Pages

Thursday, October 11, 2012

Miss Internet ဆု ရဖွယ်ရှိတဲ့ မြန်မာမယ် နန်းခင်ဇေယျာ


ဂျပန်နိုင်ငံအိုကီနာဝါကျွန်း နိုင်ငံတကာမယ်ပြိုင်ပွဲကြီးရဲ့အစိတ်အပိုင်းတခုဖြစ်တဲ့ Miss Internetဆုအတွက်
အွန်လိုင်းမှာ မဲပေးနေတာ နန်းခင်ဇေယျာက မဲအများဆုံး ရနေပါပြီ။Miss Internet ဆုအတွက် ပြိုင်ပွဲကော်
မတီရဲ့ flickr  စာမျက်နှာမှာ မဲပေးနေကြတာပါ။
လိပ်စာက - 
http://www.flickr.com/photos/64086169@N03/8062634660/in/set-72157631640709082

နန်းခင်ဇေယျာကို မဲပေးပုံ

၁။ နန်းခင်ဇေယျာရဲ့ ပုံအထက်မှာ Favourite ဆိုတာကို ကလစ်ပါ။ flickr မှာ ကိုယ့်အကောင့် ရှိတယ်၊
 sign in ထားတယ် ဆိုရင် သူ့ကို မဲပေးမှု ပြီးပါပြီ။

၂။ အကောင့် မရှိသေးဘူး ဆိုရင်တော့ ကလစ်လိုက်တာနဲ့ Facebookသို့မဟုတ် Gmail တို့ကတဆင့် ၀င်ရ
မယ့် စာမျက်နှာတခု ပေါ်လာပါမယ်။

Gmail ကနေ ၀င်မယ် ဆိုရင် login name, password တို့ကို ထုံးစံအတိုင်း ဖြည့်ရပါတယ်။ ဒါ့အပြင်  flickr
screen name ကို ထည့်ရပါမယ်။ ကိုယ့်နာမည်တခုခု ထည့်လိုက်ရုံပါပဲ။ မွေးနေ့လည်း တောင်းပါလိမ့်မယ်။

လောလောဆယ် မြန်မာက  ၅,၃၂၈ မဲ ရနေပါတယ်။

နိုင်ငံတကာပရိသတ်က ဒီပွဲကို အာရုံမစိုက်ကြဘူးလို့ ယူဆပါတယ်။ မဲပေးမှု အင်မတန် နည်းပါးနေပါတယ်။
ဒါကြောင့် နိုင်ငံအများအပြားက ပြိုင်ပွဲဝင်မယ်တွေဟာ မပြောပလောက်တဲ့မဲအရေအတွက်နဲ့ မြန်မာနောက်
က လိုက်နေတာ တွေ့ရမှာပါ။တချို့ ဆိုရင် ဘဲဥကွဲရုံတင်လေးပါပဲ။
ဒီအတိုင်း ဆက်ဖြစ်နေမယ် ဆိုရင်တော့ Miss Internet ဆုကို မြန်မာကိုယ်စားပြု နန်းခင်ဇေယျာ ရရှိမှာပါ။



Miss Chinese Taipei - ၁၀ မဲ





Miss Philippines ၃၄၈


Miss Japan ၁၂



Miss UK  ၃


Miss Malaysia ၉၇


Miss Srilanka ၁၅


Miss Italy ၇


Miss Canada ၂


Miss India ၁၀၁



Miss Thailand ၁၃၇


Miss Korea ၁၅



Miss Gabon ၂


Miss Haiti ၁၅၈


Miss France ၄၄


Miss Singapore ၁၃


Miss Germany ၂
ဧရာဝတီ

2 comments:

Unknown said...

It's sure you will be the winner

Unknown said...

အောင်မြင်ပါစေ။ မြန်မာမလေး ။

Post a Comment