Pages

Saturday, April 13, 2013

၁၃၇၄ ခုနှစ် မဟာသင်္ကြန် အထိမ်အမှတ် ရန်ကုန်မြို့ပြည် လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရေ ကစားမဏ္ဍပ် ကိုယနေ့မနက်ပိုင်းကစတင်ဖွင့်လှစ်


၁၃၇၄ ခုနှစ် မဟာသင်္ကြန် အထိမ်အမှတ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရေကစားမဏ္ဍပ်ကို ရန်ကုန်
တိုင်းဒေသကြီးအတွင်း ပထမဆုံအကြိမ်အဖြစ် ရန်ကုန်မြို့ပြည်လမ်းတွင် ဧပြီလ ၁၃ ရက်နေ့နံနက် ၇ နာရီ
မိနစ် ၃၀ အချိန်တွင် ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးစိန်တင်ဝင်း အပါအဝင်တိုင်းဒေသကြီး ဝန်ကြီးများနှင့်
အနုပညာရှင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ 
 
တိုင်းဒေသကြီး အစိုးရအဖွဲ့ ရေကစားမဏ္ဍပ်တွင်သင်္ကြန်အကြိုနေ့မှစတင်၍အတက်နေ့အထိ အနုပညာရှင်
များ အဆိုတော်များ ယိမ်းအဖွဲ့များမှ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရှိရသည်။


Eleven Media Group , ရန်ကုန်နယူးဒေလီးစ်
ရန်ကုန် :၁၃.၄.၂၀၁၃

0 comments:

Post a Comment