Pages

Tuesday, December 30, 2014

သုံးခွဘက်မှသန်လျင်ဘက်သွား မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့သဖြင့် (၁)ဦးသေဆုံး

RangonNewsDaily:: December . 30 .2014
၂၈.၁၂.၂၀၁၄ ရက်နေ့ ၁၃၅၀ အချိန်တွင် သန်လျင်မြို့နယ်၊ သုံးခွ-သန်လျင်လမ်းအတိုင်း သုံးခွ
ဘက်မှသန်လျင်ဘက်သို့ ရွှေပြည်သာမြို့နယ်နေ ယာဉ်မောင်း ကိုကျော်ဇင်လင်း၊ (၃၉)နှစ်မောင်းနှင်
လာသော ၂က/---- နစ်ဆန်း ဆာဖာရီကိုယ်ပိုင်ယာဉ်နှင့် မျက်နှာချင်းဆိုင်မှ သန်လျင်မြို့နယ်နေ ကိုတင်လင်းအောင်၊ (၃၅)နှစ်စီးနင်းမောင်းနှင်လာသော ၂၁ယ/---- ကန်ဘို-125 ဆိုင်ကယ်တို့မှာ သန်လျင်မြို့နယ်၊ ဘုရားကုန်းလမ်းဆုံအနီးကုန်းတက်တွင် ပွတ်တိုက်မိခဲ့ကြသည်။
ထိုသို့တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကိုတင်လင်းအောင်မှာ ၀ဲပါး၊ ၀ဲခြေသလုံးတို့တွင် ပွန်းပဲ့ စုတ်ပြဲဒဏ်ရာနှင့် ရင်ဘတ်ညိုမဲဒဏ်ရာများရရှိကာသေဆုံးသွားခဲ့သည်။
::
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ယာဉ်မောင်း ကိုကျော်ဇင်လင်းနှင့် ဆိုင်ကယ်မောင်းနှင်သူ ကိုတင်လင်းအောင်(သေဆုံး)တို့(၂)ဦးအား သန်လျင်မြို့မရဲစခန်း
ယာဉ်(ပ)၁၅၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment