Pages

Monday, September 24, 2012

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ(ယာယီ) ဖွဲ့စည်း

နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့အကျိုးကိုကူညီဆောင်ရွက်ပေးဖို့နဲ့မြန်မာနိုင်ငံရဲ့ အသွင်ကူပြောင်းရေး
ကာလမှာနိုင်ငံရေးအကျဉ်းသားတွေအနေနဲ့လူမှုရေးလုပ်ငန်းတွေလုပ်ဆောင်ပြီးတိုင်းပြည်တည်ဆောက်ရေး
မှာပါဝင်နိုင်ဖို့ရည်ရွယ်ပြီးနိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ(ယာယီ)ကို ဒီ
ကနေ့ မှာဖွဲ့စည်းလိုက်ပါတယ်။
ဒီကနေ့နေ့လည်ပိုင်းဗဟန်းမြို့နယ်၊ရွှေတိဂုံဘုရားအနီးကM3စားသောက်ဆိုင်မှာကျင်းပတဲ့ နိုင်ငံရေးအကျဉ်း
သားဟောင်းများအဖွဲ့ချုပဖြစ်မြောက်ရေးကော်မတီရဲ့အစည်းဝေးမှာ ကော်မတီဝင်(၁၅) ဦးပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ(ယာယီ) ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့အစည်းဝေးကို၈၈မျိုးဆက်ကျောင်းသားတွေ၊နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊အမျိုးသားဒီ
မိုကရေစီအဖွဲ့ချုပ်ကနိုင်ငံရေးအကျဉ်းသားဟောင်းတွေအပြင်၊GenerationWaveနဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း
သားသမဂ္ဂများအဖွဲ့ချုပ် တို့က နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါတက် ရောက်ခဲ့ကြပါတယ်။

RFA(Burmese)

0 comments:

Post a Comment