Pages

Monday, February 3, 2014

တစ်လ အတွင်း အမြန်လမ်း ၌ ယာဉ်တိုက်မှု (၂၃ ) မှု ဖြစ်ပွား၊ ဆယ်ဦး သေဆုံး

RangonNewsDaily: February . 3 .2014
ရန်ကုန်-မန္တလေး အမြန်လမ်း ၌ ဇန်န၀ါရီ လ တွင် ယာဉ်တိုက် မှု (၂၃) မှု ဖြစ်ပွား ခဲ့ပြီး၊ (၁၀) ဦး သေ ဆုံး ကာ (၃၇) ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့  မှ သိရသည်။ အမြန်လမ်းမှာက အကွေ့တွေနဲ့ နေပူ တဲ့အချိန်မှာ မောင်းတော့ တာယာ က ပွတ် တိုက်မှုများပြီး၊ ဘီး ပေါက် ပြီးဖြစ်တာတွေ များတယ်။ ဒီလက အရင်လကထက်များ တယ်။

အရင်လ က လေးဦးပဲ သေတယ်။ ဒီလ က(၁၀) ဦးအထိသေဆုံးခဲ့တယ်””ဟု အမြန် လမ်းရဲတပ်ဖွဲ့ မှ ဒုရဲအုပ် ဒေါ်စန်းစန်းလှိုင်က ပြောသည်။အဆိုပါ အမြန်လမ်းတွင် သတ်မှတ် မိုင်နှုန်းထက် ပိုမမောင်းရန် သတိပေးတား မြစ်ထားသော်လည်း ယာဉ်မောင်း သူများ မှာ တစ်နာရီ ကီလိုတစ်ရာထက်ကျော်လွန်၍ မောင်းနှင်မှုများရှိနေကြောင်း၊

အဆိုပါ အရှိန် ပို၍ မောင်းနှင်သော ယာဉ်မောင်းများကို အရှိန် နှုန်းတိုင်းကိရိယာဖြင့် ဖမ်းဆီးခဲ့ရာ အမှုပေါင်း ငါးထောင် နီးပါး ရှိနေပြီဖြစ်ကြောင်း အမြန် လမ်းရဲတပ်ဖွဲ့ ၏ စာရင်းများအရ သိရသည်။ အမြန်လမ်းမှာ ယာဉ်တိုက်မှုတွေ လျော့နည်းအောင်ဆိုပြီး၊ ကတ္တရာလမ်းတွေ လည်းစခင်းနေပါပြီ။ ယာဉ်တိုက်မှုဖြစ်ရင် လမ်းကြောင့်လို့ပြောကြတာများတယ်။ 

 အဓိက က ယာဉ်မောင်းတဲ့သူပဲ။ လမ်းကြောင့် မဟုတ်ဘူး။ တစ်စီးကိုတစ်စီး ကျော်တက်တဲ့ နေရာတွေနဲ့ ယာဉ်မောင်း တဲ့ အချိန်မှာ အိပ် ငိုက်တာ တွေ ကြောင့် လည်း ယာဉ်တိုက်မှု တွေ မကြာခဏ ဖြစ် တာကို တွေ့ရတယ်””ဟု ဒေါ်စန်းစန်းလှိုင်က ဆက်လက်ပြောကြား သည်။

အမြန်လမ်း၌ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ယာဉ် တိုက်မှု ပေါင်း (၂၂) မှုဖြစ်ပွား ခဲ့ပြီး၊ သေဆုံးမှု (၄) ဦးနှင့် ဒဏ်ရာရသူ(၄၇) ဦး ရှိခဲ့သည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ယာဉ် တိုက်မှုပေါင်း (၂၃) မှုဖြစ်ပွားခဲ့ပြီး (၁၀) ဦး၊ သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ (၃၇) ဦးအထိ ရှိခဲ့ကြောင်း 


အမြန်လမ်း ရဲတပ်ဖွဲ့  ၏ စာရင်းများ အရ သိရ သည်။ ထို့အပြင် အမြန် လမ်း ၌ ယာဉ်တိုက်မှုဖြစ်ပေါ်ပါက အမြန်လမ်း ရဲတပ်ဖွဲ့  ၊ ဖုန်း ၀၉၄၂၀၈၈၈၈ သို့ ဆက် သွယ် အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

Messenger News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment