Pages

Monday, August 25, 2014

အမြန်လမ်းမှ ခေါင်းလောင်းသံ


RangonNewsDaily:: August . 25 .2014
အမြန်လမ်းပေါ်တွင် ရက် ၃၀ အတွင်း ခရီးသည် ၂၉ ဦး သေဆုံးခဲ့ရပြီးနောက် နိုင်ငံတော်၏ အရေးကြီးဆုံး စီမံချက်တစ်ခုသဖွယ် ဒုတိယသမ္မတ ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ပေါ်ပေါက်ခဲ့ဖူးသည်။ ၂၀၁၄ ခုနှစ် ဧပြီ၁၂ ရက်နှင့် မေလ ၁၂ ရက်က တောင်ပြာတန်းနှင့် ရာဇာမင်းကား အမြန်လမ်းပေါ်၌ ကားမီးလောင်ခြင်းနှင့် ချောက်ထဲပြုတ်ကျခြင်းတို့ဖြစ်ပွားပြီး ခရီးသည် ၂၉ ဦး သေဆုံးခဲ့သည်။
ထိုအချိန်က နိုင်ငံတော် သမ္မတက ဒုတိယသမ္မတဦးဉာဏ်ထွန်း ဦးဆောင်သော စုံစမ်းစစ် ဆေးရေးအဖွဲ့ကို အရေးပေါ်ဖွဲ့စည်းခဲ့ပြီး အမြန်လမ်းတစ်လျှောက် စစ်ဆေးရေးလုပ်ငန်းများ အရှိန် မြှင့်ခဲ့သောကြောင့် ယာဉ်တိုက်မှု နှင့် လူသေဆုံး၊ ဒဏ်ရာရမှုများ လျော့ကျသွားခဲ့သည်။

သို့သော် ရာဇာမင်းကား ချောက်ထဲပြုတ်ကျပြီး ရက်ပေါင်း ၇၀ အကြာတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုကြောင့် အမြန်လမ်းမှမကြာခဏသွားလာ နေသူများ မျက်ခုံးမြင့်တက်သွားစေသည်။ ခေတ်မီကားများအသုံးပြု ပြီး ယာဉ်မယ်များ၏ဝန်ဆောင် မှုများကြောင့် ခရီးသည်များကြား နာမည်ကြီးသော ဂျေဂျေခရီးသည်တင်ကားတစ်စီး တိမ်း မှောက်မှုက အမြန်လမ်းအသုံးပြု သူများအား သတိပေးခေါင်းလောင်းထိုးသံသဖွယ်ဖြစ်ခဲ့သည်။

ခရီးသည် ၁၇ ဦး ဒဏ်ရာရခဲ့ သည့် ဂျေဂျေကားတိမ်းမှောက်မှုမှာ စစ်ဆေးရေးတာဝန်ယူထားသည့် သက်ဆိုင်ရာအစိုးရဌာန၏ တာဝန်ယူမှုလျော့နည်းခြင်းနှင့် နာမည်ကြီးယာဉ်လိုင်းဖြစ်သော် လည်း ကားဘီးပန်းများကုန် အောင်အသုံးပြုပြီး ကားဘီးမလဲ ဘဲ မိုင်ခွက်လည်းပျက်နေ၍ ဝေဖန်သူများခဲ့သည်။ ယခုဖြစ်ပွားသော ဂျေဂျေယာဉ်သာမက အခြားသောယာဉ်လိုင်းများတွင်လည်း ကား တာယာ ပန်းမရှိတော့သော်လည်း ဆက်လက်အသုံးပြုနေခြင်း၊ ခရီး သည်က မိုင်ခွက်ကြည့်ကာတိုင် မည်စိုး၍ မိုင်ခွက်ဖျက်ထားခြင်းတို့ ရှိနေသည်။

ဩဂုတ် ၂၁ ရက် နေ့လယ် က နေပြည်တော်မှ မန္တလေးသို့ ထွက်ခွာခဲ့သည့် ဂျေဂျေခရီးသည်တင်ကားမှာ မိုင်တိုင် ၂၂၁ အရောက်တွင်တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၁၇ ဦး ဒဏ်ရာရခဲ့ သည်။ ထို့အပြင် အဆိုပါကားသည်မဖြစ် မနေဖြတ်ရမည့် မိုင်တိုင် ၂၀၀ ရှိ နေပြည်တော်စစ်ဆေးရေးဂိတ်ကိုရှောင်၍ တားမြစ်ထားသည့် လမ်းသွယ်တစ်ခုမှဝင်ကာ အမြန် လမ်းပေါ်တက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက စစ်ဆေးပေါ် ပေါက်ခဲ့သည်။ ယင်းတားမြစ် လမ်းသည် နေပြည်တော် စစ်ဆေး ရေးဂိတ်မှ လှမ်းကြည့်လျှင် မြင် နေရသည့်နေရာတွင်ရှိနေသည်။ ကားမှောက်၍ စစ်ဆေးရေးဝင် တော့မှသာ ယင်းလမ်းကိုဖြတ် တက်လာမှန်း အမြန်လမ်းရဲတပ် ဖွဲ့ကသိခဲ့ခြင်းဖြစ်သည်။

နေပြည်တော်မှ မန္တလေးသို့ သွားသည့် ခရီးသည်တင်ကား အများစုမှာ စစ်ဆေးရေးဂိတ်ကို မဖြတ်ဘဲ ယင်းလမ်းမှသာ တက် လေ့ရှိကြောင်း နာမည်ကြီးခရီး သည်တင်ကားလိုင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ထို အချက်မှာ စစ်ဆေးရေးတာဝန်ရှိ သည့် ရဲတပ်ဖွဲ့၏ တာဝန်လစ် ဟင်းမှုကို ရှင်းရှင်းလင်းလင်းပေါ် လွင်စေသည်။ ယင်းလမ်းတစ် လျှောက်ရှိ ကျေးရွာများမှမန္တလေး သို့သွားမည့် ခရီးသည်များရလေ့ ရှိသောကြောင့် ကားသမားများက ဖြတ်ဝင်ကြခြင်းဖြစ်ပြီး ရန်ကုန်နှင့် နေပြည်တော်မှ လက်မှတ်ဝယ် ကာ မန္တလေးသို့သွားမည့် ခရီး သည်များမှာမူ ကား၏ ကြံ့ခိုင်မှု ကို တာဝန်ရှိသူများ၏ စစ်ဆေး ခြင်းမခံရဘဲ လက်ကျန် ၁၆၆ မိုင် ခန့်ကို အန္တရာယ်ကြီးစွာ သွားလာ နေရခြင်းဖြစ်သည်။

အဆိုးရွားဆုံးမှာမူ ခရီးသည် ပေါင်းများစွာ တင်ဆောင်လာပြီး မိုင်ပေါင်း ၃၆၆ မိုင်ကျော် ခရီးနှင် မည့်ကားမှာ တာယာအတွင်းပိုင်း စတီးကြိုးများပေါ်နေသည့် သက် တမ်းလွန်တာယာများ အသုံးပြု ထားခြင်းဖြစ်သည်။

‘‘ကားတာယာတွေက ရာဇာ မင်းကားထက်ဆိုးတယ်။ ယာဉ် လိုင်းပိုင်ရှင် အဲဒီလောက်တောင် တာဝန်မဲ့သလား။ အဝေးပြေး ကားဆယ်စီးမှာ ရှစ်စီးလောက်ရဲ့ တာယာတွေက ပန်းမရှိတော့ဘူး။ အခုလို မိုးရာသီလည်းရောက်ရော သွားရော။ အုံနာတွေရော ကား သမားတွေပါ လူ့အသက်ထက် တာယာကို ပိုနှမြောနေကြတာ’’ ဟု ယင်းကားနှင့်အတူပါလာခဲ့ သော်လည်း ဒဏ်ရာမရခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။

အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှု များမှာ ယာဉ်မောင်း၏ အားနည်း ချက်၊ ယာဉ်ကြံ့ခိုင်မှုနှင့် အမြန် လမ်း၏ နိုင်ငံတကာအဆင့်မမီမှု၊ ရာသီဥတုအခြေအနေဆိုးရွားမှု များကြောင့် အများဆုံးဖြစ်ပွားနေ ကြောင်း အမြန်လမ်းအင်ဂျင်နီ ယာမှူးက သုံးသပ်ထားသော် လည်း ဂျေဂျေကားတိမ်းမှောက် ခြင်း၏ နောက်ကွယ်တွင်မူ အား နည်းချက်များစွာရှိနေပါသည်။

‘‘နေပြည်တော်ကို ညဘက် ဂျေဂျေနဲ့သွားတော့ တစ်ခါခုံ နံပါတ်(၃)ရတယ်။ လမ်းမှာအရှိန် အရမ်းပြင်းလို့ မျက်လုံးဖွင့်ကြည့် တော့ မိုင်လစ်မှာ ဇီးရိုးပဲပြနေ တယ်။ စီးရတာရင်တမမပဲ’’ဟု ပြီးခဲ့သည့် တနင်္ဂနွေက ရန်ကုန်မှ နေပြည်တော်သို့သွားခဲ့သည့် ခရီး သည်တစ်ဦးက ပြောသည်။

‘‘နာမည်တစ်လုံးနဲ့လုပ်ခဲ့ကြ တာပဲ။ ဘယ်လောက်ပဲကောင်း အောင်လုပ်ခဲ့လုပ်ခဲ့ နတ်သုဓာထဲ မစင်တစ်စက်ကျသွားသလိုပဲ။ တစ်ယောက်မကောင်းတာနဲ့ အကုန်ဒုက္ခရောက်တော့မယ့် အခြေအနေ။ မတော်တဆဖြစ် တတ်ပေမယ့် ဒီလိုကိစ္စမျိုးက တော့ ကားသမားရဲ့အားနည်း ချက်ဆိုတာ ရှင်းပါတယ်။ ဒဏ် ရာရသူတွေအပြင် ကားပေါ်လိုက် လာတဲ့ ခရီးသည်တွေအားလုံးကို လည်း အဆင်ပြေအောင် ထောက်ပံ့ကူညီပေးသွားမှာပါ’’ ဟု ဂျေဂျေခရီးသည်တင်ယာဉ် လိုင်းပို့ဆောင်ရေးအကြံပေး ဦးမြင့်ဦးက ပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်တွင် ကံကောင်း၍ လူသေ ဆုံးမှုမဖြစ်ခဲ့သော်လည်း နိုင်ငံ တော်ပိုင်းမှ မည်သို့အရေးယူမည် ကို မသိရသေးသောကြောင့် လက်ရှိလုပ်ကိုင်နေသည့် ဝန်ထမ်း အများစုမှာ အလုပ်လက်မဲ့ဖြစ် မည်ကို စိုးရိမ်နေကြောင်းလည်း ၎င်းက ပြောသည်။

တောင်ပြာတန်းနှင့် ရာဇာ မင်းယာဉ်မတော်တဆမှုများဖြစ် ပွားပြီး ပေါ်ပေါက်လာသော အမြန်လမ်းရဲတပ်ဖွဲ့က စီမံချက် ချ၍ စစ်ဆေးရေးလုပ်ခဲ့သော် လည်း ယင်းမှာ အခိုက်အတန့် သာကြာခဲ့သည်။ အဓိကစစ်ဆေး ရေးဂိတ်များတွင်လည်း အသေ အချာစစ်ဆေးမှုမရှိတော့ကြောင်း အမြန်လမ်းကိုပုံမှန်အသုံးပြုသူ ခရီးသည်များက ပြောသည်။

‘‘တချို့ကားတွေ သတ်မှတ် မိုင်ထက်ပိုမောင်းတာ လူမသိ အောင် မိုင်နှုန်းပြတဲ့ မီးခွက်တွေ ကိုကြိုးဖြုတ်ထားတယ်။ ကားမှာ ကီလိုနှုန်းပြတဲ့ မိုင်လစ်ခွက်ရှိ တယ်။ အဲဒီခွက်မှာ အတက်အကျ မပြတော့အောင် ကြိုးဖြတ်ထား တာ။ အတံလေးက ဇီးရိုးမှာပဲပြ နေရော။ ကီလို ၆၀၊ ၈၀၊ ၁၀၀ စသဖြင့် လှုပ်ရှားမှုမရှိတော့ဘူး။ မောင်းနေရင်း အင်တာနက်သုံးတဲ့ ကားသမားတွေလည်းကြုံဖူး တယ်။ အဲဒါတွေက စစ်ဆေးရေး မလုပ်လို့ဆိုတာ သိသာတယ်’’ဟု ရန်ကုန်-နေပြည်တော်အသွား အပြန်လုပ်နေသည့် စိုက်ပျိုးရေး ဌာနမှ ဝန်ထမ်းတစ်ဦးက ပြော သည်။

