Pages

Monday, September 24, 2012

မြန်မာကျောင်းသားများကို ကင်းဘရစ်ခ်ျ တက္ကသိုလ် ပညာသင်ဆုပေးရန် စီစဉ်

 
ဗြိတိန်နိုင်ငံရှိကမ္ဘာ့ထိပ်တန်းအဆင့်ရှိကင်းဘရစ်ခ်ျတက္ကသိုလ်သည်လာမည့်နှစ်မှစ၍ မြန်မာကျောင်းသားများ
ကို ပညာသင်ဆု ပေးအပ်ရန် စီစဉ်နေကြောင်း ဗြိတိသျှသံရုံးမှ သတင်းရရှိသည်။
လာမည့်ပညာသင်နှစ်မှစတင်၍မြန်မာကျောင်းသားများမဟာဘွဲ့သင်တန်းတက်ရောက်နိုင်ရန်ပညာသင်ဆု
ရွေးချယ်ပေးအပ်ရန်စီစဉ်နေခြင်းဖြစ်ပြီးကျောင်းသားနှစ်ဦးကိုစိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကင်းဘရစ်ခ်ျတက္ကသိုလ်ကနေမြန်မာကျောင်းသားနှစ်ဦးကိုပညာသင်ဆုပေးဖို့သဘောတူထားတာရှိပါတယ်
ယ်။မြန်မာကျောင်းသားတွေအတွက်အခွင့်အလမ်းကောင်းတစ်ခုပါပဲဟုဗြိတိသျှသံရုံးမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
 
ပညာသင်ဆုအတွက်ခေါင်းဆောင်မှုစွမ်းရည်ရှိသူများကိုရွးချယ်သွားမည်ဖြစ်ပြီးကင်းဘရစ်ခ်ျတက္ကသိုလ်တွင်
 တစ်နှစ်ကြာမြင့်သည့် မဟာဘွဲ့သင်တန်းကို တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
 
မြန်မာနိုင်ငံတွင်နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီးနောက်ပြည်ပနိုင်ငံအစိုးရနှင့်ပညာရေးအဖွဲ့အစည်းများ
ကမြန်မာကျောင်းသားများအားပညာသင်ဆုအစီအစဉ်များဆောင်ရွက်ပေးရန် စိတ်ဝင်စားမှု မြင့်တက်နေ
သည်။
 
သို့သော်နိုင်ငံတကာတက္ကသိုလ်များတွင်ပညာသင်ဆုဖြင့်ပညာရပ်များလေ့လာသင်ယူနေသော မြန်မာကျောင်း
သား အရေအတွက်သည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ နည်းပါးနေသေးကြောင်း ပညာသင်ဆုဖြင့် ပြည်ပတက္ကသိုလ်များတွင် သွားရောက် ပညာဆည်းပူးခဲ့သူများက ဆိုသည်။
 
 
7Days News:

0 comments:

Post a Comment