Pages

Monday, February 3, 2014

ဆီးရီးယား ပဋိပက္ခတွင် သေဆုံးသူ တစ်သိန်း သုံးသောင်းခြောက်ထောင် အထိ မြင့်တက်

Photo: ဆီးရီးယား ပဋိပက္ခတွင် သေဆုံးသူ တစ်သိန်း သုံးသောင်းခြောက်ထောင် အထိ မြင့်တက်
Monday, February 3, 2014

ပြီးခဲ့သည့် ဇန်နဝါရီလသည် ဆီးရီးယား အကျပ်အတည်း ကာလအတွင်း လူအသေအပျောက် အများဆုံး ကာလအဖြစ် မှတ်တမ်းဝင်ခဲ့ရာ ယခုဆိုလျှင် သေဆုံးသူ စုစုပေါင်း တစ်သိန်း သုံးသောင်းခြောက်ထောင် အထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတစ်ခုကို ကိုးကားလျက် AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုသည်မှာ ဇန်နဝါရီလ အဆုံးပိုင်းတွင် သေဆုံးသူ ဦးရေသည် ၁၃၆,၂၂၇ ဦး အထိ ရှိသွားခဲ့ပြီ ဖြစ်သည်။

သေဆုံးသူများထဲတွင် ၄၇,၉၉၈ဦးမှာ လက်နက် ကိုင်ဆောင်ထားခြင်း မရှိသော အရပ်သားများ ဖြစ်ကြပြီး ကလေးသူငယ် ၇၃၀၀ ဦးလည်း ပါဝင်သည်ဟု သိရသည်။

အမှန်တကယ် သေဆုံးသည့် အရေအတွက်သည် ယခုထုတ်ပြန်သည်ထက် ပိုများနိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် သူပုန်များ၊ ဂျီဟတ်များနှင့် အစိုးရတပ်များသည် အမှန်တကယ် သေဆုံးသည့် အရေအတွက်ကို အတတ်နိုင်ဆုံး ဖုံးဖိကြသောကြောင့် ဖြစ်သည်ဟု ယင်းအဖွဲ့အစည်းက ဖော်ပြထားသည်။

ငြိမ်းချမ်းစွာဖြင့် အာဆတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဆီးရီးယား အာဏာပိုင်က ပြင်းထန်စွာ ဖြိုခွင်းခဲ့ရာမှ လက်နက်စွဲကိုင်သော လမ်းစဉ်ကို ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ယင်းစစ်ပွဲများကြောင့် သေဆုံးသူ အရေအတွက် တစ်သိန်း သုံးသောင်းကျော် သွားသကဲ့သို့ နေရပ်များကို စွန့်ခွာတိမ်း ရှောင်ရသည့် ဒုက္ခသည်များလည်း အလွန် များပြားနေလျက်ရှိသည်။

သဘောထား အလယ်အလတ်ရှိသည့် သူပုန်များ၊ အစ္စလာမ္မစ် အစွန်းရောက် သူပုန်များက အချင်းချင်းလည်း တိုက်ပွဲများ ဖြစ်ခဲ့ပြီး အရပ်သားများအပေါ် အနိုင်ကျင့်မှုများလည်း ရှိသည်။

ရုရှားနှင့် အမေရိကန်တို့က ပူးတွဲ အကုန်အကျခံကာ စီစဉ်ပေးခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများရှိပြီး ကုလသမဂ္ဂနှင့် အာရပ် အဖွဲ့ချုပ်တို့၏ သံတမန် လက်ခ်ဒါ ဘရာဟီမီကလည်း နှစ်ဖက် အင်အားစုကို တွန်းအားများ ပေးနေခဲ့သည်။

သို့သော် ယင်းဆွေးနွေးပွဲများသည် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိဘဲ ပြီးဆုံးသွားခဲ့ရသည်။

အာဆတ်အစိုးရကို ဖြုတ်ချရန် လုပ်ဆောင်သူ လက်နက်ကိုင်များကို အစိုးရက အကြမ်းဖက်သမားများဟု ဆက်လက် ပြောဆိုနေခြင်းကို အတိုက်အခံ လက်နက်ကိုင် အင်အားစုများက လက်မခံနိုင်ကြခြင်း ဖြစ်သည်။

The Voice Weekly

RangonNewsDaily: February . 3 .2014
ပြီးခဲ့သည့် ဇန်နဝါရီလသည် ဆီးရီးယား အကျပ်အတည်း ကာလအတွင်း လူအသေအပျောက် အများဆုံး ကာ
လအဖြစ် မှတ်တမ်းဝင်ခဲ့ရာ ယခုဆိုလျှင် သေဆုံးသူ စုစုပေါင်း တစ်သိန်း သုံးသောင်းခြောက်ထောင် အထိ
ရောက်ရှိသွားပြီ ဖြစ်ကြောင်း အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတစ်ခုကို ကိုးကားလျက် AFP သတင်းတစ်
ရပ်က ဖော်ပြထားသည်။ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုသည်မှာ ဇန်နဝါရီလ အဆုံးပိုင်းတွင် သေဆုံးသူ ဦးရေ
သည် ၁၃၆,၂၂၇ ဦး အထိ ရှိသွားခဲ့ပြီ ဖြစ်သည်။

သေဆုံးသူများထဲတွင် ၄၇,၉၉၈ဦးမှာ လက်နက် ကိုင်ဆောင်ထားခြင်း မရှိသော အရပ်သားများ ဖြစ်ကြပြီး ကလေးသူငယ် ၇၃၀၀ ဦးလည်း ပါဝင်သည်ဟု သိရသည်။

အမှန်တကယ် သေဆုံးသည့်အရေအတွက်သည်ယခုထုတ်ပြန်သည်ထက်ပိုများနိုင်ကြောင်း၊အဘယ့်ကြောင့်
ဆိုသော်သူပုန်များ၊ဂျီဟတ်များနှင့်အစိုးရတပ်များသည်အမှန်တကယ် သေဆုံးသည့်အရေအတွက်ကို အတတ်
နိုင်ဆုံး ဖုံးဖိကြသောကြောင့် ဖြစ်သည်ဟု ယင်းအဖွဲ့အစည်းက ဖော်ပြထားသည်။

ငြိမ်းချမ်းစွာဖြင့် အာဆတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဆီးရီးယား အာဏာပိုင်က ပြင်းထန်စွာ ဖြိုခွင်း
ခဲ့ရာမှ လက်နက်စွဲကိုင်သော လမ်းစဉ်ကို ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ယင်းစစ်ပွဲများကြောင့် သေဆုံးသူ အရေအတွက် တစ်သိန်း သုံးသောင်းကျော် သွားသကဲ့သို့ နေရပ်များကို စွန့်ခွာတိမ်း ရှောင်ရသည့် ဒုက္ခသည်များလည်း အလွန် များပြားနေလျက်ရှိသည်။

သဘောထား အလယ်အလတ်ရှိသည့် သူပုန်များ၊ အစ္စလာမ္မစ် အစွန်းရောက် သူပုန်များက အချင်းချင်းလည်း တိုက်ပွဲများ ဖြစ်ခဲ့ပြီး အရပ်သားများအပေါ် အနိုင်ကျင့်မှုများလည်း ရှိသည်။

ရုရှားနှင့် အမေရိကန်တို့ကပူးတွဲ အကုန်အကျခံကာ စီစဉ်ပေးခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများရှိပြီး ကုလ
သမဂ္ဂနှင့် အာရပ် အဖွဲ့ချုပ်တို့၏ သံတမန် လက်ခ်ဒါ ဘရာဟီမီကလည်း နှစ်ဖက် အင်အားစုကို တွန်းအားများ
ပေးနေခဲ့သည်။

သို့သော် ယင်းဆွေးနွေးပွဲများသည် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိဘဲ ပြီးဆုံးသွားခဲ့ရသည်။

အာဆတ်အစိုးရကို ဖြုတ်ချရန်လုပ်ဆောင်သူလက်နက်ကိုင်များကို အစိုးရက အကြမ်းဖက်သမားများဟု ဆက်
လက် ပြောဆိုနေခြင်းကို အတိုက်အခံ လက်နက်ကိုင် အင်အားစုများက လက်မခံနိုင်ကြခြင်း ဖြစ်သည်။

The Voice, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment