Pages

Monday, August 25, 2014

အူရီဒူးကုမ္ပဏီက ယခုကောက်ခံထားသည့် အင်တာနက်နှုန်းထားများအား ပြန်လည်လျှော့ ချကောက်ခံရန် စီစဉ်မည်

RangonNewsDaily:: August . 25 .2014
အူရီဒူးကုမ္ပဏီက ယခုကောက်ခံထားသည့် အင်တာနက်နှုန်းထားများကို ပြန်လည်လျှော့ချ ကောက်ခံနိုင်ရန်အတွက် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အူရီဒူးမြန်မာကုမ္ပဏီမှ သိရသည်။
အူရီဒူးကုမ္ပဏီမှ လက်ရှိတွင် ကောက်ခံထားသည့် အင်တာနက်နှုန်းထားများမှာ မြန်မာပြည်သူများအတွက် မြင့်မားသည့်နှုန်းထားများ ဖြစ်နေပြီး နိုင်ငံတကာတွင်ကောက်ခံသည့် နှုန်းထားများထက် အဆမတန်များနေသည့် အတွက်လည်း ဝေဖန်မှုများထွက် ပေါ်လာကြောင်း သိရသည်။

အဆိုပါအင်တာနက်နှုန်းထား မြင့်မားနေခြင်းနှင့်ပတ်သက်၍ အူရီဒူးမြန်မာဆက်သွယ်ရေး ကုမ္ပဏီသို့ မေးမြန်းရာတွင် “ အင်တာနက် Package ကိုပြောမယ်ဆိုရင် အဘက်ဘက်က လေ့လာပြီးတော့မှ ပြောမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ 
::
အခု ကျွန်တော်တို့က1MB ကို ၂၅ ကျပ်ကောက်တယ်။ 1GB ဆိုရင် ၁၂ဝဝဝ ကောက်တယ်။1GB မှာဆိုရင် 1024 MB ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ကFacebook အတွက် 20MB ကို အခမဲ့ပေးသုံး ထားတာတွေရှိတယ်။ 

ဒါတွေအကုန်လုံးခြုံပြီးတော့ ပြန်တွက်ကြည့်မယ်ဆိုရင်တော့1MB ကို ခုနစ်ကျပ်လောက်ပဲ ကျမယ်လို့ ထင်ပါတယ်။ အပြင်မှာ ဝေဖန်တာတွေနဲ့လည်း ပတ်သက်ပြီးတော့ ပြေလည်နိုင်အောင် ကျွန်တော်တို့ ပြန်ပြီးတော့ ဆောင်ရွက်မှာပါ။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ အင်တာနက်နှုန်းထားတွေကို လျှော့ချသွားဖို့ စီစဉ်မှာသွားမှာပါ” ဟု အူရီဒူးမြန်မာ ကုမ္ပဏီမှ အရောင်းဌာနဆိုင်ရာ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်၏ ပြောကြားချက်အရ သိရသည်။
::
အူရီဒူး၏ အင်တာနက်အသုံးပြုခ သတ်မှန်နှုန်းထားမှာ နေ့စဉ် 30Mb အသုံးပြု ခြင်းအတွက် တစ်ရက်လျှင် ကျပ် ၅ဝဝ ပေး ဆောင်ရပြီး၊ တစ်ပတ်လျှင် 200Mb အသုံးပြုခြင်းအတွက် ကျပ် ၃ဝဝဝ၊ တစ်လလျှင် 1GB အသုံးပြုခြင်းအတွက် ကျပ် ၁၂ဝဝဝ၊ 2GBအသုံးပြုခြင်းအတွက် ၁၉ဝဝဝ ကျပ်၊ B5GB အသုံးပြုခြင်းအတွက် ၄၅ဝဝဝ ကျပ် နှင့် 10GB အသုံးပြုခြင်း တို့အတွက် ၇၉ဝဝဝ ကျပ်တို့ကို ကောက်ခံမည်ဖြစ်ပြီး facebook ကို သတ်မှတ်ပမာဏ တစ်ခုအထိ အခမဲ့သုံးစွဲနိုင်မည့် ပရိုမိုရှင်းအစီစဉ်များ ပါဝင်သော်လည်း အင်တာနက်နှုန်းထားများမှာ မြင့်မားနေကြောင်းကို အိုင်တီပညာရှင်အချို့နှင့် စမ်းသပ်သုံးစွဲသူများက ဝေဖန်ပြောဆိုလျက်ရှိကြောင်း သိရသည်။

“အူရီဒူးက ငွေရေးကြေးရေးခိုင်မာတဲ့ ကုမ္ပဏီတစ်ခုပါ။ ပြီးတော့လည်း နိုင်ငံတကာမှာ ဆက်သွယ်ရေးနဲ့ပတ်သက်ပြီး အတွေ့အကြုံလည်းရှိတယ်။ ပြီးတော့ သူတို့မှာလည်း ပညာရှင်တွေရှိတယ်။ ဒါကြောင့်အခု ဖြစ်နေတဲ့ပြဿနာတွေ အမြန်ဆုံးပြေလည်အောင် ပြန်ပြီးတော့ ဖြေရှင်းပေးသွားမှာပါ” ဟုလည်း ၎င်း၏ပြောကြားချက်အရ သိရသည်။
::
Eleven Media ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment