Pages

Monday, May 20, 2013

ပဒူတုပ်၍ သေဆုံးမှု ရှိလာသဖြင့် ဆေးဖျန်းရန် စည်ပင်အသင့်ရှိဟုဆို

ရန်ကုန်မြို့တွက် ငါးရက်အတွင်း ပဒူတုပ်၍ လူတစ်ဦးသေဆုံးပြီး လေးဦးဆေးရုံတင်ခဲ့ရပြီးနောက် ပဒူသတင်းရပါကပိုးသတ်ဆေးဖျန်း ရှင်းလင်းနိုင်ရန် အဆင်သင့်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ စီမံရေးရာဌာနမှ အရာရှိတစ်ဦးက ပြောသည်။ “အခုထိတော့ သက်ဆိုင်ရာ ဆေးရုံတွေက ကျွန်တော်တို့ဌာနကို ပဒူတုပ်လို့ သေဆုံးတယ်လို့ အကြောင်း
မကြားသေးပါဘူး။ အကြောင်းကြားလာရင်တော့ ကွင်း ဆင်းစစ်ဆေးပြီး အန္တရာယ် မရှိအောင် ရှင်းလင်းပေးသွားမှာပါ”ဟု အဆိုပါအရာရှိက ပြောသည်။

မေ ၁၃ ရက်က လမ်းမတော် မြို့နယ် မင်းရဲကျော်စွာလမ်းတွင် လမ်းလျှောက်နေသော လေဖြတ်ဝေဒနာရှင်တစ်ဦးပဒူတုပ်၍ ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးတွင် တက်ရောက်ကုသရာမှ သေဆုံးသွားပြီးပဒူများကိုဝိုင်းဝန်းခြောက်လှန့်ပေးသူနှစ်ဦးမှာလည်း အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့ရသည်။

ယင်းဖြစ်စဉ်ဖြစ်ပြီး ငါးရက်အကြာ မေလ ၁၇ ရက်တွင် သင်္ဃန်း ကျွန်းမြို့နယ်၌ အသက် (၁၀) နှစ်နှင့် (၂) နှစ်အရွယ်ကလေးငယ်နှစ်ဦး မှာ ၁၃ ရပ်ကွက်၊ ရေကန်ဘေးတွင် လမ်းလျှောက်နေစဉ် ရေကန်အနီး အမှိုက်ပုံမှ ပဒူများထွက်၍တုပ်သောကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။

ယင်းကလေးငယ် နှစ်ဦးအနက် (၁၀)နှစ်အရွယ် ကလေးငယ်မှာ ဆေးရုံမှဆင်းပြီဖြစ်သော်လည်း (၂)နှစ်အရွယ်ကလေးငယ်မှာ စိုးရိမ်ရသောအခြေအနေရှိ၍ စောင့် ကြည့်ကုသနေရကြောင်း သင်္ဃန်း ကျွန်းစံပြဆေးရုံမှ တာဝန်ကျဆရာမတစ်ဦးက မေ ၁၉ ရက် ညနေက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ အရာရှိတစ်ဦးက “ကျွန်တော်တို့ လက်ထက်မှာ ပဒူတုပ်လို့
အခုလိုအခြေအနေတွေ ဖြစ်တယ်လို့ တစ်ခါမှ မကြုံခဲ့ဖူးဘူး။ ရန်ကုန်လို နေရာမျိုးမှာ ဖြစ်နေတယ်ဆိုတော့ အံ့သြမိတယ်”ဟု ဆိုသည်။

ပဒူကဲ့သို့သော အင်းဆက်ပိုးများသည် သစ်ပင်အခေါင်းများ၊ တိုက်ကြိုတိုက်ကြားများနှင့် အမှိုက်ပုံများတွင်
အိမ်ဖွဲ့နေထိုင်ပေါက်ဖွားလေ့ရှိပြီး အကိုက်ခံရပါက အဖုအပိန့်များ ထွက်၍ ယားယံကာ ပရုပ်ဆီနှင့် မလူးမိစေရန်လိုအပ်ကြောင်း ပရုပ်နှင့် ထိတွေ့မှသာ အဆိပ်အ တောက်ဖြစ်၍ ကိုယ်ခန္ဓာတွင် အဆိပ်ပြန့်ပွားသွားပါက အသက်သေဆုံးသည်အထိ အန္တရာယ်ကြီးကြောင်း၊ သုတ်သင်ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်ပင်၍ အခြားနေရာများသို့ ပျံ့ နှံ့ မသွားစေရန် ၎င်းင်းတို့နေထိုင်ကျက် စားရာနေရာတစ်ဝိုက်ကိုတစ်ပြိုင်နက် ပိုးသတ်ဆေးဖျန်းရှင်းလင်းသင့်ကြောင်း မြင်းခြံခရိုင် တိမွေးကုမှ ဦးစီးအရာရှိ ဒေါက်တာသိန်းလွင် က
အကြံပြုသည်။

7Day News Journal , Rangonnewsdaily
RND:  :20.5.2013

0 comments:

Post a Comment