Pages

Thursday, October 11, 2012

မြန်မာနိုင်ငံရှိ ရုပ်ရှင်ချစ် ပရိသတ်များအတွက် Mingalar Cinemas Android Application



မြန်မာနိုင်ငံရှိ ရုပ်ရှင်ချစ် ပရိသတ်များအတွက် Mingalar Cinemas Company Limited နှင့် Bagan Innovation Technology (BiT) တို့မှ မင်္ဂလာ Company ၏ ရုပ်ရှင်ရုံများတွင် လက်ရှိ ပြသလျက်ရှိသော ရုပ်ရှင်ကားများ၊ ထပ်မံပြသမည့် ရုပ်ရှင်ကားများ၏ အချက်အလက်များကို အလွယ်တကူ သိရှိနိုင်ရန် Mingalar Cinemas Mobile Application ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါသည်။
iPhone နှင့် Android ဖုန်းများအတွက် Mingalar Cinemas Mobile Application ကို ထုတ်လုပ်ထားခြင်းဖြစ်ပါ
သည်။

Download ပြုလုပ်လိုပါက http://www.bitmyanmar.com.mm/kanaung/mingalar သို့  သွားရောက် Download ပြုလုပ်နိုင်ပါသည်။ Download ပြုလုပ်ပြီး Notification Area မှ apk ကို မိမိတို့၏Android Device များသို့တိုက်ရိုက်
သွင်းနိုင်ပါသည်။

Mingalar Cinemas Android Application တွင် -
- ရုပ်ရှင်ရုံများ၏ တည်နေရာများကို မြေပုံများနှင့်တကွ ကြည့်ရှုနိုင်ခြင်း၊
- လက်ရှိပြသနေသော ရုပ်ရှင်ဇာတ်ကားများ၊ ထပ်မံပြသသွားမည့် ရုပ်ရှင်ဇာတ်ကားများကို သိရှိနိုင်ခြင်း၊
- ရုပ်ရှင်ပြသချိန်များကို သိရှိနိုင်ခြင်း၊
- ရုပ်ရှင်ရုံများ၏ တယ်လီဖုန်းနံပါတ်များ ပါရှိခြင်းကြောင့် Booking ကို လွယ်ကူစွာပြုလုပ်နိုင်ခြင်း၊
- ရုပ်ရှင်ဇာတ်ကား Trailer များကို ကြည့်ရှုနိုင်ခြင်း၊

အစရှိသည်တို့ကို English-Myanmar နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်အောင် ပြုလုပ်ပေးထားပါသည်။


Mingalar Android Application အားရယူရန်

လာရောက်လည်ပတ်ကြတဲ့သူငယ်ချင်းတွေအားလုံး တနေ့တာ အမောလေးတွေပြေကြပါစေဗျာ။။






0 comments:

Post a Comment