‘‘ရာဇာမင်းဖြစ်ခါစလောက် ကပဲ ကားပေါ်မှာ ထိုင်ခုံခါးပတ် ပတ်ဖို့ သတိပေးသလို ရဲတွေက လည်း ကားပေါ်တက်ပြီးစစ်ဆေး တယ်။ အခုနောက်ပိုင်း အဲဒီလို စစ်တာမတွေ့ရတော့ဘူး။ လူ တိုင်းက အမြဲတမ်းသွားနေကြတာ မဟုတ်တော့ ကားစီးလေ့မရှိတဲ့ ခရီးသည်တွေအတွက် သတိပေး တာတော့ အမြဲလုပ်သင့်တယ်’’ဟု ဂျေဂျေခရီးသည်တင်ကားတွင် (၁)နှစ်စာ member ဝင်ထားသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဧပြီနှင့် မေလက တောင် ပြာတန်းနှင့် ရာဇာမင်းကား မှောက်ပြီးနောက် စစ်ဆေးရေး အထူးတင်းကျပ်လိုက်သောအခါ အမြန်လမ်းပေါ်ယာဉ်မတော် တဆမှုမှာ ထက်ဝက်နီးပါးလျော့ ကျခဲ့သည်။ ယခင်က လစဉ်ယာဉ် မတော်တဆမှုပျမ်းမျှအကြိမ် ၄၀ ခန့်ဖြစ်ခဲ့သော်လည်း ဇွန်လတွင် ၂၉ မှုနှင့် ဇူလိုင်လတွင် ၂၇ မှုဖြစ် ခဲ့သည်။ နှစ်လအတွင်း လူသေဆုံး သူ ကိုးဦး၊ ဒဏ်ရာရသူ ၆၈ ဦးသာ ရှိခဲ့၍ ယခင်လများနှင့် နှိုင်းယှဉ် လျှင် များစွာလျော့ကျသွားသည်။

သို့သော် စစ်ဆေးရေးအပိုင်း ကို တင်းတင်းကျပ်ကျပ်မလုပ် တော့သည့်နောက် ဩဂုတ် ၂၀ ရက်အထိ ယာဉ်မတော်တဆမှု ၁၇ မှု၊ သေဆုံးသူသုံးဦးနှင့် ဒဏ် ရာရသူဦးရေမှာ ၆၁ ဦးရှိနေပြီဖြစ် သည်။

၃၆၆ မိုင် ၃ ဖာလုံရှည်သည့် အမြန်လမ်းပေါ်တွင် မိမိတို့၏ ဆိုင်ရာအသက်မွေးမှုလုပ်ငန်း အရ နေ့စဉ်သွားလာနေသည့် ခရီး သည်ဦးရေ ၆၀,၀၀၀ နီးပါးရှိနေ ကြောင်း အမြန်လမ်းအင်ဂျင်နီ ယာဌာနမှ တွက်ချက်ထားသော ကိန်းဂဏန်းများအရ သိရသည်။ တစ်စီးလျှင် ပျမ်းမျှခရီးသည် ၃၅ ဦးခန့်စီးသော ခရီးသည်တင်ကား စီးရေ ၁,၀၀၀ ခန့်အပါအဝင် ဒိုင် နာကဲ့သို့ လူရော ကုန်ပါတင်သည့် ကား၊ အိမ်စီးကားများအပါအဝင် နေ့စဉ်ကားစီးရေ ၁၂,၀၀၀ ခန့် အမြန်လမ်းကို အသုံးပြုနေသည်။ ယင်းတို့၏ အသက်အန္တရာယ်လုံ ခြုံရေးမှာ သက်ဆိုင်ရာအစိုးရ ဌာနများနှင့် ယာဉ်ပိုင်ရှင်၊ ကား မောင်းသူတို့၏ တစ်ဦးချင်းတာဝန် ယူမှုအပေါ်တွင် မူတည်နေ ကြောင်း ၂၀၁၀ ပြည့်နှစ်က အမြန် လမ်းယာဉ်တိုက်မှုဖြစ်စဉ်တစ်ခု တွင် သားတစ်ဦးစွန့်လွတ်လိုက်ရ သူ သာကေတမြို့နယ်မှ အငြိမ်း စားကျောင်းဆရာကြီးတစ်ဦးက ပြောသည်။

အမြန်လမ်းပေါ်မှသာမက မည်သည့်နေရာတွင်မဆို ယာဉ် မတော်တဆမှုမှာ အချိန်မရွေးဖြစ် နိုင်ပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်လိုင်းအလုပ်သမားများတွင် တာဝန်ရှိသလို ခရီးသည်ကိုယ် တိုင်လည်း မိမိတို့၏ အသက် အန္တရာယ်လုံခြုံမှုအတွက် အမြဲ သတိရှိသင့်ကြောင်း အငြိမ်းစားရဲ အရာရှိကြီးတစ်ဦးက သတိပေး သည်။

‘‘ထောင်နဲ့သောင်းနဲ့ချီတဲ့ ကားတွေကိုလည်း တစ်စီးချင်း စစ်ဖို့မလွယ်ဘူး။ ခရီးသည်ရော ယာဉ်လိုင်းကပါ အားလုံးပူးပေါင်း ပါဝင်မှ အဆင်ပြေမယ်။ တချို့ ခရီးသည်တွေကိုယ်တိုင်က ကား ရပ်ပြီးစစ်တာကို မကြိုက်ဘူး’’ဟု ၎င်းက ပြောသည်။

လမ်းစတင်ဖွင့်လှစ်ချိန်မှ ယနေ့အချိန်ထိ အမြန်လမ်းပေါ် တွင် သေဆုံးသူဦးရေ လေးရာနီး ပါးနှင့် ဒဏ်ရာရသူ တစ်ထောင့် သုံးရာကျော်တွင် အစိုးရရုံးစိုက် ရာ နေပြည်တော်မှ အဆင့်မြင့်ဝန် ထမ်းအချို့နှင့် အထူးကုဆရာဝန် ကဲ့သို့ လူစွမ်းအားအရင်းအမြစ် ကောင်းများ၊ ကလေးငယ်များနှင့် ကျောင်းသား၊ ကျောင်းသူပါဝင် သည်။ အိမ်ထောင်ဦးစီး ယောက်ျားသားများ၊ ကလေး မိခင်များ အမြန်လမ်းပေါ်အသက် ဆုံးရှုံးခဲ့ရသည်။

စစ်အစိုးရခေါင်းဆောင်များ က မည်သည့်ရည်ရွယ်ချက်ဖြင့် နေပြည်တော်ကိုတည်ဆောက်ခဲ့ သည်ဖြစ်စေ ရွေးချယ်ခွင့်မရှိသည့် ပြည်သူလူထုကတော့ မိမိတို့၏ ဆိုင်ရာအသက်မွေးမှုလုပ်ငန်း များအတွက် အမြန်လမ်းကို အသုံးပြုနေရဦးမည်။ ယခင်စစ် အစိုးရအလိုကျနေထိုင်ခဲ့ရသည့် နိုင်ငံဝန်ထမ်းများကလည်း သီတင်း တစ်ပတ်လျှင်တစ်ကြိမ်မိသားစု ချင်း နီးကပ်နေစေရန် ယင်းလမ်း ကိုပင် မဖြစ်မနေဖြတ်သန်းနေရဦး မည်။

ဂျေဂျေအဆင့်မြင့်ယာဉ်လိုင်းမှယာဉ် တိမ်းမှောက်နေစဉ် (ဓာတ်ပုံ− Yangon-Mandalay Expressway FB)

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment