Pages

Thursday, October 11, 2012

ဒိုင်းမွန်းစတားကုမ္ပဏီ ဂျုံအိတ်ကွန်တိန်နာအတွင်းမှ လက်နက်တွေ့ရှိသည့်ကိစ္စ အစီရင်ခံစာထွက်သော်လည်း မထုတ်ပြန်သေး

ရန်ကုန်၊ အောက်တိုဘာ- ၁၁

ဒိုင်းမွန်းစတားကုမ္ပဏီ ဂျုံအိတ်ကွန်တိန်နာအတွင်း လက်နက်တွေ့ရှိသည့်ကိစ္စ စစ်ဆေးသည့် စုံစမ်းစစ်ဆေး

ရေးအဖွဲ့ တွေ့ရှိချက် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့သို့ ပေးပို့လိုက်ပြီ
ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သော မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဒုတိယအထွေထွေမန်
နေဂျာ ဦးသက်ထွန်းက ပြောကြားသည်။အစီရင်ခံစာကို လျှို့ဝှက်ဖြင့် ပေးပို့ထားခြင်းဖြစ်ပြီး ကောက်နှုတ်ချက်နှင့် တွေ့ရှိချက်များကို တိုင်းဒေသကြီး
အစိုးရဘက်ကသာ ထုတ်ပြန်မည်ဖြစ်ပြီးဝန်ကြီးချုပ်ကသာဆုံးဖြတ်ချက်ချမှတ်မည်ဟုထင်ကြောင်း စုံစမ်းစစ်
ဆေးရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါကွန်တိန်နာ ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် သီလ၀ါဆိပ်ကမ်းရှိ X-ray စက်မှာ ပျက်နေသည်ကို စစ်
ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲမှူးကြီး၊ အထူးစုံစမ်းစစ်ဆေးရေး
ဦးစီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စသည့် အဖွဲ့အစည်းပေါင်းစုံမှ ပါဝင်ကြောင်း သတင်းရရှိသည်။

အစီရင်ခံစာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မိမိ
ထံသို့ အစီရင်ခံစာ ရောက်ရှိပြီးဖြစ်သော်လည်း ဖတ်ရှုရခြင်းမရှိသေးသဖြင့် မည်သည့်အချက်များ ပါဝင်သည်
ကို ပြောပြနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။

ဂျုံအိတ်များပါဝင်သော ကွန်တိန်နာသည် ယခုလ ၂၄ ရက်က သီလ၀ါဆိပ်ကမ်းမှတစ်ဆင့် ဒဂုံအရှေ့ပိုင်းမြို့
နယ် စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားစက်ရုံသို့ ရောက်ရှိပြီး ဖွင့်ဖောက်၍ သယ်ယူစဉ် သေနတ်နှင့် ကျည်ဆံများပါ
ဝင်သော အထုပ်ကို တွေ့ရသောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ဆိပ်ကမ်းသို့ ကွန်တိန်နာရောက်ရှိပါက အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွန်တိန်နာပါ ပစ္စည်း
များကို ဖွင့်ဖောက်၍လည်းကောင်း၊ စက်ဖြတ်၍လည်းကောင်း စစ်ဆေး၍ စစ်ဆေးပြီးပါမှ ဆိပ်ကမ်းမှ ထုတ်
ယူခွင့်ပြုကြောင်း သိရသည်။

ဂျုံအိတ်များကို မြန်မာနိုင်ငံမှ ဒိုင်းမွန်းစတားကုမ္ပဏီက ပါကစ္စတန်နိုင်ငံရှိ Hassan All Rice Export ကုမ္ပဏီက စင်ကာပူနိုင်ငံရှိ ကုမ္ပဏီမှတစ်ဆင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
 
 
7days News:

0 comments:

Post a Comment