Pages

Tuesday, June 2, 2015

မလေးရှားလေကြောင်း အလုပ်ပေါင်း ၆၀၀၀ လျှော့ချ


RangonNewsDaily:: June . 2 .2015
မလေးရှား လေကြောင်း ကုမ္ပဏီက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဆုံးဖြတ် ပြီးနောက် အလုပ် အခုပေါင်း ၆၀၀၀ ကို လျှော့ချဖို့ စီစဉ်နေပါတယ်။ကုမ္ပဏီက အရှုံးတွေနဲ့ ရင်ဆိုင်နေရလို့ အခုလို အလုပ်တွေ လျှော့ချ တာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အမှတ်တံဆိပ် အသစ်နဲ့ ပြန်လည် လှုပ်ရှားဖို့ ရှိတယ်လို့ အီးမေးလ်ကနေ မလေးရှား လေကြောင်း လိုင်း အကြီးအကဲက အသိပေးထားပါတယ်။
အလုပ်သမားပေါင်း နှစ်သောင်းထဲက တစ်သောင်းလေးထောင်လောက် ကိုတော့ ဆက်လက် အလုပ်အကိုင် ပေးထားဖို့ ရှိပါတယ်။
အမြတ်အစွန်းနည်းပြီး ခရီးရှည်သွားရတဲ့ ဥရောပလို ခရီးစဉ်ကို ပယ်ဖျက်ပြီး ဒေသတွင်းမှာပဲ ဦးစားပေး ပျံသန်းဖို့ စီစဉ်နေပါတယ်။
-
၂၀၁၄ ခုနှစ်တုန်းက မလေးရှား ခရီးသည်တင် လေယာဉ် နှစ်စင်း ပျက်ကျ ပျောက်ဆုံးပြီးတဲ့နောက် မလေးရှား လေကြောင်းလိုင်းရဲ့ ဂုဏ်သိက္ခာ ထိခိုက်နစ်နာမှုတွေ ဖြစ်ခဲ့ရပါတယ်။
-
၂၀၁၄ ခုနှစ် မတ်လ တုန်းက လူပေါင်း ၂၃၉ ယောက် တင်ဆောင်လာတဲ့ လေယာဉ် ပျောက်ဆုံးနေပြီး နောက်လေးလအကြာမှာတော့ ယူကရိန်းနိုင်ငံအပေါ် ပျံသန်းတဲ့ လေယာဉ်တစ်စင်း ပျက်ကျခဲ့ပါတယ်။
အဲဒီနောက် လေကြောင်းလိုင်း အရာရှိသစ် ကိုလည်း အလုပ်ခန့်လိုက်ပြီး အရာရှိသစ်ဖြစ်သူ Christoph Mueller က အခုလို အပြောင်းအလဲ လုပ်လိုက်တာ ဖြစ်ပါတယ်။
အရာရှိချုပ်ရဲ့ အဆိုအရ လေယာဉ် ပျက်ကျ ပျောက်ဆုံးမှုတွေ မဖြစ်ခင် ကတည်းက မလေးရှား လေကြောင်းလိုင်းရဲ့ စီးပွာရေး အခြေအနေက ကျဆင်းနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
-
၂၀၁၅ ခုနှစ်ကစပြီး လေကြောင်းလိုင်းမှာ အရှုံးတွေ မရှိအောင် ကြိုးစားပြီး ၂၀၁၇ ခုနှစ်မှာ အမြတ်တွေနဲ့ တိုးတက်မှု ရှိအောင် ပြန်လုပ်ဆောင်မယ်လို့ ပြောကြောင်းလည်း သိရပါတယ်။
ABC News, 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment