Pages

Monday, February 3, 2014

အင်ဒိုနီးရှားတွင် ဆီနာဘန်းမီးတောင် ပေါက်ကွဲ၁၄ဦးသေဆုံး

RangonNewsDaily: February . 3 .2014
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းပေါ်ရှိ ဆီနာဘန်း မီးတောင်ပေါက်ကွဲမှုကြောင့် ၁၄ဦးသေဆုံးပြီး လူပေါင်း

သောင်းဂဏန်းခန့်ရွှေ့ပြောင်းမှု ပြုလုပ်ပေးခဲ့ရသည်ဟုဘီဘီစီသတင်းဌာနကယနေ့ဖော်ပြသည်။ ဆီနာဘန်း
မီးတောင်သည် နှစ်ပေါင်း ၄ဝဝခန့် ငြိမ်သက်နေခဲ့ပြီးနောက်တွင် ၂ဝ၁ဝပြည့်နှစ်က ပြန်လည် လှုပ်ရှားလာ
ခဲ့ပြီး ချော်ရည်များမှုတ်ထုတ်ခဲ့မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ရသည်။
ဆီနာဘန်းမီးတောင်သည်ယမန်နေ့နံနက်ပိုင်းမှစတင်ကာစတင်လှုပ်ရှားလာခဲ့ပြီးအဆိုပါမီးတောင်မှမှုတ်ထုတ်
လိုက်သော ချော်ရည် များမှာ နှစ်ကီလိုမီတာဝေးကွာသောဒေသများအထိ ရောက်ရှိခဲ့သည်ဟု သိရသည်။

အင်ဒိုနီးရှားအရေးပေါ် ကယ်ဆယ်ရေးဦးစီးဌာနမှပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်သောဆူတိုပိုက သေဆုံးသူ

များထဲတွင် ကျောင်းသား သုံးဦးနှင့် ဆရာမတစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူ စာရင်း အသေးစိတ်မသိရှိရသေး
ဟုပြောသည်။

NG(BBC) , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment