Pages

Monday, September 24, 2012

မြစ်ကြီးနားမြို့အနီးတ၀ိုက်တွင် KIA မှ လူသစ်စုဖမ်းဆီးနေ

 
စက်တင်ဘာ၂၃ရက်နေ့ကမြစ်ကြီးနားမြို့မှ၁၀မိုင်ခန့်ဆွမ်ပရာဘွမ်သွားကားလမ်းဘေးရှိ ဒွန်ရန်ရွာတွင် ကေ
အိုင်အေမှ အတင်းအဓမ္မ လူသစ်စုဖမ်းဆီး သွားကြောင်း သိရပါတယ်။
ဖြစ်ပွားပုံကတော့ကေအိုင်အေ အင်အား ၅၀ လောက်ရှိတဲ့အဖွဲ့ဟာ ဒွန်ဂန်ရွာထဲကို ညသန်းခေါင်းအချိန်မှာ တစ်အိမ်ကို၃ယောက်စီဝင်ရှာပါတယ်။ယောကျာင်္းလေးတော်တော်များများကိုပါသွားပြီးစုစုပေါင်း၁၂ယောက်
ကိုKIAရင်း၁၁ရှိတဲ့ဘက်ကိုခေါ်သွားတယ်လို့ သိရပါတယ်။ သူတို့အရင် ကတည်းက စုံစမ်းထားတယ်လို့ထင် ပါတယ်။ 
 
ဘာကြောင့်လဲဆိုတော့သူတို့အဖွဲ့တွေတက်ရှာတဲ့အိမ်တွေကယောကျာင်္းလေး အရွယ်ရောက်ပြီးသား တွေ
ရှိတဲ့ အိမ်တွေပဲဖြစ်နေလို့ပါ။ 
 
အခုရွာမှာကျာ်းလေးမရှိသလောက်ကိုရှားနေပါပြီ။အရေးအကြောင်းတစ်စုံတစ်ရာပေါ်လာရင်တောင် အား
ကိုးအားထားရမယ့်ယောကျာ်းသားမရှိတော့ဘူး။အဆိုးဆုံးကတော့ကျောင်းတက်နေဆဲဖြစ်တဲ့ ကချင်ပြည်
နယ်ရဲ့အနာဂတ်ဖြစ်လာမယ့်ကျောင်းသားတွေပါသွားတာပါပဲလို့ဒွန်ဂန်ရွာမှ အဖွားအိုတစ်ဦးမှ ပြောကြားခဲ့
ပါတယ်။
 
ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment