Pages

Monday, October 21, 2013

သိမ်ကြီးဈေး မီးလောင်မှု နှင့်ပတ်သတ်ပြီး မီးသတ်တပ်ဖွဲ့မှယူဆချက်


RangonNewsDaily:: October. 20 .2013 ရန်ကုန်မြို့၊ လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းနှင့် ၂၄လမ်းကြားရှိသိမ်ကြီးဈေး ဒီရုံ၊ လေးလွှာ ကားပါးကင်
ရှိ ကတ္ထူစက္ကူပုံးများထည့်ထားသော စတိုခန်းတစ်ခု မီးလောင်မှု ယနေ့ည ၉နာရီခန့်ကဖြစ်ပွားခဲ့သည်။ “မီးလောင်တာကတော့ ခန့်မှန်း ကိုးနာရီလောက်ကပါ။ လူလည်းမနေဘူး ဆိုတော့ ဘယ်ကနေစဖြစ်လဲ ဆို
တာ အဖြေရှာနေတုန်းပါ။

အထဲမှာတော့ ဘာမှ မရှိပါဘူး ကတ္ထူစက္ကူပုံးတွေပဲ ထည့်ထားတာပါ။အဆုံးအရှုံးရယ်လို့ ကြီးကြီးမားမား မရှိ
ပါဘူး။ ကတ္ထူပုံးတွေပဲ လောင်နေတာပါ”ဟု စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိ တစ်ဦးကပြောသည်။

အဆိုပါ အခန်းတွင် ဝါယာရှော့ဖြစ်ဖွယ်ရာရှိသော ဝါယာကြိုးများသွယ်တန်းထားမှုလည်း မတွေ့ရကြောင်း
 အဆိုပါ ကားပါကင်ရှိတာဝန်ရှိသူ တစ်ဦးက ပြောသည်။
::
“ကျွန်တော်တို့ ကြားတာကတော့ လမ်းကြားထဲကသူတွေပြောတာပဲ။မီးရှူး ဖောက်တဲ့ဟာက အဲဒီထဲ ဝင်
သွားပြီး လောင်တာလို့ ပြောနေကြတယ်”ဟု၂၄လမ်းထိပ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသူက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံးစမ်းစစ်ဆေးနေဆဲ ဖြစ်၍ အတည်မပြုနိုင်သေးကြောင်းလည်း
ရဲ
အရာရှိက မျက်နှာချင်းဆိုင်တိုက်ရှိ မိသားစုများကို မေးနေစဉ် ဖြေကြားသည်။
::
၎င်းသိမ်ကြီးဈေး မီးလောင်နေစဉ်အတွင်း ရွှေတောင်တန်းလမ်း အောက်ဘလောက်ရှိတိုက်အမှတ်၅၈တွင်
လည်း လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားခဲ့သေးသည်။

မြန်မာ့ခေတ် ::--kolatt(PBDN)
RangonNewsDaily


See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment

 
world time