Pages

Wednesday, December 31, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတင်းစာရှင်းလင်းပွဲကို ယနေ့ မနက်ပိုင်းကပြုလုပ်


RangonNewsDaily:: December . 30 .2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတင်းစာရှင်းလင်းပွဲကို ယနေ့ မနက် ၁၁နာရီ ခွဲမှာ ရွှေဂုံတိုင်ရှိ အန်အယ်ဒီရုံးချုပ်မှာကျင်းပခဲ့ပါတယ်။
"ပြည်သူတွေကို ဘယ်တုန်းကမှ မတည်နိုင်တဲ့ကတိတွေကို မဲရအောင်လို့ မပေးခဲ့ဘူး။"“ပဋိပက္ခဆိုတာနှစ်ဖက်နဲ
့ဆိုတဲ့ကိစ္စပေါ့။ တစ်ဖက်ကိုကြည့်ပြီးတော့ ဒီလိုနေ၊ ဟိုလိုနေ၊ ဟိုလိုလုပ်ဒီလိုလုပ်လို့ပြောလို့ဘယ်ဖြစ်မလဲ။

နံပါတ် ၁ ဘယ်လိုမှလွှဲရှောင်လို့မရတဲ့ကိစ္စကတော့ အမျိုးသမီးတစ်ယောက်က အသက်ဆုံးရှူံးသွားရပြီ။ လူတစ်ယောက်
ရဲ့အသက်ကတန်ဖိုးဖြတ်လို့ရတဲ့ဟာမဟုတ်ဘူး။ ဒီဟာနဲ့ ပတ်သတ်လို့ အာဏာပိုင်တွေအနေနဲ့ မှန်မှန်ကန်ကန်ထိ
ထိရောက်ရောက် အရေးယူဖို့ဟာလုပ်ကိုလုပ်ရမယ်။
::
နိုင်ငံသားများရဲ့အခွင့်အရေးကိုကာကွယ်သောအားဖြင့်ကို လုပ်ရမယ်။ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေရဲ့
 မေးခွန်းတွေကို တစ်နာရီနီးပါးပြန်လည် ဖြေကြားခဲ့တယ်။
::
၂၀၁၅ခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိုးရိမ် မူကတော့ ပြည်သူလူထုရွေးချယ်မူ မှားယွင်းမှာ ကိုစိုးရိမ်မိတယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

Kumudra  , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment