Pages

Tuesday, June 2, 2015

သမဂ္ဂဂျာနယ်သတင်းထောက်ချုပ် မရွှေမှုန်ကိုပုဒ်မ ၁၉ ဖြင့်ကျောက်တံတား တရားရုံးသို့ တရားစွဲဆိုတင်ပို့


RangonNewsDaily:: June . 2 .2015
မြန်မာဂျာနယ်လစ်ကွန်ယက် (MJN) လုပ်ငန်းကော်မတီဝင်၊ သမဂ္ဂဂျာနယ် သတင်းထောက်ချုပ် မရွှေမှုန်ကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့်ကျောက်တံတားမြို့ နယ်တရားရုံးသို့ ဇွန် ၁ ရက်က တရားစွဲဆိုတင်ပို့လိုက်သည်ဟု ကျောက်တံတားမြို့ မရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောသည်။
၂၀၁၄၊ နိုဝင်ဘာ ၂ ရက်တွင် ကျရောက်သည့် International Day To End Impunity နေ့တွင် သတင်းသမားများကိုဖမ်းဆီး၊ ညှင်းပန်းထောင်ချနေမှု များကို ရပ်တန့်ပေးရန်အတွက် မြန်မာဂျာနယ်လစ်ကွန်ယက်နှင့် အရပ်ဖက် အဖွဲ့အစည်းအချို့တို့ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားပေါ်တွင် ဖယောင်းတိုင်ထွန်း၍ ဆုတောင်းပွဲပြုလုပ်ရာတွင် ပါဝင်ခဲ့သည့်အတွက် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။
-
အဆိုပါနိုဝင်ဘာ ၂ ရက်တွင်မြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်ရန်အ တွက် မရွှေမှုန်က၎င်းအမည်ဖြင့် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့သို့ခွင့်ပြု မိန့်တင်ခဲ့သော်လည်း ဆူးလေအနီးတစ်ဝိုက်တွင် လမ်းပိတ်မည်စိုးသဖြင့် ခွင့်ပြုခဲ့ခြင်းမရှိဘဲ ကျိုက်က္ကဆံဟစ်တိုင်၌သာပြုလုပ်ရန်အတွက် ပြောခဲ့သည်ကို ဆူးလေဘုရာပေါ်တွင် ဆုတောင်းပွဲပြုလုပ်ခဲ့သည့် အတွက်ပုဒ်မ ၁၉ ဖြင့်အ မှုဖွင့်ခံခဲ့ရသည်။
-
ကျောက်တံတားမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက " ဒီနေ့တရားရုံးကိုတရား စွဲဆိုတင်ပို့တာပါ၊ အမှုကိုနောက်ရုံးချိန်းမှပဲစစ်ဆေးသွားမှာပါ။ " ဟုပြော သည်။
တရားစွဲခံထားရသည့်မရွှေမှုန်က အမှုကို ၂၀၁၅ မေ ၁၆ ရက်တွင်မှကျောက် တံတားရဲစခန်းက ခေါ်ယူမေးမြန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့စာတင်ပို့ထားသည်ဟု ၎င်းကဆိုသည်။
-
အမှုကိုလာမည့်ဇွန် ၈ ရက်တွင်စစ်ဆေးရန်အတွက် ကျောက်တံတားမြို့နယ် တရားရုံးက ရုံးချိန်းထပ်မံချိန်းဆိုထားသည်။
Mizzima - News, 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment