Pages

Tuesday, December 30, 2014

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားပြီထင်ပြီး လက်ထဲက မိုက်ကိုမေ့ကာ စနောက်မိခဲ့ခြင်းဖြစ်ကြောင်း လူမင်းရှင်း


RangonNewsDaily:: December . 30 .2014
အကယ်ဒမီပေးပွဲပြီးချိန် တွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြီး သွားပြီဟုထင်ကာ လက်ထဲမှ မိုက်ကိုလည်း သတိမထားမိဘဲ စိတ်လွတ်လက်လွတ်နှင့် ပျော် စေပြက်စေသဘောဖြင့် ပြေတီဦး ကို စနောက်ခဲ့ခြင်းသာဖြစ် ကြောင်း လူမင်းက အကယ်ဒမီ ညတွင် တိုက်ရိုက်ရုပ်သံထုတ် လွှင့်မှုမှတစ်ဆင့် ဆဲဆိုသံ ပရိသတ်များ ကြားခဲ့ရခြင်းကို ပြန်လည် ရှင်းလင်းသည်။

‘‘အဲဒီအချိန်က တိုက်ရိုက် ထုတ်လွှင့်တာ ပြီးသွားပြီလို့ ထင် တာက တစ်ကြောင်း၊ နောက်တစ် ခုက လက်ထဲက မိုက်ကိုလည်း သတိမထားမိဘူး။ နောက်ပြီး ပွဲကြီး အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေတာ ပြီးသွားပြီဆိုတော့ စိတ်ကို လျော့လိုက်ပြီး ပြေတီဦး ကို ခါတိုင်းလည်း ညီအစ်ကိုတွေ လိုဆိုတော့ စလိုက်၊နောက်လိုက် တဲ့ သဘောပါ’’ဟု လူမင်းက ပြောသည်။

ယင်းကိစ္စကို ဖေ့စ်ဘွတ်ခ် တွင် ဝေဖန်မှုများရှိခဲ့သောကြောင့် ၎င်းအနေဖြင့် ဖေ့စ်ဘွတ်ခ်၌ လည်း အဖြစ်မှန်ကို ရှင်းပြထား ကြောင်း လူမင်းက ပြောသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ ပထမဆုံးအကြိမ် ကျင်းပ ခွင့်ရရှိသည့် ရုပ်ရှင်ထူးချွန်ဆုပေး ပွဲကြီးကို ဒီဇင်ဘာ ၂၇ ရက်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပွဲ အစီအစဉ်အပေါ် ချီးကျူးသူများ ရှိသကဲ့သို့ ဝေဖန်သူများလည်း ရှိခဲ့သည်။

အဓိကအားဖြင့် ယခုနှစ် ထူး ချွန်ဆုပေးပွဲတွင် အတတ်ပညာ ဆိုင်ရာ ဆုများမပေးအပ်ခဲ့သည့် အပေါ် ဝေဖန်မှုများခဲ့သည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ လူမင်းက ‘‘ဒီ ကိစ္စကို ရုပ်ရှင်အစည်းအရုံးက တာဝန်ယူပြီး လုပ်တာမဟုတ်ဘူး။ ဆုရွေးချယ်စိစစ်ရေး အဖွဲ့နှစ်ဖွဲ့ ဖွဲ့ပြီး နာယကကြီးတွေ ကိုယ်တိုင် ဆောင်ရွက်တာဆိုတော့ အဲဒီအ ပေါ်မှာ သုံးသပ်ပြောကြားလိုမှု မရှိပါဘူး’’ဟု ပြောသည်။

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
7Day Daily , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment