Pages

Saturday, April 13, 2013

ရိုဟင်ဂျာအရေးကို ဦးသိန်းစိန်က အချိန်ယူစဉ်းစားပေးဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiarပြောကြား

ရိုဟင်ဂျာအရေးကို ဦးသိန်းစိန်က အချိန်ယူစဉ်းစားပေးဖို့ ရှိတယ်လို့ ကုလပြော
==========================
April 12, 2013

သမ္မတ ဦးသိန်းစိန်က နိုင်ငံသားမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး အချိန်ယူ စဉ်းစားပေးသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar က  ABC ကိုပြောပြခဲ့ပါတယ်။

ရေ တို မှာ ရော ရေရှည် မှာ ပါ ဖြေ ရှင်း ချက် ဖေါ်ထုတ် ဆောင်ရွက် သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲ ရေးတွေ ဟာလဲ မျှော်မှန်းထားတဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက် တိုးတက် ထွန်ကား နေတယ်လို့ ပြောသွါးပါတယ်။

မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ အခိုင်အမာ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vijay Nambiar က ပြောပြပါတယ်။

မြန်မာ နိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွါးသွားခဲ့တဲ့ အကြမ်းဖက်မှု တွေကို နိုင်ငံတကာ ကနေ လူ့အခွင့်အရေး ချိုးဖေါက် ကျူးလွန်မှုတွေလို့ ဝေဖန် နေချိန်မှာ ကုလ အထူးကိုယ်စားလှယ် Vijay Nambiar က အကြမ်းဖက်မှုတွေဟာ နောက်ထပ် အခြေအနေ ပိုပြီး ဆိုးဝါးလာမှု မရှိဘူးလို့  ABC ကိုပြောပြ သွားပါတယ်။

မြန်မာအစိုးရ အနေနဲ့လဲ အကြမ်းဖက်မှုကို ထိန်းသိမ်း ကိုင်တွယ်သွားမှာကို သူ့အနေနဲ့ ယုံကြည်တဲ့ အကြောင်း၊ သမ္မတ ဦးသိန်းစိန်ကလဲ၊ နိုင်ငံသားမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး အချိန်ယူ စဉ်းစားပေး သွားဖို့ရှိတယ်လို့ Vijay Nambiar က  ABC နဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောပြသွားပါတယ်။

လက်ရှိမှာတော့ မြန်မာ နိုင်ငံမှာ ဖြစ်ပေါ်လာနေတဲ့ အပြောင်းအလဲတွေဟာ ပြည်သူအားလုံး အနေနဲ့ အကျိုးခံစား နိုင်ဖို့ အချိန်ယူ နေရသေးတယ်လို့ သမ္မတက ပြောတဲ့ အကြောင်း ပြန်ပြောပြ သွားပါတယ်။

မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ ရေးတွေဟာလဲ မျှော်မှန်းထားတဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက် တိုးတက်ထွန်ကား နေတယ်လို့ ပြောသွါးပါတယ်။

မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာတွေကို ဘင်္ဂလာဒေ့ရှ နိုင်ငံက တရားမဝင်ပြောင်းရွေ့ နေထိုင်လာသူတွေလို့ သတ်မှတ်ထားပြီး အစိုးရ အနေနဲ့ ဒီလူမျိုးစု ပြဿနာနဲ့ ပတ်သက်ပြီး ရေတိုမှာရော ရေ ရှည်မှာပါ ဖြေရှင်းချက်တွေကို ချမှတ်ဆောင် ရွက်သွားရမှာကို နားလည်တယ်လို့ Vijay Nambiar က  ABC နဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောပြသွားပါတယ်။

ABC Radio Australia

သမ္မတ ဦးသိန်းစိန်က နိုင်ငံသားမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး အချိန်ယူ စဉ်းစားပေးသွားဖို့ ရှိတယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar က ABC ကိုပြောပြခဲ့ပါတယ်။ ရေ တို မှာ ရော ရေရှည် မှာ ပါ ဖြေ ရှင်း ချက် ဖေါ်ထုတ် ဆောင်ရွက် သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲ ရေးတွေ ဟာလဲ မျှော်မှန်းထားတဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက် တိုးတက် ထွန်ကား နေတယ်လို့ ပြောသွါးပါတယ်။

မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်ကရိုဟင်ဂျာအရေးနဲပတ်သက်ပြီးဖြေရှင်းဖို့အခိုင်အမာ ဆုံးဖြတ်ထားပြီး
ဖြစ်တယ်လို့ ကုလသမဂ္ဂ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vijay Nambiar က ပြောပြပါတယ်။

မြန်မာ နိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွါးသွားခဲ့တဲ့ အကြမ်းဖက်မှု တွေကို နိုင်ငံတကာ ကနေ လူ့အခွင့်အရေး ချိုးဖေါက်ကျူးလွန်မှုတွေလို့ဝေဖန်နေချိန်မှာကုလအထူးကိုယ်စားလှယ်VijayNambiarက အကြမ်းဖက်မှုတွေ
ဟာ နောက်ထပ် အခြေအနေ ပိုပြီး ဆိုးဝါးလာမှု မရှိဘူးလို့ ABC ကိုပြောပြ သွားပါတယ်။

မြန်မာအစိုးရ အနေနဲ့လဲ အကြမ်းဖက်မှုကို ထိန်းသိမ်း ကိုင်တွယ်သွားမှာကို သူ့အနေနဲ့ ယုံကြည်တဲ့ အကြောင်း၊ သမ္မတ ဦးသိန်းစိန်ကလဲ၊ နိုင်ငံသားမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး အချိန်ယူ စဉ်းစားပေး သွားဖို့ရှိတယ်လို့ Vijay Nambiar က ABC နဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောပြသွားပါတယ်။

လက်ရှိမှာတော့ မြန်မာ နိုင်ငံမှာ ဖြစ်ပေါ်လာနေတဲ့ အပြောင်းအလဲတွေဟာ ပြည်သူအားလုံး အနေနဲ့ အကျိုးခံစား နိုင်ဖို့ အချိန်ယူ နေရသေးတယ်လို့ သမ္မတက ပြောတဲ့ အကြောင်း ပြန်ပြောပြ သွားပါတယ်။

မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ ရေးတွေဟာလဲ မျှော်မှန်းထားတဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက် တိုးတက်ထွန်ကား နေတယ်လို့ ပြောသွါးပါတယ်။

မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာတွေကို ဘင်္ဂလာဒေ့ရှ နိုင်ငံက တရားမဝင်ပြောင်းရွေ့ နေထိုင်လာသူတွေလို့ သတ်မှတ်ထားပြီး အစိုးရ အနေနဲ့ ဒီလူမျိုးစု ပြဿနာနဲ့ ပတ်သက်ပြီး ရေတိုမှာရော ရေ ရှည်မှာပါ ဖြေရှင်းချက်တွေကို ချမှတ်ဆောင် ရွက်သွားရမှာကို နားလည်တယ်လို့ Vijay Nambiar က ABC နဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောပြသွားပါတယ်။

ABC Radio Australia, Rangonnewsdaily
RND:13.4.2013

0 comments:

Post a Comment