Pages

Tuesday, December 30, 2014

ခိုင်သင်းကြည်က 'ပစ္စည်းသိင်္ခါရ လူသိင်္ခါရပါတဲ့'


RangonNewsDaily:: December . 30 .2014
၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုရရှိခဲ့တဲ့ ခိုင်သင်း ကြည်က အကယ်ဒမီပေးပွဲမှာ လက်ကောက်ပျောက်သွားခဲ့တာနဲ့ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရ အနုပညာရှင်များအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနားမှာ မေးမြန်းခဲ့ပါတယ်။
''ဒီနှစ် အကယ်ဒမီနေ့မှာ လက်ကောက်ပျောက်သွားတာ အမှတ်တရပေါ့။ ခုဆို တအားပျော်နေတယ်။ ခု ဆုကလည်း ပရိသတ်တွေပေးလို့ရတဲ့ဆုပါပဲ။ ခုလောလောဆယ်တော့ အကယ်ဒမီဆု ဒီကြယ် လေးကိုလှူဖို့အတွက်တော့ စဉ်းစားရပါဦးမယ်။ ကြယ်ကိုပဲ လှူမလား၊ သူနဲ့ညီမျှတဲ့ ငွေကြေးကိုပဲ လှူရမလား မပြောတတ် သေးဘူးပေါ့။ 

ခုလောလောဆယ်တော့ ရွှေလက်ကောက်လှူလိုက်ပါပြီ။ ကိုယ်က အရမ်းပျော်နေတဲ့အချိန်ဆိုတော့ ဒါက ဒီလိုပါပဲ။ ပစ္စည်းသိင်္ခါရပဲပေါ့။ ဒီလိုပါပဲ။ ရွှေနန်းတော်ကလည်း မခိုင်လေးကို ပြန်လျော်မပေးဖို့၊ ဒီပစ္စည်းကို ဂုဏ်ပြုဆု အနေနဲ့ပဲ သတ်မှတ်ထားပါလို့ပြောပါတယ်''ဟု မခိုင်လေးက ပြောသည်။

ပျောက်ဆုံးသွားသော ရွှေလက်ကောက်ဟာ ကာလတန်ဖိုး သိန်း ၃၀ ခန့်ရှိတယ်လို့ ခိုင်သင်းကြည်ကို အကယ်ဒမီပွဲတတ်ဖို့ လက်ဝတ်ရတနာ စပွန်ဆာပေးခဲ့တဲ့ ရွှေနန်းတော်စိန်ရွှေရတနာဆိုင်က ပြောပါတယ်။

နိုင်ငံတော်ကပေးတာမဟုတ်ဘဲ ရုပ်ရှင်အစည်းအရုံးက တတ်သိနားလည်တဲ့ လူကြီးတွေကပေးတာဖြစ်တဲ့အတွက် ပိုပြီး ဂုဏ်ယူဖြစ်ကြောင်းလည်း မခိုင် လေးက ပြောပါ တယ်။ အနုပညာသက်တမ်း (၂၀)ကျော်မှရတဲ့ အကယ်ဒမီအတွက် အရမ်းပျော်ရွှင်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

ဓါတ်ပုံ - ရွှေဖီး
News Watch Journal , KOLATT(PBDN)
RangonNewsDaily




3 comments:

Unknown said...

kyawzayming@gmail.com

Unknown said...
This comment has been removed by the author.
Unknown said...

မတွေ့ရတာ ပိုပိုလှလာသလို

Post a Comment