Pages

Wednesday, December 31, 2014

ကန်တော်ကြီးပတ်လမ်းမှာ ကျက်စားနေတဲ့ မိန်းမလျာတွေကို ဖမ်းပြီ

Tuesday :- 30 : December :- 2014
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းမှာ ကျက်စားနေတဲ့ မိန်းမလျာ အယောက် ၃၀ ကို ဖမ်းဆီး လိုက်တယ်လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးဆီကနေ သိရှိပါတယ်။ ကန်ပတ်လမ်းမှာ မိန်းမလျာတွေ ဘယ်လို ပုံစံနဲ့ ကျက်စားနေတာလဲ။
ကန်ပတ်လမ်းမှာ အမျိုးသားတွေဆီကနေ ငွေနဲ့ အဖိုးတန် ပစ္စည်းတွေ ခိုးယူနေပြီး ညဥ့်နက်ချိန်မှာ ကျက်စားနေတဲ့ မိန်းမလျာများကို ဇန်နဝါရီလကနေ ဒီဇင်ဘာ ၂၉ ရက်နေ့အထိ ဖမ်းဆီးအရေးယူတာ အယောက် ၃၀ ရှိနေပြီလို့ အဲဒီရုံးကနေ သိရှိရပါတယ်။

မိန်းမလျာတွေဟာ မနက်တစ်နာရီ နောက်ပိုင်းဆိုရင် ကန်တော်ကြီးပတ်လမ်းမှာ သွားလာနေတဲ့ အမျိုးသားတွေကို မြူဆွယ် ပျော်ပါးပြီး တန်ဖိုးကြီး ပစ္စည်းတွေကို ခိုးယူတယ်လို့ မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။
::
“အခိုးခံရသူက မိန်းမလျာနဲ့ ပျော်ပါးတာကို မိသားစုဝင်တွေ သိမှာစိုးလို့ အမှုမဖွင့်ရဲပေမယ့် ရဲတပ်ဖွဲ့က မလိုလား အပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ထပ်မံမဖြစ်ရအောင် အသွင်ယူ ဖမ်းဆီးရေးတွေ ဆောက်ရွက်ခဲ့တာ” လို့ သူက ဆိုပါတယ်။
အခုနှစ်အတွင်း ကန်ပတ်လမ်း တစ်လျောက်မှာ မြို့နယ်ပေါင်းစုံက မိန်းမလျာတွေ လာရောက်ပြီးတော့ အခကြေးငွေနဲ့ လိင်ဝန်ဆောင်မှုတွေ လုပ်ကိုင်ကြတယ်လို့ အဲဒီရဲအရာရှိက ပြောပါတယ်။
::
မိန်းမလျာတစ်ဦးက အမျိုးသာနဲ့ ပျော်ပါးနေစဉ် တခြားမိန်းမလျာတွေက အဲဒီအမျိုးသားဆီကနေ ငွေနဲ့ ပစ္စည်းတွေကို ဝင်ရောက် ခိုးယူတယ်လို့ ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ အမျိုးသားတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့ သူကရှင်းပြပါတယ်။
ဖမ်းဆီးထားတဲ့ မိန်းမလျာတွေကို မှောင်ရိပ်ခိုမှုနဲ့ ဖမ်းဆီးထားတယ်လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရပါတယ်။
::
အဲဒီလို မိန်းမလျာတွေကို ဖမ်းဆီး အရေးယူတာတွေကြောင့် ကန်တော်ကြီး ပတ်လမ်းတစ်လျောက်မှာ မိန်းမလျာအဖွဲ့တွေ နိုဝင်ဘာလပိုင်းက စတင်ပြီး ပပျောက်သွားတယ်လို့ အဲဒီရဲတပ်ဖွဲ့မှူးရုံးကနေ သိရှိရပါတယ်။

The Voice ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment