Pages

Thursday, October 11, 2012

ဂျပန်နိုင်ငံ Jamvea use motor association မှ အဖွဲ့ဝင် ကားကုမ္ပဏီ ၁၈ ခု မြန်မာနိုင်ငံတွင် ကားဆက်စပ်ပစ္စည်းများ တင်သွင်းရန် လာရောက် ညီုနှိုင်း

ဂျပန်နိုင်ငံ Jamvea use motor association မှ အဖွဲ့ဝင် ကားကုမ္ပဏီ ၁၈ ခု မြန်မာနိုင်ငံသို့ လာရောက်၍ ပြည်
တွင်းရှိ ကားတင်သွင်းလျက်ရှိသော ကုမ္ပဏီများနှင့် တွေ့ဆုံပြီး ဂျပန်ကားများနှင့် ကားဆက်စပ်ပစ္စည်းများ တင်သွင်းရန်လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။အဆိုပါကုမ္ပဏီများထဲတွင်အချို့မှာ ပြည်တွင်းသို့ဆယ်နှစ်
ကျော်ကားတင်သွင်းနေသော ဖူဂျီရာမထရေးဒင်းနှင့်Yamagin Corporation ၊ Best Trading ကဲ့သို့ ကုမ္ပဏီများ
ပါဝင်ပြီး ဂျပန်ကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများ တွေ့ဆုံဆွေးနွေးမှုကို ပြည်တွင်းရှိ ဆာကူရာကုမ္ပဏီ၏ စီစဉ်မှုဖြင့် အောက်တိုဘာ ၁၀ ရက်တွင် ယုဇနဂါးဒင်းဟိုတယ်၌ ကျင်းပသည်။
ဂျန်ဗီယာအဖွဲ့မှာ မြန်မာနိုင်ငံသို့ ကားတင်သွင်းမှုကို ပိုမိုတိုးချဲ့လုပ်ကိုင်လိုပြီး ပြည်တွင်းရှိ ကားကုမ္ပဏီများ
အား အေးဂျင့်အဖြစ် ဆောင်ရွက်လိုသူများနှင့်လည်း လက်တွဲလုပ်ကိုင်ရန် ဆန္ဒရှိကြောင်း ယင်းအဖွဲ့မှ ဥက္ကဋ္ဌ
Nဖစ်သူ မစ္စတာဟာရိုရှီဆာတိုမှ ပြောကြားသည်။

နရိုရာကုမ္ပဏီမှ မစ္စတာအီတိုးစံကလည်း ဥရောပနှင့် ကိုရီးယားကုမ္ပဏီမှဇိမ်ခံကားများ မြန်မာနိုင်ငံသို့ ပထမ
ဆုံးအကြိမ်အဖြစ် တင်သွင်းနိုင်ရန် ရည်ရွယ်ထားပြီး ဖူကူရှီးမားကုမ္ပဏီကလည်း ပြည်တွင်းသို့ တင်သွင်းရန် ခက်ခဲနေသော ကားအပိုပစ္စည်းများကို တင်သွင်းရန် စီစဉ်နေသည်။

ယခု လာရောက်သော ဂျပန်နိုင်ငံမှ Jamvea အဖွဲ့မှာ ဂျပန်အစိုးရ၏ အသိမှတ်ပြုထားသောအဖွဲ့ဖြစ်ကြောင်း
မစ္စတာဟာရိုရှီဆာတိုက ပြောသည်။

မြန်မာနိုင်ငံတွင် ကားမူဝါဒသစ် ချမှတ်ခဲ့ပြီးနောက် ဂျပန်နှင့် နိုင်ငံတကာမှ ကားတင်သွင်းမှု များခဲ့ရာ ဂျပန်
အတွက် မြန်မာဈေးကွက်မှာ တတိယအများဆုံး အသုံးပြုပြီး တစ်ပတ်ရစ်ကားများ ၀ယ်ယူသော နိုင်ငံဖြစ်
သည်။ ရုရှားနှင့် ယူအေအီးမှာ ပထမနှင့် ဒုတိယအများဆုံးနိုင်ငံ ဖြစ်သည်။
 
 
7days News:

0 comments:

Post a Comment