Pages

Monday, February 3, 2014

ရန်ကုန်ဘားကမ့် နှစ်ရက်အတွင်းလူ ၄၀၀၀ ကျော် တက်ရောက်

Photo: ရန်ကုန်ဘားကမ့် နှစ်ရက်အတွင်းလူ ၄၀၀၀ ကျော် တက်ရောက်
Monday, February 3, 2014

ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နှင့် ၂ ရက်နေ့များက MICT Park တွင် ကျင်းပခဲ့သော (၅) ကြိမ်မြောက် ဘားကမ့် (Barcamp Yangon) အခမ်းအနားသို့ တက်ရောက် ဆွေးနွေးသူပေါင်း ၄၀၀၀ ကျော် ရှိကြောင်း အခမ်းအနား ဦးဆောင် ကျင်းပသည့် အဖွဲ့အစည်းထံမှ သိရှိရသည်။ 

အဆိုပါ Barcamp Yangon အခမ်းအနားတွင် နည်းပညာ၊ ဖန်တီးမှု၊ စွန့်ဦးတီထွင်မှုနှင့် အထွေထွေ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ခေါင်းစဉ်ပေါင်း ၁၅၀ ခန့် ဆွေးနွေးခဲ့သည်ဟု Organizer Team မှ ဦးခိုင်စိုးအောင်က ဆိုသည်။

အဆိုပါ အခမ်းအနားသို့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးနှင့် တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr.PetterFurberg အစရှိသော နယ်ပယ်ပေါင်းစုံမှ ပညာရှင်များနှင့် တာဝန်ရှိသူများလည်း တက်ရောက် ဆွေးနွေးခဲ့ကြသည်။
“Barcamp က နိုင်ငံတကာ နည်းပညာ Developer တွေအတွက် သြဇာကြီးမားတဲ့ တွေ့ဆုံပွဲတစ်ခု ဖြစ်သလို မြန်မာ့ Digital စီးပွားရေးကဏ္ဍ တိုးတက်အောင် ဆောင်ရွက်နိုင်တဲ့ ကျွမ်းကျင်သူတွေ၊ တီထွင် ဖန်တီးသူတွေကိုလည်း အောင်မြင်စွာ စုစည်းပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ အခုလို အရေးကြီးတဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ပွဲတစ်ခုမှာ ပါဝင်ခွင့်ရခဲ့တာကို စိတ်လှုပ်ရှားမိပါတယ်” ဟု တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr.PetterFurberg က ဆိုသည်။ 

ယခုကျင်းပခဲ့သော Barcamp Yangon ကိုဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောမြန်မာနှင့် ချင်းတွင်း ကောလိပ်တို့က အဓိက စပွန်ဆာအဖြစ် တာဝန်ယူ ပံ့ပိုးပေးခြင်း ဖြစ်သည်။ 

ကဏ္ဍပေါင်းစုံမှ အကြောင်းအရာ ပေါင်းစုံကို လူကြီးလူငယ်မရွေး စိတ်ပါဝင်စားစွာ ဆွေးနွေးနိုင်သော Barcamp ပွဲများကို ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် မန္တလေးမြို့နှင့် မတ်လ ၁ ရက် နေ့နှင့် ၂ ရက်နေ့များတွင် ပြည်မြို့တို့၌ ထပ်မံကျင်းပသွားမည် ဖြစ်သည်။

The Voice Weekly

RangonNewsDaily: February . 3 .2014
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ၁ ရက်နှင့်၂ ရက်နေ့များကMICT Parkတွင်ကျင်းပခဲ့သော (၅) ကြိမ်မြောက်
ဘားကမ့် (Barcamp Yangon) အခမ်းအနားသို့ တက်ရောက် ဆွေးနွေးသူပေါင်း ၄၀၀၀ ကျော် ရှိကြောင်း အခမ်းအနား ဦးဆောင် ကျင်းပသည့် အဖွဲ့အစည်းထံမှ သိရှိရသည်။ အဆိုပါ Barcamp Yangon အခမ်းအနားတွင် နည်းပညာ၊ ဖန်တီးမှု၊ စွန့်ဦးတီထွင်မှုနှင့် အထွေထွေ ကိစ္စရပ်
များကိုအဓိကထား ဆွေးနွေးခဲ့ကြပြီး ခေါင်းစဉ်ပေါင်း၁၅၀ခန့် ဆွေးနွေးခဲ့သည်ဟု Organizer Team မှ ဦးခိုင်
စိုးအောင်က ဆိုသည်။

အဆိုပါ အခမ်းအနားသို့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးနှင့် တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr.
PetterFurbergအစရှိသောနယ်ပယ်ပေါင်းစုံမှ ပညာရှင်များနှင့် တာဝန်ရှိသူများလည်း တက်ရောက် ဆွေးနွေး
ခဲ့ကြသည်။

“Barcamp က နိုင်ငံတကာ နည်းပညာ Developer တွေအတွက် သြဇာကြီးမားတဲ့ တွေ့ဆုံပွဲတစ်ခု ဖြစ်သလို
 မြန်မာ့ Digitalစီးပွားရေးကဏ္ဍတိုးတက်အောင် ဆောင်ရွက်နိုင်တဲ့ ကျွမ်းကျင်သူတွေ၊ တီထွင် ဖန်တီးသူတွေ
ကိုလည်း အောင်မြင်စွာ စုစည်းပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ 
 
အခုလို အရေးကြီးတဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ပွဲတစ်ခုမှာ ပါဝင်ခွင့်ရခဲ့တာကို စိတ်လှုပ်ရှားမိပါတယ်” ဟု တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr.PetterFurberg က ဆိုသည်။

ယခုကျင်းပခဲ့သော Barcamp Yangon ကိုဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောမြန်မာနှင့် ချင်းတွင်း ကောလိပ်တို့က အဓိက စပွန်ဆာအဖြစ် တာဝန်ယူ ပံ့ပိုးပေးခြင်း ဖြစ်သည်။

ကဏ္ဍပေါင်းစုံမှ အကြောင်းအရာ ပေါင်းစုံကို လူကြီးလူငယ်မရွေး စိတ်ပါဝင်စားစွာ ဆွေးနွေးနိုင်သော Barcamp ပွဲများကို ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် မန္တလေးမြို့နှင့် မတ်လ ၁ ရက် နေ့နှင့် ၂ ရက်နေ့များတွင် ပြည်မြို့တို့၌ ထပ်မံကျင်းပသွားမည် ဖြစ်သည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment