Pages

Tuesday, December 30, 2014

အကယ်ဒမီပေးသည့် ညတွင် ကိုယ့်ကိုယ်ကိုယ် ညံ့မှန်းသိခဲ့ဟု ပန်းချီစိုးမိုး ပြောကြား


RangonNewsDaily:: December . 30 .2014
အကယ်ဒမီနှစ်ဆု ရရှိခဲ့ ဖူးသော်လည်း “ကြယ်စင်မော်ကွန်း” ရုပ်ရှင် ဇာတ်ကားတွင် ဒါရိုက်တာ ဆုနှင့် လွဲခဲ့ သည့် ပန်းချီစိုးမိုးက မိမိတွင် အရည် အချင်း လိုအပ်နေသေး သည့်အပြင် ဒါရိုက်တာ သက်တမ်း ၄၈ နှစ် ကာလ အတွင်း၌ ကိုယ့် ကိုယ်ကိုယ် ညံ့မှန်း အကယ်ဒမီ ဆုပေးသည့် ည၌ပင် သိခဲ့ရ သည်ဟု ၎င်းကမဇ္ဈိမကို ပြောသည်။
“နံပါတ်တစ်ကတော့ ဆုံးဖြတ်တဲ့ အကယ်ဒမီဘုတ်နဲ့ ဆိုင်တယ်။ ဘုတ်မှာ ရွေးထားတဲ့လူရဲ့ အရည် အချင်း နဲ့ လည်း ဆိုင်တယ်။ နောက်ပြီး အရည်အချင်းရှိလည်း စိတ်ဓာတ်နဲ့ ဆိုင်တယ်။ အနုပညာကို အနုပညာ မျက်စိနဲ့ ကြည့်ဖို့ ကောင်းပါတယ်။ ဒီ“ကြယ်စင်မော်ကွန်း” ဇာတ်ကားသည် ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ အရင်တုန်း ကပြော လို့ ဆိုလို့တောင် မရဘူး။ ခုံတောင်ဖြည့်လို့ မရဘူးလို့ လူတွေပြော ကြတယ်။ ဗိုလ်ချုပ်ကားကို ဗိုလ်ချုပ် ပါဝင် တဲ့ သမိုင်းကို ရိုက်တဲ့ အခါမှာ ဒီကား သည်ပေါ်လစီကား မဟုတ်ဘူး။

တစ်ကားလုံး ကိုပြန်ကြည့်ပြီး ပေါ်လစီ ဇာတ်ကားလေး တွေတွေ့ရင် ဆွဲထုတ်ပေး ပါလို့ပြောချင်တယ်။ ဒါကိုပေါ် လစီလုပ် တယ်ဆို ပြီးတော့ တပ်မတော်ရဲ့ အမြင်ပေါ့လေ။ အနည်း အကျဉ်း အတိမ်း အစောင်း လုပ်တဲ့ သဘောလေ။ အဲဒါမျိုးတွေ အပြင်မှာ ကြားနေ ရတယ်။ အဲဒီအတွက် စိတ်မကောင်းဘူး။ ဦးစိုးမိုး အသက် ၂၃ နှစ်လောက်က ဒါရိုက်တာ စလုပ်တယ်။ အကယ်ဒမီ နှစ်ဆုရခဲ့တယ်။ အရည် အချင်း လိုတယ်လို့ ကိုယ့် ကိုယ်ကိုယ် သတ်မှတ် လိုက်တယ်။ ဆက် ကြိုးစားပြီးတော့ လုပ်ပါဦးမယ်လို့”ဟု ၎င်း ကပြောသည်။

ယင်းကားတွင် ဗိုလ်ချုပ်၏ လှုပ်ရှားမှု၊ အသံ စသည်တို့ကို ၇၅ ရာခိုင်နှုန်းခန့် တူစေရန် ရိုက်ကူး ထားသည့် အတွက် အကယ်ဒမီနှင့် လွဲမှားခြင်းသည် ဗိုလ်ချုပ်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်ဟု ၎င်းက ထပ်မံပြော သည်။
အကယ်ဒမီရရှိသည့် အနုပညာရှင် ခြောက်ဦးနှင့်ပတ်သက်၍ ဒါရိုက်တာ ပန်းချီစိုးမိုးက “အခုဆိုရင် ဒါရိုက် တာ ၀ိုင်း ရသွားတယ်။ ပြေတီဦး ရတာပဲဖြစ်ဖြစ်၊ မင်း ဦး ရတာ ပဲဖြစ်ဖြစ်၊ ၀တ်မှုံရွှေရည် ရတာ ပဲဖြစ်ဖြစ်၊ ခိုင်သင်း ကြည် ရတာပဲ ဖြစ်ဖြစ် အားလုံးကျေ နပ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်နဲ့ သူတို့ နဲ့လည်းဘာ မှပြဿနာ မရှိဘူး။ သရုပ်ဆောင် ပညာနဲ့ ပတ်သက်ပြီး သူတို့မြင်လို့ ပေးတာ ကိုလည်း စိတ်မ ဆိုးဘူး။ ပြီးခဲ့တဲ့ နှစ်က ၁၀ ဆုပေးရာမှာ တစ်ဆု ကျန်ခဲ့တာ။ ရုပ် ရှင်လောကမှာ ပူလောင် ပူလောင် ဖြစ်ခဲ့တယ်။

“ဒီနှစ်မှာတည်းဖြတ်ပေါ့။“ကြယ်စင်မော်ကွန်း” ကတည်းဖြတ်လည်းရှိတယ်။ဇော်မင်း (ဟံသာမြေ) ရဲ့တည်းဖြတ် လည်းရှိတယ်။ သူတို့တွေကို အရည် အချင်းမမီလို့ မပေးတာလား။ ဒါမှမဟုတ် တည်းဖြတ်ဆိုတာ ကိုနားမလည် လို့ မပေး တာလား ဆိုတာတော့ မသိဘူး။ နောက်တော့ ဓာတ်ပုံပေါ့။ ဒီလောက်ကောင်း တဲ့ခေတ်မှာ ဓာတ်ပုံ ကိုလည်း မပေးခဲ့ဘူး။ မပေးဘူးဆိုတော့ ဓာတ်ပုံကပဲ ညံ့နေလို့လား။ဒါမှမဟုတ် ဓာတ် ပုံအကြောင်း မသိလို့ လား။

ဒီကြယ်စင်မော် ကွန်းကားမှာ အသံလုပ်တာ သုံးလ ကြာတယ်။ အသံကြီးပဲ။သေနတ် သံတွေ၊ စကားပြောတဲ့ အသံတွေ၊ နောက်ခံ အသံတွေ အကုန် လုံးကိုကြိုး စားပြီးတော့ လုပ်ထား တယ်။ အသံအကြောင်းကို မသိလို့လား၊ နားမလည်လို့လား၊ မပေးချင်လို့ မပေးတာလား” ဟု ပန်းချီစိုးမိုး ကပြောသည်။

အဆိုပါဇာတ်ကားသည် တပ်မတော်ကား ဖြစ်ခြင်းကြောင့် အစိုးရက ယင်းဇာတ်ကားရိုက်ကူးရန် ကျခံသုံး စွဲကာ လက်နက် အစစ်များဖြင့် ရိုက်ကူး ခဲ့ခြင်းဖြစ်ပြီး ကုန်ကျစရိတ်သည် ငွေကျပ်သိန်း၂,၀၀၀ ကျော် ရှိခဲ့ သည်ဟု ၎င်းက ပြောသည်။

Mizzima , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment