Pages

Wednesday, December 31, 2014

အရေးပေါ်လျှော၊ လေယာဉ်တံခါးတို့နှင့် ဆင်တူသည့် အရာဝတ­္ထုများကို အဲအေးရှားလေယာဉ် ရှာဖွေရေးလေယာဉ်က တွေ့ရှိ


RangonNewsDaily:: December . 30 .2014
ပျောက်ဆုံးနေသော အဲအေးရှားလေယာဉ်ကို ဝေဟင်မှ ရှာဖွေမှု လုပ်ငန်းစဉ်တွင် အရေးပေါ်လျှော၊ လေယာဉ်တံခါးနှင့် ဆင်တူသော အရာဝတ္ထုများကို ပင်လယ်တွင်း၌ တွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ 
အသက်ကယ်ဖောင်၊ အသက်ကယ် အင်္ကျီတို့နှင့် ဆင်တူသော အရာဝတ္ထုများနှင့် လိမ္မော်ရောင် ပြွန်ချောင်းအရှည်များကို တွေ့ခဲ့ရကြောင်း လေယာဉ်ပျောက် ရှာဖွေနေသော လေယာဉ်ခရီးစဉ်တွင် လိုက်ပါသွားသော အေအက်ဖ်ပီ ဓာတ်ပုံဆရာက ရိုက်ကူးခဲ့သည်။

“အရာဝတ္ထုကြီး ၁၀ ခုလောက် ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ ဓာတ်ပုံနဲ့ မရိုက်ကူးနိုင်တဲ့ အဖြူရောင် အရာဝတ္ထုလေးတွေလည်း ထပ်တွေ့ခဲ့ပါတယ်” ဟု အင်ဒိုနီးရှားလေတပ်မှ အာဂူဝီပူထရန်တိုက ပြောကြားခဲ့သည်။
::
“တွေ့တဲ့နေရာက လေယာဉ်ကို ရေဒါက နောက်ဆုံးဖမ်းမိတဲ့ နေရာနဲ့ ခြောက်မိုင်လောက်မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

လေယာဉ်တံခါး၊ အရေးပေါ်လျှောနှင့်တူသည့် အရာဝတ္ထုများ၊ သေတ္တာပုံသဏ္ဍာန် စတုရန်းပုံ အရာဝတ္ထုတစ်ခုတို့ကို ရိုက်ကူးထားသည့် ဓာတ်ပုံ ၁၀ ပုံကို ပူထရန်တိုက ပြောကြားခဲ့သည်။
::
အပျက်အစီးအပိုင်းအစတွေ နဲ့ ရေပေါ်မျောပါနေတဲ့ ရုပ်အလောင်းတချို့ကို အင်ဒို ကယ်ဆယ်ရေး
သမားတွေက ဆယ်ယူရရှိခဲ့ပြီး ဒါဟာ ပျောက်ဆုံး အဲအေးရှားလေ ယာဉ်မှ ဖြစ်တယ်လို့ ကယ်
ဆယ်ရေးအဖွဲ့ အကြီးအကဲ က အတည်ပြုပြောပါတယ်။
::
သည်သတင်းကြောင့် စောင့်ဆိုင်းနေတဲ့ ကျန်ရစ်သူမိသားစုတွေ အရုပ်ကြိုးပြတ်ဖြစ်ကာ ချုံးပွဲချ ငိုကြွေးနေကြတယ်လို့ သိရပါတယ်။ လေယာဉ်ကို တော့ အခုထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးသလို အသက်ရှင် ကျန်ရစ်သူ ရှိနိုင်ခြေ နဲ့ပတ်သက်ပြီးလည်း တစ်စုံတရာ ထုတ်ဖော် ပြောဆိုခြင်းမရှိသေး
ပါဘူး။

Kumudra , EMG ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment