Pages

Monday, September 24, 2012

ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့် ဂျပန် စက်ရုပ်ကျောင်းသား

 
လွန်လေပြီးသောဆယ်စုနှစ်များက သိပ္ပံစာရေးဆရာများက စိတ်ကူးယဉ် ဇာတ်လမ်းများ ရေးသားခဲ့ဖူးသည်။ သို့သော်သူတို့စိတ်ကူးယဉ်မှုများမှာအမှန်တကယ်ဖြစ်လာကြသည်ကိုတွေ့နေရသည်။ယခုလည်း ပညာရေး
တွင် စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ပုဒ်ကို ဖတ်ရပြန်ပါသည်။
များမကြာမီကာလတွင်ဂျပန်သုတေသီများကကျောင်းသင်ဘာသာရပ်မျိုးစုံကိုစာမေးပွဲဝင်ဖြေနိုင်မည့်စက်ရုပ်
နှင့်AIမှတ်ဥာဏ်ကိုတီထွင်လိုက်ပြီဖြစ်သည်။ဂျပန်နိုင်ငံ၏ထိပ်တန်းတက္ကသိုလ်ကြီးဝင်ခွင့် စာမေးပွဲကို
ကောင်းမွန်စွာ ဖြေဆိုနိုင်ရန် ယုံကြည်နေကြသည်။
 
၂၀၁၂ ခုနှစ် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်သို့ ၀င်ခွင့်စာမေးပွဲကို အမှတ်များများဖြင့် အောင်မြင်နိုင်စေရန် ဖူဂျစ်ဆုနှင့် ဂျပန် အမျိုးသား သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်က မျှော်လင့်ထားသည်။

စက်ရုပ်သည်မေးခွန်းများကိုစိစစ်တွက်ချက်ခြင်း၊သရုပ်ခွဲခြင်းတို့လုပ်ဆောင်ရန်မးခွန်းလွှာပါပုံသေနည်းများ
နှင့် ညီမျှခြင်းတို့ကို စက်ရုပ်ဘာသာစကား အက္ခရာသင်္ချာသို့ ပြောင်းလဲရမည် ဖြစ်ကြောင်းသိရသည်။လူသား
များနားလည်သည့်ဘာသာစကားကိုစက်ရုပ်အနေဖြင့်နားလည်ရန်အခက်အခဲတော့ ရှိနေသေးသည်။
 
မောက္ခသိပ္ပံနှင့် နည်းပညာသတင်း
AFP

0 comments:

Post a Comment