဇီးဖြူကုန်း ရေတံခါးအနီးတွင် သင်္ဘောနှစ်မြုပ်၍ ၁၃ နှစ်အရွယ် ကလေးငယ်းတစ်အပါအ၀င် စုစုပေါင်း ၃ ဦးပျောက်ဆုံးနေကြောင်း သိရသည်။သင်္ဘော နှစ်မြုပ်ရာတွင် သင်္ဘောပေါ်၌ လူ(၈)ဦးပါရှိကြောင်းနှင့် ပျောက်နေသူသုံးဦးမှာ ဦးချက်ဖောင်၊ ဒေါ်လှစိုး နှင့် မပိုပိုတို့ဖြစ်ကြောင်း တွံတေးမြို့ ရဲစခန်းမှ သိရသည်။ “ရေစီးသန်တဲ့နေရာမှာ သင်္ဘောကို တွန်းထုတ်လိုက်တော့ မျောပြီး ရပ်ထားတဲ့သင်္ဘောကို တိုက်ပြီးမြုပ်သွားတာ။ ဖြစ်တာက ၉ နာရီခွဲမှာ သင်္ဘောမြုပ်တာပါ။ စခန်းကို အကြောင်းကြားတာက ၂နာရီ ၄၅လောက်မှ သိရတာ”ဟု အမှုစစ်အရာရှိ ဒုရဲအုပ် မြသန်းက ပြောကြားသည်။

<p>အသက်၂၇နှစ်အရွယ် သင်္ဘောမောင်းနှင်သူကို ရဲစခန်းမှ ၃၀၄(က)ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

ဲမြန်မာ့ခေတ်
Rangonnewsdaily
RND:13.4.2013

0 comments:

Post a Comment