Pages

Monday, September 24, 2012

မိုဘိုင်းဖုန်းအသုံးပြုရာတွင် အနည်းဆုံးအနေဖြင့် 3G ကွန်ရက်ကိုသုံးနိုင်ရန် ဆောင်ရွက်မည်



ပြည်တွင်း၌ မိုဘိုင်းဖုန်းများ အသုံးပြုရာတွင် အနည်းဆုံးအားဖြင့်3G ကွန်ရက်ကိုအသုံးပြုနိုင်ရန် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး၊ ဆက်သွယ်ရေး၊ စာ
တိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးသောင်းတင်ကပြောသည်။


3G ကွန်ရက်အဖြစ် Voice နှင့် Data တစ်ပါတည်းအသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့
အသုံးပြုရာတွင် မြို့ပြဒေသတွင်မကဘဲ ကျေးလက်ဒေသများတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိမိုဘိုင်းဖုန်းကဏ္ဍ ဆောင်ရွက်ရန်အတွက်ပုဂ္ဂလိကပိုင်းလာရောက်ကမ်းလှမ်းမှုတွင် 2G စနစ်ကိုသာအ
သုံးပြုသင့်သည်ဟု အကြံပေးသည့် ကုမ္ပဏီများရှိကြောင်းနယ်ဒေသများ၏ မိုဘိုင်းဖုန်းအသုံးပြုမှုတွင်2G ကွန်
ရက်သာ အသုံးပြုသင့်သည်ဟု အကြံပေးကြခြင်းဖြစ်ကြောင်း၊ သို့ သော်လည်း အနာဂတ်နည်းပညာဆိုင်ရာ ကဏ္ဍများတွင် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် 3G စနစ်ဖြင့်သာ သွားမည်ဖြစ်ကြောင်း သိရသည်။

“တယ်လီဖုန်းလို့ပြောရင် 2G ကို တော်တ်ာများများ ပြောကြတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် အခုထိ 2G နဲ့ပဲသွား
နေကြတယ်။ 2G ကVoiceအတွက်အဆင်ပြေတယ်။ဒါပေမယ့်လက်ရှိနိုင်ငံတော်တော်များများက 2G ကိုဖြုတ်
နေကြပြီ။ 3G ကို အနည်းဆုံးသွားပြီး 4G ကိုဦးတည်နေကြတယ်။

တစ်ခုရှိတာက 4G Standard က အားလုံးသဘောတူလက်ခံတဲ့ Standard ဖြစ်မလာသေးဘူး။ 4G ကိုသွားတဲ့
အခါမှာ ကိုယ်က ဒီစနစ်ကို သွားလိုက်တယ်။ ပြီးတော့မှ International Standard မဖြစ်လာရင် တစ်ကပြန်စရ
မှာမျိုးရှိတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး ဆက်သွယ်ရေး၊ စာတိုက်
နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးသောင်းတင်ကပြောသည်။

 ပြည်တွင်း၌ 3G ကွန်ရက်ကို ကျေးလက်နှင့်မြို့ပြအားလုံးတွင်အသုံးပြုနိုင်မည်ဖြစ်ကြောင်းလက်ရှိဆက်သွယ်
ရေးကဏ္ဍဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေပြီး၎င်းအထဲတွင်တစ်ခုအပါအ၀င်အနေဖြင့် ဆောင်
ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း
Internet Journal

0 comments:

Post a Comment