Pages

Saturday, April 13, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ နံနက်တွင်ဂျပန်နာရီတာလေဆိပ်သို့ ရောက်ရှိ


နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ခုနစ်ရက်တာ ကြာမြင့်မည့်ဂျပန်ခရီးစဉ်အတွက်ဧပြီလ၁၃ရက်င်္နနက်ဂျပန်စံတော်ချိန်(၈နာရီ၁၅)မိနစ်ကထိုင်းနိုင်ငံမှတဆင့်
ဂျပန်နိုင်ငံ နာရီတာလေဆိပ်သို့ အောင်မြင်စွာရာက်ရှိခဲ့ပါသည်။ နာရီတာလေဆိပ်တွင် ဂျပန်ရောက်မြန်မာမိသားစုများ က ရင်ထိုးတံဆိပ်များ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး
လှိုက်လှဲစွာကြိုဆိုခဲ့ပါတယ်။လာကြိုကြသူများထဲမှသူကမိန်ကလေးတစ်ဦးကဒေါ်စုကိုလာကြိုတာတခြား
ထွက်ပါက်ကခေါ်သွားတာကမတရားဘူးဂျပန်ကနိုင်ငံခြားရေးဝန်ကြီးဌာနလုပ်ပုံတွေကလာကြိုတဲ့မြန်မာများ
ကိုစော်ကားရာရောက်ကြောင်း ကိုထွန်းဝေအားပြောပြခဲ့ပါတယ်။

ဂျပန်နိုင်ငံတိုကျိုမြို့ တွင် လာရောက်ကြိုဆိုသူများမှာ ၂၀၀ကျော်ရှိလှပါတယ်။ဂျပန်မှ မြန်မာသံရုံး ဌာနမှ သံ
အမတ်ကြီး နှင့်တာဝန်ရှိသူများအခြားထွက်ပေါက်မှလာကြိုဆိုကြောင်း သိရပါတယ်။

ဂျပန်ခရီးစဉ်မှာဒေါ်အောင်ဆန်းစုကြည်နှင့်အတူကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ကိုမိုးဇော်ဦးနှင့် ကိုဘန်နီတို့လိုက်ပါလာခဲ့ကြပါသည်။ဒေါ်အောင်ဆန်းစုကြည်သည်၁၉၈၅ခုနှစ်မှ၁၉၈၆ခုနှစ်အထိ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တွင်ဧည့်ပညာရှင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖိတ်ကြားခဲ့
သဖြင့်သွားရောက် လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည်ခရီးစဉ်အတွင်းဂျပန်နိုင်ငံဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွား
မည်ဖြစ်ကာ ဂျပန်တက္ကသိုလ်သုံးခုတွင် မိန့်ခွန်း ပြောသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည်ဧပြီလ၁၅ရက်တွင်သူမဧည့်ပညာရှင်အဖြစ်တစ်နှစ်ကြာ တာဝန်ထမ်းဆောင်
ခဲ့သည့် ကျိုတိုတက္ကသိုလ်နှင့် Ryukoku တက္ကသိုလ်တို့တွင် မိန့်ခွန်းပြောသွားမည်ဖြစ်ကာ ဧပြီလ၁၇ ရက်တွင် တိုကျိုတက္ကသိုလ်၌ မိန့်ခွန်းပြောသွားမည် ဖြစ်သည်။

ဧပြီလ၁၆ရက်တွင်ဂျပန် အထက်လွှတ်တော် ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဧပြီလ၁၈ရက်တွင်အောက်လွှတ်တော်ဥက္ကဋ္ဌ၊ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့နှင့် တွေ့ဆုံဆွေးနွေး
မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ဧပြီလ၁၃ ရက်နှင့် ၁၅ ရက်နေ့များတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံသွားရန်ရှိပြီး ဧပြီလ ၁၄ရက်တွင်ကျိုတိုမြို့ရှိအသေးစားရေအားလျှပ်စစ်စီမံကိန်းတစ်ခုကိုလည်း သွားရောက်လေ့လာမည်ဖြစ်
သည်။ 
 
ဧပြီလ၁၉ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။သတင်း ကို
ထွန်းဝေ ဂျပန် နာရီတာလေဆိပ်မှသတင်းပေးပို့ ထားပါတယ်။

ကိုထွန်းဝေ (ဂျပန်) 
Rangonnewsdaily
RND:13.4.2013

1 comments:

sweet said...

သွားတာကတော့ သွားကြတာပ
အရင်ကလဲ ချောင်းပေါက်မတတ်သွားကြတာဘအေး
တောသူတောင်သား လယ်သမားအစစ်တွေကိုလဲ
လေ့လာရေး ပညာပေး နိုင်ငံခြား လွတ်ပေးကြဦး
မဲဆွယ်တဲ့အနေနဲ့ဖြစ်ဖြစ်ပေါ့

Post a Comment