Pages

Thursday, October 11, 2012

ဖားကန့်ဒုက္ခသည်စခန်းများ ပိတ်သိမ်းကြပြီ


ဖားကန့်မြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများအားလုံးကို အောက်တိုဘာလ(၁၀)ရက်နေ့မှ စတင်ပိတ်လိုက်
ပြီ ဖြစ်ကြောင်း ဖားကန့်မြို့နယ်လူမှုကူညီရေးအသင်းများက သိရှိရသည်။ ဖားကန့်မြို့နယ်ရှိ ဒုက္ခသည်စခန်း
များတွင်ရှိသော စစ်ဘေးရှောင်ဒုက္ခသည်များအားလုံးကို ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်း၊ အ၀င်လုံးဝ လက်မ
ခံတော့ကြောင်းနှင့် ဖားကန့်နှစ်ခြင်းအသင်းတော်တွင်သာ ဒုက္ခသည်များ ကျန်ရှိတော့ခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်တွင် နယ်မြေပြန်လည်တည်ငြိမ်လာမှုနှင့်အတူ တောင်သူလယ်သမားများအတွက် လုပ်ကိုင် စားသောက်စရာများ ပြန်လည်ရှိလာသောကြောင့် ဒုက္ခသည်စခန်းများ ပိတ်သိမ်းရခြင်းဖြစ်ကြောင်း သိရှိရ
သည်။
ဆန်းကြွယ်ကယ်ဆယ်ရေးဘုန်းကြီကျောင်းမှဒုက္ခသည်(၅)ရာကျော်အားအာက်တိုဘာ(၈)ရက်နေ့တွင်၎င်း
တို့၏နေရပ်များ သို့ ပြန်လည်ခွင့်ပြုခဲ့ပြီး၊ မြို့ဦးစေတီကယ်ဆယ်ရေးကျောင်းမှ ဒုက္ခသည်(၇)ရာကျော်အား
အောက်တိုဘာ(၁၀)ရက်နေ့တွင် အပြီးပြန်လွှတ်ခဲ့ကြောင်း NLD ပါတီမှကယ်ဆယ်ရေးလုပ်ဆောင်နေသူတို့
က ဆိုသည်။
နယ်မြေကလည်း ပြန်ငြိမ်သွားပြီ၊ သူတို့ကိုခေါ်ထားတာလည်းတစ်လကျော်သွားပြီ၊၊ နေ့လည်ပိုင်းအပြင်မှာအ
လုပ်ထွက်လုပ် ၊ ညနေကြတော့စခန်းပြန်လာပြီး ထမင်းလာစားဆိုမဟုတ်သေးဘူးလေ၊ နောက်လုပ်ကိုင်စား
စရာတွေလည်း ရှိလာပြီလေ ဒါကြောင့်မို့ သူတို့ကို ပြန်လွှတ်တာပါ ဟု ဖားကန့်မြို့နယ် NLD ပါတီ ညီလာ
ခံကျင်းပရေး ကော်မရှင်ဥက္ကဌ ကိုမြင့်အောင်က ပြောသည်။
ထိုကဲ့သို့ ပြန်လတ်ရာတွင် ဒုက္ခသည်များအား ငွေကျပ်(၅)ထောင်နှင့်ဆန်(၂)ပြည်စီထည့် ပေးလိုက်ပြီိး နယ်
ဝေး ဒုက္ခသည်များကို ဒုက္ခသည်စခန်းများ၌မထားပဲဖားကန့်မြို့နယ်ရှိလူမနေသောအိမ်များတွင်ယာယီထားရှိ
ကြောင်း သိရသည်။

ဒုက္ခသည်တွေကို အကုန်ပြန်လွတ်တာပါ၊ အနီးအနားကသူတွေတော့ပိုက်ဆံငါးထောင်နဲ့ဆန်နှစ်ပြည်စီထည်
့ပေးလိုက်ပါတယ်၊ နယ်ဝေးတွေကတော့ လူမနေတဲ့ အိမ်တွေမှာခဏထားတယ်’’ဟု ဖားကန့်NLDပါတီကဦး
ဟန်မြင့်ကပြောသည်။
 
ဖားကန့်မြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် လူဦးရေ(၄)သောင်းကျော်ရှိသော်လည်း ဒုက္ခသည်စခန်းသို့ လာရောက်သော လူဦးရေမှာ(၁)သောင်းကျော်သာရောက်ရှိသည်ဟု သိရှိရသည်။
 ဒုက္ခသည်စခန်းများကို အများဆုံးလာရောက် ကူညီပေးသောလူမှုရေးအသင်းများမှာ ပါရမီလူမှုကူညီရေး အသင်း၊ ဂရုဏာလူမှုကူညီရေးအသင်း၊ မေတ္တာရှင်လူမှုကူညီရေးအသင်းနှင့်တာမခံ၊ဟောင်းပါး၊ ဆယ်ဇင်း
ရွာများက အဓိက လာရောက်ကူညီပေးကြောင်း ဒေသခံတို့က ဆိုသည်။
ယခုလက်ရှိ၌ ဖားကန့်မြို့နယ်တွင် ဒုက္ခသည်စခန်း(၃၀)ကျော်ရှိပြီး၊ လူဦးရေ (၁)သောင်းကျော် ရှိသည်။


မြစ်မခသတင်း

0 comments:

Post a Comment