Pages

Tuesday, December 30, 2014

သရုပ်ဆောင်မင်းအုပ်စိုးထိုးနှက်သဖြင့် သေဆုံးသွားခဲ့သည့် မနုနုယဉ်သေဆုံးမှု အမှုမှန်ပေါ်ပေါက်စေလိုကြောင်း မိသားစုတောင်းဆို

သေဆုံးသူ မနုနုယဉ်၏ မိသားစု ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
RangonNewsDaily:: December . 30 .2014
မှုခင်းဆရာဝန်၏ ဆေး စစ်ချက်အဖြေများအရ သရုပ်ဆောင်မင်းအုပ်စိုးထိုးနှက်သဖြင့် သေဆုံးသွားခဲ့သည့် မနုနုယဉ်ရရှိ ခဲ့သော ဒဏ်ရာများမှာ ထိုးကြိတ် ရုံဖြင့် ရရှိနိုင်သည့် ဒဏ်ရာများ မဟုတ်ခြင်းကြောင့် အမှုကိုအမှန် အတိုင်းဖြစ်စေလိုကြောင်း မနုနု ယဉ်၏ မိသားစုဝင်များက သတင်း ထောက်များအား ပြောကြား သည်။

‘‘မှုခင်းဆရာဝန်တွေရဲ့ပြော စကားအရ ရင်ဘတ်က အရိုးတွေ အကုန်ကျိုးနေတယ်။ အသည်းတွေ၊ နှလုံးတွေ အကုန်ပွင့်ထွက်သွားတယ်။ အဆုတ်မှာ ညိုမည်းနေတယ်။ ခေါင်းရဲ့ ဘယ်ဘက်တစ်ခြမ်းလုံးက ညိုမည်းနေတယ်။ ညာဘက်မျက်လုံးက ချိုင့်နေ တယ်။ 

အဲဒါတွေကတော့မျက်မြင် ကိုယ်တွေ့တွေ့ခဲ့ရတာ။ ဆရာဝန် ပြောတဲ့စကားအရ လက်သီးနဲ့ ထိုး ရုံနဲ့တော့ ဒီလိုကျိုးကြေသွားတာ မဖြစ်နိုင်ဘူး’’ဟု မနုနုယဉ်၏ ဦး လေးဦးအောင်ကျော်ထွားကပြော သည်။ ထို့ကြောင့် မနုနုယဉ်သေဆုံး သည့်ကိစ္စကို အမှုမှန်အတိုင်းပေါ် ပေါက်စေလိုကြောင်း မိသားစုဝင် များက ဒီဇင်ဘာ ၂၈ရက်က ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

ခုတင်ပေါ်တွင် သေဆုံးနေ သည့် မနုနုယဉ်၏ ဓာတ်ပုံနှင့်ည အချိန် မင်းအုပ်စိုးနှင့် နှစ်ဦးတည်းရှိခဲ့သည်ဆိုသည့် ဖော်ပြမှုများသည် သေဆုံးသူ၏ ဂုဏ်သိက္ခာနှင့် မိသားစုများအပေါ် အထင်အမြင်လွဲမှားမှုများဖြစ်စေနိုင်သဖြင့် အမှန်တရား ပေါ်ပေါက်စေလိုကြောင်းမိသားစုက ပြောသည်။

‘‘ပွင့်ပွင့်လင်းလင်းနဲ့ မြင်မြင် သာသာဖြစ်အောင် အမှန်အတိုင်း ပဲဖြစ်ချင်ပါတယ်။ သေသွားတဲ့ ကလေးမလေးရဲ့ နာမည်ဆိုး လည်း မကျန်ခဲ့စေချင်ဘူး။ သူမ ဟုတ်တာလုပ်ခဲ့တာဆိုရင်လည်း အမှန်အတိုင်းလေးပဲ သွားစေချင် တာ။ သူ့ရဲ့နောက်ကြောင်းဖြောင့် ဖြောင့်ဖြူးဖြူးနဲ့ ဘ၀ကူးစေချင်ပါ တယ်’’ဟု ဦးအောင်ကျော်ထွားက ပြောသည်။

မင်းအုပ်စိုးထံတွင် မနုနုယဉ် အလုပ်လုပ်နေသည်မှာ ခြောက်နှစ်ခန့်ကြာမြင့်နေပြီး အလုပ်ကိစ္စများနှင့် ပတ်သက်၍ မိသားစုကို ဖွင့်ဟတိုင်ပင်ခြင်း မရှိသောကြောင့် မင်းအုပ်စိုးနှင့် မနုနုယဉ်၏ ဆက်ဆံရေးကိုမူ မသိရှိကြောင်းမိသားစုဝင်များကပြောသည်။

လွန်ခဲ့သည့် ငါးလခန့်က လည်း ယခုကဲ့သို့ ဖြစ်စဉ်မျိုးကြုံခဲ့ ဖူးသည့် အကြောင်းကို မနုနုယဉ် သေဆုံးပြီးချိန်မှသာ စင်ကာပူရှိ သေဆုံးသူ၏ သူငယ်ချင်းပြောပြ သောကြောင့် သိခဲ့ရကြောင်း မိ သားစုဝင်များကပြောသည်။
‘‘မိသားစု စိတ်ဆင်းရဲမှာစိုး လို့လား မသိဘူး။ သူ့သူဌေးက စိတ်ကြီးတယ်ဆိုတာတော့ ပြော ပြတယ်။ 

သူအနှိပ်စက်ခံရတာကို တစ်ခါမှမပြောဘူး။ အလုပ်ထွက် ဖို့ နှစ်ကြိမ်၊ သုံးကြိမ်လောက် တော့ဖြစ်ဖူးတယ်။ ဒါပေမဲ့ အလုပ် ကို သံယောဇဉ်ဖြစ်နေတော့ပြန် ခေါ်ရင် လုပ်ဖြစ်တာပဲ’’ဟု မနုနုယဉ်၏ အဒေါ်ဖြစ်သူက ပြောသည်။

မနုနုယဉ် သေဆုံးသည့်အ ကြောင်းကိုလည်း သေဆုံးပြီး ၁၀ နာရီခန့်ကြာ ဒီဇင်ဘာ ၂၅ ရက်နေ့လယ် ၁၂ နာရီမှသာ မိသားစုကို အကြောင်းကြားခဲ့ခြင်းဖြစ်ကာ မနုနုယဉ်၏ ဟန်းဖုန်းနှင့် ပိုက်ဆံအိတ်ကိုသာ ပြန်လည်ရရှိခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

‘‘ကိုမင်းအုပ်စိုး မိန်းမနဲ့မိန်း ကလေးသုံးလေးယောက် လောက်ပါတယ်။ ဒီတိုက်ခန်းကို သတင်းလာပေးတာ။ ၁၂နာရီ လောက်ဖြစ်နေပြီ။ မေးကြည့်တော့ အလောင်းကရေခဲတိုက်မှာ ရောက်နေပြီလို့ ပြောတယ်။ အဲဒီနေ့က လာပေးတာ မတေးနုယဉ်ရဲ့ ပိုက်ဆံအိတ်နဲ့ ဖုန်းပါတယ်။ဆွဲကြိုးမပါဘူး။ လက်စွပ်မပါဘူး။ အဲဒီနေ့ကတော့ သတိမရဘူး။ အဲဒီနေ့က ပိုက်ဆံငါးသိန်းလည်း ပေးတယ်။ အမှုအတွက်ပေါ့အောင် မဟုတ်ပါဘူး။ အဒေါ် ဆေးကုလို့ရအောင်လို့ တော့ပြောတယ်။ ပိုက်ဆံကို လက်မခံလိုက်ပါဘူး’’ဟု အဒေါ်ဖြစ်သူကပြောသည်။

အခင်းဖြစ်ပွားသည့်ညတွင် အတူရှိနေခဲ့သူများကို သက်ဆိုင် ရာက စစ်ဆေးသော်လည်း ၎င်းတို့ အားလုံးအိပ်ပျော်နေပြီး ယင်းကိစ္စ ကိုမသိရှိဟု ငြင်းဆိုထားသဖြင့် အမှုဖြစ်စဉ်ကို အမှန်အတိုင်း သိလိုကြောင်း မိသားစုက ပြောသည်။

ထို့အပြင် အခင်းစတင်ဖြစ် ပွားချိန်က သတင်းထွက်ပေါ်ခဲ့ သည့် မင်းအုပ်စိုးနှင့်မောင်နှမ၀မ်း ကွဲတော်စပ်သည်ဆိုသည့် သတင်းမှာလည်းမဟုတ်မှန်ကြောင်း မိသားစုဝင်များကရှင်းလင်း သည်။

မနုနုယဉ်သည် ၎င်း၏ ဖုန်းကို ကိုယ်တိုင်သာကိုင်လေ့ရှိသော် လည်း အခင်းဖြစ်ပွားသည့် ည ၁၀ နာရီခန့်က ၎င်းနေထိုင်ရာ ဗျိုင်းရေအိုးစင်လမ်းရှိအဆောင်မှ အခန်းဖော်မိန်းကလေးနှင့်၎င်း၏ မိခင်ဖြစ်သူတို့ခေါ်ဆိုသည့်အချိန် တွင် ကိုယ်တိုင်မကိုင်ဘဲအခြားသူ တစ်ယောက်ကကိုင်၍ မနုနုယဉ် မအားကြောင်းပြောကြားခဲ့သည် ဟု အနုနုယဉ်နှင့် အတူနေသည့် အခန်းဖော်သူငယ်ချင်းကပြော သည်။

‘‘မတေးက သူ့ဆီကိုဖုန်းခေါ် ရင် သူကိုယ်တိုင်ပဲကိုင်တယ်။ တကယ်လို့မကိုင်ဖြစ်ဘဲ မစ်ကော ၀င်ရင်အမြဲတမ်းပြန်ခေါ်တယ်။ အဲဒါကြောင့် ညီမလည်းသူပြန် ခေါ်မှာဆိုပြီးမေ့နေတာ။ အဲဒီနေ့ ညက ညီမလည်း ၂နာရီလောက်မှ အိပ်တာ’’ဟု မနုနုယဉ်၏ အခန်း ဖော်သူငယ်ချင်းက ပြောသည်။

ဒီဇင်ဘာ ၂၅ရက် နံနက် ၂ နာရီခွဲအချိန်တွင် ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းရှိ သရုပ်ဆောင်မင်း အုပ်စိုးနေအိမ်၌ အခင်းဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူ မတေးနုယဉ်(ခ)မနုနုယဉ်၏ ရင်ဘတ်၊မျက်နှာနှင့် ကျောဘက်တို့တွင် ထိုးကြိတ်မှုကြောင့် အညိုအမည်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရာ မင်းအုပ်စိုးကို လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် ဗဟန်းမြို့နယ် မြို့မရဲစခန်း တွင်အမှုဖွင့်အရေးယူထားသည်။

မင်းအုပ်စိုးကို ဒီဇင်ဘာ ၂၆ ရက်တွင် ဗဟန်းမြို့နယ်တရားရုံး ၌ ရုံးထုတ်ရမန်ယူခဲ့ပြီး ၂၀၁၅ ဇန်န၀ါရီ ၈ ရက်တွင် ရဲစစ်ချက်များပြီးပါက ထိုနေ့မှာပင် ရုံးထုတ်၍ တရားစွဲဆိုသွားမည်ဟု ဗဟန်းမြို့ နယ်တရားသူကြီးကပြောသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment