Pages

Monday, August 25, 2014

ပဲခူးမြို့မှ ရှေးဟောင်းခေါင်းလောင်း တူးဖော်မည်

RangonNewsDaily:: August . 24 .2014
ပဲခူးမြို့၊ ကသစ်မြောင်ချောင်းရိုးအတွင်း နစ်မြုပ်ခဲ့သည့် ရှေးဟောင်းခေါင်းလောင်းကိုအောက်တိုဘာတွင် တတိယအကြိမ်စစ်ဆေးကာ တူးဖော်ခြင်းပါ လုပ်ဆောင်တော့မည်ဟု ခေါင်းလောင်းတူးဖော်ခွင့်ရရှိထားသည့် တော်ဝင်ရဲထွဋ် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ကုမ္မဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲထွဋ်လင်း က မဇ္ဈိမကို ပြော သည်။
“အခုသီတင်းကျွတ်ဝါထွက်တာနဲ့ တစ်ပတ်အကြာမှာ ပြန်စမ်းသပ်မယ်။ ပြီးရင်တူးဖော်မှုတွေပါ ဆက်လုပ်သွားမှာပါ” ဟု ဦးရဲထွဋ်လင်းကဆိုသည်။

တတိယအကြိမ်စစ်ဆေးခြင်းကို အောက်တိုဘာအတွင်းပြုလုပ်ရခြင်းမှာ မီးဇိုင်း ဆရာတော်ဘုရားကြီး၏ လမ်းညွန်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု တူးဖော်ရေးအဖွဲ့မှ ဦးမောင်မောင်သက်စိုးက ပြောသည်။

အဆိုပါခေါင်းလောင်းသည် လွန်ခဲ့သည့်နှစ်ပေါင်း ၄ဝ ခန့်က မြေကြီးအောက်မှ တစ်ကြိမ်ထွက်ပေါ်ခဲ့ပြီး ခေတ်ကာလအခြေအနေကြောင့် ပတ်ဝန်းကျင်နေထိုင်သူများက တူးဖော်ခြင်းမပြုဘဲ မြေပြန်ဖို့ထားခဲ့သည်ကို မျက်မြင်တွေ့ရှိသူများပြောပြခြင်းကြောင့် ပြန်လည်တူးဖော်ခြင်းဖြစ်သည်ဟု ဦးမောင်မောင်သက်စိုးက ဆိုသည်။

မြေပုံအရ ရှေးဟောင်းခေါင်းလောင်းသည် မြေအောက်ဆယ်ပေခန့်တွင်ရှိပြီး ပေ ၂ဝ ဝန်းကျင်ခန့်မှန်းရသည်ဟု တိုင်းတာခဲ့သူ ဦးဇော်ဦးက ပြောသည်။ မြေအောက်အလွှာများကို လျှပ်စစ်လှိုင်းလွှတ်သည့် သတ္တုတူးဖော်စက် များဖြင့် စမ်းသပ်ခဲ့ပြီးနောက် မြေအောက်ဆယ်ပေခန့်တွင် ရှေးဟောင်းခေါင်းလောင်းနှင့်အတူရှေးဟောင်း ပစ္စည်းအချို့ကိုလည်း ထပ်မံတွေ့ရှိထားသည်ဟု ဆိုသည်။

ခေါင်းလောင်း တည်နေရာသိရှိရန် မြေအောက်အလွှာစမ်းသပ်မှုများကို၂ဝ၁၃ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ပထမအကြိမ်၊ မြေအောက် လျှပ်စစ်လှိုင်းလွှတ် သတ္တုရှာဖွေစက်များဖြင့် ဒီဇင်ဘာ ၂၃ ရက်က ဒုတိယအကြိမ် စမ်းသပ်ရှာဖွေခဲ့သည်။

ပဲခူးတိုင်းဝန်ကြီးချုပ်၏ခွင့်ပြုချက်ဖြင့် တူးဖော်ခြင်းဖြစ်ပြီး ရှေးဟောင်းအမွေအနှစ်ပစ္စည်းဖြစ်သည့်အတွက် ရရှိပါက အစိုးရထံ အပ်နှံသွားမည်ဖြစ်သည်။

Mizzima - 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment