Pages

Monday, October 21, 2013

အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားဝင်ရောက်တိုက်မိ

အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားဝင်ရောက်တိုက်မိ

နေပြည်တော်၊ အောက်တိုဘာ ၂၁

၂၀-၁၀-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၄/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ 

စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃/၆၈လမ်းနေ မယဉ်ယဉ်မြင့်(၃၁)နှစ် မောင်းနှင် လာသော ၉ဃ/xxxx အာအေဗွီ-၄ အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် မြေသားလမ်းပေါ်သို့ထိုးကျခဲ့ပြီး လမ်းဘေးရှိသစ်ပင်အားဝင်ရောက်တိုက်မိကာ တိမ်းမှောက်သွားခဲ့သည်။ 

ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်မောင်း မယဉ်ယဉ်မြင့်တွင် ယာဘက်နားထင်ပေါက်ပြဲ၊ ယာလက်မောင်းပွန်းပဲ့၊ ယာဘက်ဒူးပွန်းပဲ့ဒဏ်ရာနှင့် တစ်ရပ်တည်းနေ ဒေါ်သန်းစိန်(၆၃)နှစ်တွင် နဖူး/၀ဲလက်ဖမိုးပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး 

ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဝဲ/ယာတံခါးတွန့်ကြေ၊ တန်ဖိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မယဉ်ယဉ်မြင့် အား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

RangonNewsDaily:: October. 21 .2013 ၂၀-၁၀-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်
လမ်း၊ မိုင်တိုင်အမှတ်(၂၄၄/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်
လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃/၆၈လမ်းနေ မယဉ်ယဉ်မြင့်(၃၁)နှစ် မောင်းနှင်လာသော ၉ဃ/xxxx အာအေဗွီ-၄ အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်
ဘဲ လမ်းယာဘက် မြေသားလမ်းပေါ်သို့ထိုးကျခဲ့ပြီး လမ်းဘေးရှိသစ်ပင်အားဝင်ရောက်တိုက်မိကာ တိမ်း
မှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်မောင်း မယဉ်ယဉ်မြင့်တွင် ယာဘက်နားထင်ပေါက်ပြဲ၊ ယာလက်မောင်း
ပွန်းပဲ့၊ ယာဘက်ဒူးပွန်းပဲ့ဒဏ်ရာနှင့် တစ်ရပ်တည်းနေ ဒေါ်သန်းစိန်(၆၃)နှစ်တွင်နဖူး/၀ဲလက်ဖမိုးပွန်းပဲ့ဒဏ်
ရာများ အသီးသီးရရှိခဲ့ပြီး

ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဝဲ/ယာတံခါးတွန့်ကြေ၊ တန်ဖိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူမယဉ်ယဉ်မြင့်အား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃
၊ ပြစ်
မှုပုဒ်မ ၃၃၇ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment