Pages

Monday, September 24, 2012

ရခိုင်ပြည်နယ် မင်းပြား အိုးပျဉ်တောင်ရွာ မတည်ငြိမ်မူ စစ်တပ်က လာရောက် ထိန်းသိမ်း


ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းတွင် တည်ရှိသော အိုးပျဉ်တောင်ရွာသို့ နွားသူခိုး အုပ်
စု တစ်ခုမှ နွားခိုရန် ၀င်ရောက်လာမူကြောင့် အဆိုပါ ကျေးရွာနှင့် အနီးတ၀ိုက် ကျေးရွာများတွင် မတည်ငြိမ်
မူများ ဖြစ်ကာ အခြေအနေကို စစ်တပ်က လာရောက် ထိန်းသိမ်းခဲ့ရသည်ဟု သတင်း  ရရှိသည်။


“ ဖြစ်တာက နွားခိုးတဲ့ အုပ်စု တစ်စုက အိုးပျဉ်တောင် ရွာဘက်ကို ၀င်လာတော့ ကျေးရွာသားတွေက အနီး
အနား ရွာတွေကို အကြောင်းကြား၊ ပန်းမြောင်းမှာရှိတဲ့ တပ်နဲ့  ရဲကို အကြောင်းကြား- အဲသလို အကြောင်း
ကြား ရာကနေ ရုတ်ရုတ်သဲသဲ ဖြစ်ပြီး သတင်းက အမျိုးမျိုး ပြန့်သွားတာ ဖြစ်ပါတယ်” ဟု ပန်းမြောင်းကျေး
ရွာမှ ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

စစ်တပ် ရောက်ရှိလာပြီးနောက်တွင် အခြေအနေမှာ တည်ငြိမ်သွားပြီး တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းသူက ပြောကြားသည်။

ညနေပိုင်းမှာ ဖြစ်တယ်လို့ ပြောပါတယ်။  နွားခိုးဖို့ ၀င်လာတဲ့သူတွေက လက်မချေ ဘင်္ဂလီရွာဘက်က လာ
တယ်လို့ ပြောပါတယ်။စစ်တပ်ကရောက်လာတော့ ပြန်ထွက်ပြေးသွားတယ်လို့ ပြောပါတယ်ဟုပန်းမြောင်း
ဒေသခံက ပြောသည်။အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့ပေါ်မှ စစ်တပ်နှင့် နီးစပ်သူ တစ်ဦးကို မေး
ကြည့်ရာ သူက ယခုလို ပြောသည်။

“ ဘာမှ မဖြစ်ပါဘူး။ စစ်တပ်ရောက်သွားတဲ့ အချိန်မှာ အကုန်လုံး  အေးအေးဆေးဆေး ဖြစ်သွားပါတယ်။ ရွှေ
တမာတောင်တန်းတွေဘက်ကနေ ဘင်္ဂလီ ၁၀ ဦးခန့် ၀င်လာတယ်လို့ သတင်းရတဲ့အတွက် သတင်းတွေအ
မျိုးမျိုး ပျံ့သွားတာ ဖြစ်ပါတယ်။ ဘာမှ ပြဿနာ ဖြစ်တာ မရှိပါဘူး” ဟု ဆိုသည်။

ထိုကဲ့သို့ ရခိုင်ရွာကို ဘင်္ဂလီ ရွာသားများ ၀င်ရောက်တိုက်ခိုက်မူကြောင့်  ရခိုင်များ အသေအပျောက်ရှိနေပြီ
ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့သွားခဲ့ သဖြင့် မင်းပြားမြို့ အပါအ၀င် ကျေးရွာ တချို့တွင် တပ်ကူ လိုက်ရန်လူ
စုဆောင်းမူများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။


Narinjara Media:

0 comments:

Post a Comment