Pages

Tuesday, December 30, 2014

MRTV ရုပ်သံလိုင်းသစ်မှ ပရီမီယားလိဂ်ပွဲများ အခမဲ့ ထုတ်လွှင့်နိုင်ရန် စီစဉ်နေ


RangonNewsDaily:: December . 30 .2014
၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကစတင်၍ MRTV News နဲ့ MRTV Entertainment ရုပ်သံလိုင်း ၂ လိုင်း တိုးချဲ့ထုတ်လွှင့်ပါ့မည်ဖြစ်ရာ ဖျော်ဖြေရေးလိုင်းမှ အင်္ဂလိပ်ပရီးမီယားလိဂ်ဘောလုံးပွဲစဉ်များ အခမဲ့ထုတ်လွှင့်နိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
'MRTV Entertainment ကတော့ ဇန်န၀ါရီလကနေ ဇွန်လအထိ Soft Launch အဖြစ် စမ်းသပ်ထုတ်လွှင့်မှာ ဖြစ်ပြီး လာမယ့် ဇူလိုင်လမှာတော့ အင်ပြည့်အားပြည့် ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။

MRTV Entertainment ရုပ်သံလိုင်းမှာ ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး ဇာတ်လမ်းများ၊ တေးဂီတအစီအစဉ်များအပြင် ပရီးမီယားလိဂ်ဘောလုံးပွဲများကိုလည်း တစ်ပတ်လျှင် နှစ်ပွဲနှုန်း ပြသနိုင်ဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်နဲ့ စပိန်လာလီဂါပွဲ များကို လည်း ပြသနိုင်ဖို့ကြိုးစားဆောင်ရွက်နေပါတယ်။ မြန်မာဘောလုံးအသင်းရဲ့ ပြည်တွင်း၊ ပြည်ပ ပွဲများအပြင် မြန်မာ့အားကစားအဖွဲ့များရဲ့ ယှဉ်ပြိုင်မှုများကိုလည်း တင်ဆက်နိုင်အောင် ကြိုးစား ဆောင်ရွက်သွားပါ့မယ်။ 

ဒီရုပ်သံလိုင်းက အခမဲ့ ရုပ်သံလိုင်းဖြစ်ပြီး ပြည်သူ များရဲ့ ဘောလုံးပွဲကြည့်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ စတင်ကြိုးပမ်းဆောင်ရွက်တာ ဖြစ်ပါတယ်။”ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ၂၀၁၃ အောက်တိုဘာလကစတင်၍ DVB T2 ဒီဂျစ်တယ်စနစ်နဲ့ ရုပ်သံလိုင်းအသစ်များ စတင်ထုတ်လွှင့်ခဲ့ပြီး လက်ရှိတွင် MRTV ပင်မရုပ်သံလိုင်း၊ Myanmar International ၊ တိုင်းရင်းသားလူမျိုး များရုပ်သံလိုင်း၊ လွှတ်တော်ရုပ်သံလိုင်း၊ တောင်သူလယ်သမားရုပ်သံလိုင်းနဲ့ စာဖတ်သူ ရုပ်သံလိုင်းများကို တိုးချဲ့ထုတ်လွှင့်ပေးနေသည်။

MRTV Entertainment ကို DVB T 2 ဖမ်းစက်များ၊ DVB T 2 Tuner ပါသည့် TV များဖြင့်သာ ကြည့်ရှုနိုင်မည်ဖြစ်ကာ လက်ရှိတွင် DVB T2 စနစ်နဲ့ မြန်မာ့အသံလိုင်းများကို မြို့ကြီး ၂၅ မြို့တွင် ထုတ်လွှင့်ပြသလျက်ရှိကြောင်း သိရသည်။ ၂၀၁၄-၁၅ ခုနှစ်မှာ ၆၉ မြို့မှာ တိုးချဲ့ထုတ်လွှင့်နိုင်ရန် လိုအပ်သည့်စက်ကိရိယာများတပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
အစီအစဉ်အသေးစိတ်ကို MRTV က ဆက်လက်အသိပေးဖြစ်ကြောင်းလည်း သိရသည်။

News Watch Journal , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment